ဒီတစ်ခေါက်မေးခွန်းလေးကလည်း လွယ်လွယ်လေးပါ။
အချစ်ဆိုတဲ့အရာဟာ ကိုယ့်ရင်ထဲမှာ အရင်ကတည်းက ရှိနေတဲ့ အရာလား....?
ဒါမှမဟုတ်
လူတစ်ယောက်ကို တွေ့တော့မှ ပေါက်ဖွားရှင်သန်လာတဲ့ အရာလား......?
ဒါမှမဟုတ်
သူ့ကြောင့် အချစ်ဆိုတဲ့ အရာကို ခံစားနားလည်မိလာတာလား.......?
သူကြောင့် အချစ်ဆိုတာ ဖြစ်လာတာလား......?
ဖျောက်ထားမည့်စာ
အဖြူရောင် ညီမလေး
Nov 8, 2009
ဖြေကြည့်ပါ(၂)
7:45 AM
22 အမှတ်တရပြောသွားတာ:
1. အရင်ကတည်းက ရှိနေတာမဟုတ်ဘူး
2. ဟုတ်တယ် တွေ့မှ ပေါက်ဖွားလာတာ
3. ဟုတ်ပါ့ သူ့ကြောင့်အချစ်ဆိုတာနားလည်လာတာ
4. ဟုတ်တယ် သူ့ကြောင့်အချစ်ဆိုတာဖြစ်လာတာ
ဖြူလေးရေ ဖြေသွားတယ် နော်.. လာလည်တဲ့အတွက်ကျေး ဇူးပါ .. ဒါပေမယ့် အချစ်က လောလောဆယ်တော့  မချစ်တာကပိုကောင်းတယ် လို့ထင်တယ် သိလား..
ကျွန်တော်က အချစ်ဆိုတာကိုကြောက်လို့ လောလောဆယ် ရှောင်နေတာ။ ရင်ထဲမှာရှိတဲ့အတိုင်း ဖြေကြည့်မယ်နော် .....
၁။ အရင်ကတည်းကရှိနေတာက မနက်ရှိုင်းဘူး ....
သူ့နဲ့တွေ့မှ နက်ရှိုင်းလာတာ .....
၂။ တစ်စုံတစ်ယောက်သောသူနဲ့တွေ့တော့မှ .....
တစ်ကယ်ကို ပေါက်ဖွားလာတာ ..
၃။ အေပေါ့ အဲ့လိုပဲပြောရတော့မှာပေါ့ .......
၎။ သူ့ကြောင့်ပဲ ဖြစ်လာရတာပေါ့ .......
လာလည်ပြီးတော့ ဖြေကြည့်သွားပါတယ်။
လောလောဆယ်တော့ အချစ်ကိုဝေးဝေးကရှောင်နေတယ်။
တစ်ခါခံထားရလို့ပေါ့ ...........
၁။ အချစ်ဆိုတဲ့အရာတွေဟာ ကိုယ့်ရင်ထဲမှာတော့ အရင်ကတည်းကရှိပြီးသား အရာတွေပါ....
၂။ အဲဒီရှိပြီးသား အချစ် တွေဟာ..သူနဲသက်ဆိုင်တဲ့သူနဲ တွေ့တဲ့အခါမှ. ရှင်သန်ပေါက်ဖွားလာတက်ကြပါတယ်..
၃။ သူကြောင့် အချစ်က ပိုပြီးခံစား နားလည်မိလာတက်သလို.သုကြောင့် ပိုပြီး ရင့်ကျက်စေပါတ်ယ်..
၎။ အချစ်ဆိုတာ သူကြောင့် ဖြစ်လာရတယ် ဆိုတာ တော့ မဟုတ်လောက်ဘူး....ထင်တာပဲ...
:P
ကိုယ့်ရင်ထဲမှာ အရင်ကတည်းကရင်း ရှိနေတဲ့ အချစ်စိတ်ဟာ သူ့ကိုတွေ့တော့မှ ပေါက်ဖွားရှင်သန်လာပြီး အချစ်ဆိုတဲ့ အရာတွေကို ခံစားနားလည်တတ်လာတယ်..ဒီလိုနဲ့ပဲ သူ့ကြောင့် အချစ်ဆိုတာလည်း ဖြစ်လာတယ် ထင်တယ်...
အဟ... ဟုတ်လားတော့မသိဘူး...။ ဖြေကြည့်လိုက်တယ်.။
အချစ်ဆိုတာဟာ အရင်ကတည်းက လူတိုင်းမှာရှိကြတယ်...အချစ်ဆိုတာရှိမှ လူတွေ တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံနေထိုင်လို့ရမယ်.....အဲ..ကောင်လေးနဲ့ကောင်မလေးချစ်တယ်ဆိုတာကလဲ အချစ်ထဲက အချစ်ပါပဲ.......ဒါပေမဲ့ နဲနဲတော့ သူကထူးခြားသွားတယ်...အချစ်ဆိုတာဟာ သူ့ဖာသာချစ်နေရင် အဖြူရောင်ပါပဲ..ကောင်လေးနဲ့ကောင်မလေးချစ်ကြတယ်ဆိုတာ ဖြူစင်နေတဲ့ အချစ်ဆိုတဲ့အရာကို အရောင်ဆိုးလိုက်တာပါပဲ....ဘာလို့လဲဆိုတော့ ၁၅၀၀အချစ်မှာ အတ္တတွေ ပိုင်ဆိုင်လိုမူ့တွေ ဆုံးရူံးမူ့တွေ ပါနေလို့ကိုး...တကယ်တော့ အချစ်ဆိုတာ ချစ်နေဖို့ပါပဲ...လူတစ်ယောက်နဲ့တစ်ယောက်ဟာချစ်နေမယ်ဆိုရင် ကမ္ဘာကြီါ်လှပမှာ အသေအချာပါပဲ.....၁၅၀၀ရယ် ၅၂၈ရယ်ဆိုတာဟာ လူတွေက သတ်မှတ်လိုက်ကြတာပါ......
အချစ်ရဲ့ အဓိပ္ပယ်ဖွင့်ဆိုချက်ကို တိတိကျကျပြောရမယ်ဆိုရင်.......
(အချစ်ဆိုတာ ဘာမျော်လင့်ချက်မှမပါပဲ ချစ်နေဖို့ပါပဲ......ရယူလိုမူ့တွေ ဆုံးရုံးမူ့တွေပါလာရင် အချစ်မဟုတ်တော့ဘူး...အတ္တဖြစ်သွားပါပီ....ရိုးရိုးလေးပဲ တွေးလိုက်မိတယ် အချစ်ဆိုတာ အချစ်ပါပဲ..ချစ်ရင်ရပီ..ဒါဆို ပျော်စရာတွေနဲ့ ကမ္ဘာကြီးလှလာမှာပါ...)
အဟီး..မေ့သွားတယ်.....နောက်ထပ်တစ်ခုကျန်သေးရဲ့....
အချစ်ဆိုတာ ဓါတုဗေဒနည်းအရ ခွဲစိတ်ကြည့်မယ်ဆိုရင် ဒြပ်စင် တစ်ခုပါပဲ.......၁၅၀၀ ဒါမှမဟုတ် ၅၂၈ ဆိုတဲ့ element တစ်ခုနဲ့ရောလိုက်ရင် သူဟာ ဒြပ်နှောဖြစ်သွားတယ်..........
အချစ်ဆိုတဲ့ အရာဟာ အရင်ကတည်းက ရှိနေရင် ရှိနေမှာပေါ့နော် ... လူသားတိုင်းရဲ့ ခံစားချက်က မတူဘူးလေး ..အကြိုက်ချင်းတူနေရင် မကောင်းဘူးလေ
အဲလိုမျိုး ရှိနေရင်းကနေ သူ တစ်ယောက်ယောက်ကို ချစ်မိသွားတဲ့ ဟာမျိုးလည်းဖြစ်နိုင်တာပဲလေ ..
သူ့ကြောင့် အချစ်ဆိုတာ ဖြစ်သွားတာပေါ့ ..
သူ့ကြောင့် အရာရာကိုလည်း ခံစားတတ်လာမယ်လို့ထင်ပါတယ် ခင်ဗျာ
၁ .... အချစ်ဆိုတဲ့ မြင်တွေ့ ထိတွေ့ခွင့် မရှိတဲ့ နာမ်ရုပ်ဟာ လူတွေရဲ့ စိတ်အခြေမှာ အစကတည်းက တည်နေပြီးသားပါ..။
၂ ....အစကတည်းက ရှိပြီးသား အချစ်က တစ်စုံတစ်ယောက်ကို တွေ့မှ အသွင်မတူစွာ ထပ်ဆင့်ရှင်သန်လာတာတွေ ရှိသလို ...
တစ်စုံတစ်ယောက်အတွက် အချစ်ကို အကောင်ထည်ဖေါ် ခံစားနားလည်လာတာလည်း ရှိပါတယ် ..။
၃ .... တစ်စုံတစ်ယောက်ကို မြင်တွေ့ခွင့်တွေ ကြားသိခွင့်တွေ ဖြစ်လာမှတော့ အချစ်ဆိုတာကို နဂိုထက် ခံစားတတ်လာပြီလေ .. အဲလိုမှတော့ သူ့ကြောင့် အချစ်ဆိုတာ ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်
သေချာတာကတော့ အချစ်ဆိုတာ မွေးကတည်းက ပါလာပြီးသားပါ .. အချစ်ဆိုတာ တစ်စုံတစ်ယောက်ကြောင့် ပိုချစ်လာတယ် ပိုခံစားတတ်လာတယ် ဆိုပေမယ့် အဓိကတော့ ကိုယ့်စိတ်ရဲ့ ဖြစ်တည်ရာ အမှန်ပါ ...။
ဒေါ်မေရှင် သီချင်းနဲ့ ပြောရမယ်ဆိုရင်တော့
အရင့်အရင် ဘ၀ဘ၀တွေ ကတည်းက
ရှေးရေစက်ကြောင့်
မြင်မြင်ချင်းဘဲ ချစ်မိတယ်ပေါ့ဗျာ
ဒါဆိုရင်တော့ သူနဲ့ မတွေ့ 
့ခင်မတိုင်မီ အချိန်လေး ကတည်းကိုက
အချစ်ဆိုတဲ့ အရာဟာ ရင်ဘက်ကြီးရဲ့ အထဲမှာ
ရှိနှင့်နေတာဘဲပေါ့ ဗျာ..........
ဒါပေမယ့် ကျနော့မှာတော့
အချစ်ဆိုတဲ့ အရာကို ခုချိန်ထိ
ဘာမှန်းကောင်းကောင်း မသိသေးပါဘူးဗျာ :D
ဝန်ခံချက် (အချစ်ဆိုတဲ့ အရာကို ရေးတတ်သလို
ရေးလိုက်ချင်းသာ ဖြစ်ပါကြောင်းပါ
ခင်ဗျာ)
:D ::::::::::::::::::::::
ဟုတ်တယ်လေ.... အချစ်ဆိုတာ အရင်ကတည်းက ရှိနေတယ် .. ချစ်ဖို့ လိုအပ်လာရင် ထွက်ပေါ်လာတယ် .. အချိန်တိုင်းကိန်းအောင်းနေရင်း သံလိုက်လို ချစ်စရာတွေနဲ့ ထိတွေ့တိုင်း ဖြစ်ပေါ်လာတယ်လေ ... တိဘူးနော် .. ကိုယ့်အထင်ပါ
ကိုဇော်
ချစ်တတ်တဲ့စိတ်က အရင်ကတည်းက ရှိနေပေမဲ့ သူနဲ့ကျမှ ၁၅၀၀ ဆိုတဲ့ ပူလောင်တဲ့အချစ်နဲ့ ချစ်မိတယ်လို့ပြောရမလားပဲ။
သူ့ကြောင့်ချစ်တတ်လာလို့ ပူလောင်တတ်လာတယ်နော်။
(အချစ်ဟာ မီးပါ အဖြူရောင်ညီမလေးရယ်. မီးနဲ့လူသား မကင်းနိုင်သလိုပေါ့ လူသားနဲ့အချစ်ဆိုတာလဲ ဆက်လက်ဒွန်တွဲနေဦးမှာပါ) ထင်တာတွေ လျှောက်ရေးတာနော်။
မိုးပွင့် ပြောသလို့ပါပဲ။ ဟီး ဟီး .. ဘာရမလဲ ။ သူများဖြေပြီးမှ ဖြေတယ်လေ။ ကျောင်းမှ ကထဲက စာခိုးချတဲ့ အကျင့် က ပါလာတာ။
ကျွန်တော်တော့ အခြားသူရေးတာကိုဘဲ ဖတ်သွားတယ်နော် ကိုယ်တိုင်းတော့ မဖြေတော့ဘူး။ ကို့အဘိဓါန်နဲ့ကိုတော့ အချစ်ကို ပုံဖော်နေကျတယ်လို့ ကျွန်တော် ယူဆတယ်။
မပြောပြဘူးကွာ.... အသေသတ်... :P :P
အငုံစိတ်ပါ....။ သူဟာ လူတယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်ပုံ ပေါ် မူတည်ပြီး..ကာလတခုမှာ ပေါ်လာတတ်တာပါ..။ဥပမာ မိသားစု အပြင်ဘက်က တယောက်ယောက်(ဆန့်ကျင်ဘက်လိင်) ကို မှီခိုချင်စိတ်နဲ့ ဥိးဆောင်ချင်တဲ့ စိတ်၊ အခြားတခုခု ဟီး......
သူ့ရဲ နေထိုင်ရာ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ထွက်ပေါ်လာတဲ့ အငုံစိတ်ပါ......ဟိ....လျှောက်ပြောသွားတယ်....
အငုံစိတ်ပါ....။ သူဟာ လူတယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်ပုံ ပေါ် မူတည်ပြီး..ကာလတခုမှာ ပေါ်လာတတ်တာပါ..။ဥပမာ မိသားစု အပြင်ဘက်က တယောက်ယောက်(ဆန့်ကျင်ဘက်လိင်) ကို မှီခိုချင်စိတ်နဲ့ ဥိးဆောင်ချင်တဲ့ စိတ်၊ အခြားတခုခု ဟီး......
သူ့ရဲ နေထိုင်ရာ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ထွက်ပေါ်လာတဲ့ အငုံစိတ်ပါ......ဟိ....လျှောက်ပြောသွားတယ်....
ဟုတ်ပါတယ်..
“အချစ်ဆိုတဲ့အရာဟာ ကိုယ့်ရင်ထဲမှာအရင်ကတည်းက
ရှိနေခဲ့တဲ့အရာ”ပါ...
ပြီးတော့မှ
အသက်အပိုင်းအခြားပေါ်မူတည်ရင်း...
ကိုယ်တွေ့ကြုံခဲ့ရတဲ့ သက်ရှိသက်မဲ့ တွေပေါ်မှာ
ခံစားချက်အမျိုးမျိုးနဲ့ ပြန့်ပွားပြောင်းလဲပြီး“အမျိုးစုံသော” ချစ်ခြင်းတရားတွေဖြစ်ပေါ်လာကြတာပါပဲ...။
အစကထဲကရှိတယ်လေ သစ်ပင်တစ်ပင်ရဲ့မျိုးစေ့လိုမျိုးပေါ့
သူနဲပတွေ့တော့ သူ့နှဠုံးသားက မျိုးစေ့လေးကို ရေလောင်းပေးလိုက်သလိုဖြစ်လာပြီး အပင်လေးပေါက်လာတယ်လေ ပြီးတော့ အသီးတွေသီးလာတာပေါ့ဟ နင်ကလဲး)
ဟုတ်လားတော့မသိဘူး
အချစ်အကြောင်းကရှင်းလေ ရှည်လေပါပဲ
ဖြေရင်ကိုယ့်တယောက်စာအတွက်ပဲ မှန်နိင်မှာပါ
ဘာကြောင့်ဆိုတော့ တယောက်နဲ့တယောက် တွေ့ဆုံပုံ ခြင်းလည်း တူဘို့ မလွယ်သလို ခံစားတွေးပုံ ခြင်းလည်း တူမှာမဟုတ်ဘူးလေ။
အရင်ကတည်းကရှိနေတဲ့ အရာပါခင်ဗျာ...။မွေးလာကတည်းက ချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားဖို့ နှလုံးသားတစ်ခု mom ကလက်ဆောင်ပါးပြီးသားလေဗျာ...။နောက်မှ 1500 ---528 ကွဲသွားတာကသက်သက်ပေါ့ဗျာ..။
1။အရင်ကတည်းက မရှိနေပါဘူး
2။လူတစ်ယောက်ကိုတွေ့တော့မှရှင်သန်လာတာပါ ဒါပေမယ့် ငယ်ငယ်တုန်းကငယ်သေးလို့ ချစ်တာနဲ့ စူးစမ်းချင်တာနဲ့ ရောပြီးတော့ပေါ့ ပေါက်ဖွားလာတာ
နောက်တော့လည်း တစ်ယောက်ပြီးတစ်ယောက်ပေါ့။
3။ရင့်ကျက်လာတဲ့အချိန်ကျတော့ချစ်သူတစ်ယောက်ရဲ့အနစ်နာခံမှုတွေ အနွံတာတွေ နားလည်မှုတွေ ကြင်နာမှုတွေ ဘယ်လောက်ဆိုးဆိုး စာနာနားလည် ပေးမှုကြောင့် သူ့ကြောင့် အချစ်ဆိုတာ ခံစားနားလည် လာမိတာပေါ့။သူ့ကို ဘ၀ လက်တွဲဖေါ်ပေါ့း)
အင်း... ဘယ်လိုပြောရမလဲ... လူတဦးချင်းစီရဲ့ စိတ်ခံစားမှုပေါ် မူတည်တယ် ထင်တာပဲ.. ဟုတ်မဟုတ်တော့ ညိမလေးကိုယ်တိုင် အသိဆုံးပါ ဟုတ်တယ်ဟုတ်...။
Post a Comment