Jul 29, 2009

တူရာသီ (LIBRA)

တူရာသီ (LIBRA)

စက်တင်ဘာလ (၂၃) ရက်မှ အောက်တိုဘာလ (၂၂) ရက်ကြားမွေးသောသူများကို “LIBRA” များဟုသတ်မှတ်သည်…။ မြန်မာလ သီတင်းကျွတ်လနှင့် နီးစပ်တူညီသည်…။

သော့ချက်ဗီဇ

မျှမျှတတတွေးခေါ် လုပ်ကိုင်တတ်သည်…။ လူသားအချင်းချင်း စာနာတတ်သည်…။ နှလုံးသား နူးညံ့သလောက် စကားပြော ဘုကျ၊ ဂွပြော၊ မနူးညံ့၍ ရန်များတတ်သည်..။ မွေးရပ် အကျိုး မပေးပါ..။ စီးပွားရေးတွင် ငွေမမက်၍ ငွေမမြဲပါ..။ အများအပေါ်ဦးဆောင်ရမည်..။ ဘ၀တွင် မိမိက မျှတသလောက် မိမိကို မမျှမတ အနိုင်ယူသူ ပေါများမည်….။

လက်သုံးဆောင်ပုဒ် MOTTO “I balance”

ကိုယ် ချိန်ဆကြည့်လိုက်တော့….

ချစ်ရေးဆို ရက်ကောင်းများ “LUCKY DATES”

လစဉ်လတိုင်း၏…













1
3
6 9
10 12 15 18
19 21 24 27



ရက်နေ့များတွင် ချစ်ရေးဆို၊ ချစ်ခွင့်ပန်ရန် စကားအောင်မြင်မှု ကံပွင့်သော ရက်ကောင်းများ ဖြစ်သည်…။

အချစ်အဖြေပေး ရက်ကောင်းများ “LUCKY DATES”

သောကြာနေ့၊ ကြာသာပတေးနေ့၊ အင်္ဂါနေ့များတွင် မေတ္တာရေး အဖြေပေး ခေါင်းညိတ်ရန် ရက်ကောင်းများ ဖြစ်သည်…။

တူ အချစ်ဒဿန

တူရာသီဖွား “LIBRA” များသည် အသည်းမာ၍ တစ်ပါးသူအပေါ် ချစ်ရန်အလွန်ခက်ခဲတတ် သော အေးတိအေးစက် နှလုံးသားအချစ်ကို ပိုင်ဆိုင်ထားသူများဟု ကမ္ဘာ့ပညာရှင်ကြီးများ က အဆိုပြုထားသည်…။ ပေးဆပ်ခြင်းနှင့် ရယူခြင်းကို ချိန်ခွင် တစ်ဖက်တစ်ချက်တွင်တင်၍ အရာရာ

တွက်ချက်နေသော နှလုံးသားအချစ်ရှင်ဟုလည်း ဖော်ကျူးထားပြန်သည်…။

ဤရာသီဖွားများသည် မျှတသော သဘာဝ၊ နှစ်လိုသော အနေအထား ရှိလင့်ကစား နှလုံးသား မာလွန်း၍ မိမိကိုယ်မိမိသာ အချစ်ဆုံးဖြစ်သည်…။ သီးသန့်နေလိုစိတ် ပြင်းထန်မည်…။ချစ်ခဲပြီး အချစ်မြဲသည်..။ ထူးခြားချက်မှာ ဥာဏမြင့်သော ပညာအတတ်ထူးချွန်သော သူတို့ကို ဦးစား ပေး၍ချစ်တတ်သည်…။ အလွန်သိမ်မွေ့ အေးချမ်းမည်…။ မေတ္တာရေးတွင် အလွန်မျှတစွာ တွေးခေါ်တတ်သည်..။ ချင့်ချိန်တတ်သည်…။ နှလုံးသားသည် ကောင်းပြီဆိုကလည်း အလွန် ပရိယာယ် မာယာများစွာ သူတစ်ပါးထက် သာလွန်ဆိုးပြတတ်သည်…။ တစ်ပါးသူကိုဦးစားပေး တတ်သော်လည်းး မိမိက အနစ်နာခံရမည်ဆိုပါက ဘာကိုမှ မလုပ်…။ သာချင်းအတွင်း ကျန်းမာရေး မကောင်းသူ၊ ဆိုးသွမ်းသူများကြောင့် မိမိအချစ်ရေး၊ နှလုံးသားရေးတွင် အနှောက်အယှက် နည်းငယ်ရှိသည်…။ ပင်ကိုနှလုံးသားသည် နီးစပ်မှုအား အခြေတည်၍ အချစ်သံယောဇဉ် ဖြစ်တတ်သည်..။ အချစ်ပေါ် အမြင်သည် မိမိနှင့်အပေးယူညီမျှ၍ မိမိဘ၀ အား အထောက်အကူပြုနိုင်သော သူအပေါ် ချစ်သင့်သည်…။ သဘောထား မတိုက်ဆိုင်သော သူများကို ဥပေက္ခာပြုထားတတ်သည်…။ ချစ်ခြင်းမေတ္တာနှင့် ဥပေက္ခာ နှစ်မျိုးရှိ၍ အမုန်းတရား မရှိသော နှလုံးသားကို ပိုင်ဆိုင်သည်…။

ပင်ကိုအားဖြင့် မိမိကိုယ်မိမိသာ အချစ်ဆုံးဖြစ်၍ မိမိဘ၀နှင့် ထပ်တူနီးပါး တူညီပြီး အကျိုးပြုသော သူကို ဦးစားပေးချစ်တတ်သည်…။ ချစ်သင့်သည်ကတစ်ယောက် ချစ်မိသူက တစ်ဦးဖြစ်တတ်သည်.. ။ ဤရာသီဖွား အမျိုးသမီးများသည်..အလွန်သံယောဇဉ် ကြီးတတ် သည်..။ မိမိအား သဘောကျသောသူ အလွန်ပေါသဖြင့် ရွေးချယ်ရာတွင် တွေဝေဒွိဟ ဖြစ်ရတတ်သည်…။ အဆုံးတွင် နှလုံးသားကို ဦးစားပေးလိမ့်မည်..။ နီးစပ်မှု အရှိဆုံးသူကို ရွေးမည်…။ အစပိုင်းတွင် တစ်ပါးသူတို့က မိမိလူရွေးမှားပြီဟဟု ဝေဖန်ကြလိမ့်မည်..။ ရွေးလိုက်သောသူသည် မိမိလက်ထဲရောက်မှ ထက်မြတ်လာမည်…။ ထိုအခါ အများဝန်းကျင် ကအရွေးကောင်းလေစွဟု ပြောကြလိမ့်ဦးမည်…။။။

ဤရာသီဖွား အမျိုးသားများသည်..ပညာအတတ်ရှိသူကို သံယောဇဉ် တွယ်တာမည်။ချစ်ခြင်း မေတ္တာသည်..အထင်ကြီးမှု လေးစားမှုအပေါ် အခြေတည်၍ ပေါ်ပေါက်မည်။ဘ၀လမ်းကြောင်း တွင် ၅၂၈ နှင့် ၁၅၀၀ မေတ္တာနှစ်ခုကြားတွင် လွန်ဆွဲနေရမည်…။ အဆုံးသတ်တွင် မိမိအကြိုက် မိဘပတ်ဝန်းကျင် နှစ်ခုစလုံး နှစ်သက်မှု ရှိသူကို နှလုံးသားမှ ဆုံးဖြတ်၍ ဘ၀အဖော်ဖြစ် ရွေးမည်…။ မည်သို့ဆိုစေ ဤရာသီဖွား အားလုံး၏ အချစ်၊ မေတ္တာအပေါ်ထားရှိသော ဒဿန သည် “ပေးဆပ်ခြင်း၊ ရယူခြင်း၊ တုံ့ပြန်ခြင်း၊ ခွင့်လွှတ်ခြင်းတို့ ပေါင်းစည်းထားသည့် အလွန်တန်ဖိုးရှိသော အရာသည် အချစ်ဖြစ်သည်” ဟူ၍ ဖြစ်သည်…။

တူ အချစ်ဘဝ

တူရာသီဖွား “LIBRA” များ၏ အချစ်ဘ၀သည်..အကောင်းအဆိုးများ ရောထွေးနေသည်။ ချင့်ချင့်ချိန်ချိန် ပရိယာယ်များဖြင့် အပေးအယူပြုသော အချစ်ဘ၀ကို ပိုင်ဆိုင်မည်..။ မိမိကိုယ် ကို မိမိချစ်သော အချစ်ထဲမှ အချို့တစ်ဝက်ကို တစ်ပါးသူသို့ ပေးမျှချစ်သော အချစ်ဘ၀အား ပိုင်ဆိုင်သည်..။ ပင်ကိုဘ၀သည်.. အရာရာပြီးပြည့်စုံပြီး ဖြစ်လိမ့်မည်...။ မိမိ၏ ထက်မြတ်သော စိတ်ကူးဥာဏ်ရည်၊ ကျယ်ပြန့်သော အသိုင်းအ၀ိုင်း၊ ချင့်ချိန်တတ်သော ဥာဏ် ရည် အလုံးစုံသည် မိမိအတ္တမာနကို တစ်စစကြီထွားစေမည်.. ။ ဤဘ၀ ဤမာနကို ထိပါးလာ သည့် မည်သည့် အရာမဆို မိမိမဆောင်ရွက်…။

ဤရာသီဖွား အမျိုးသမီးများသည် ၀ိုင်းဝိုင်းလည်နေသော ကမ်းလှမ်းသူများ၊ ချစ်သူများအကြား မိမိအချစ်သည် မျက်နှာ ပန်းလှပေသည်..။

“စဉ်းစားပါရစေဦး…..။ အခင်အမင်လေး မပျက်စေချင်ဘူး..၊ ဒီလိုလေး ဆက်ဆံရင် တော်ရောပေါ့..။ အချစ်တစ်ခုရောက်ရင်တော့ စဉ်းစားတာပေါ့”

စသည့် စကားများဖြင့် အားလုံးသောသူများအပေါ် နှစ်သိမ့်၊ ချွေးသိမ့်၍ မြွေမသေ၊ ထုတ်မကျိုး အချစ်မျိုးနှင့် ရှေ့လည်းမတိုးသာ၊ နောက်လည်းမဆုတ်သာအောင် ပရိယာယ် မာယာနှင့် ချည် နှောင်မှု ပြုလိမ့်မည်…။ တစ်စစ မိမိကြိုးရှည်ရှည်နှင့် လှန်ထားမှန်းသိ၍ နောက်ပိုး ပိုးသူများ တဖြည်းဖြည်းနည်းပါးသွားချိန် “ငါ့ အခက်ရချေရဲ့” ဟုသုံးသပ်မိကာ အလျဉ်းသင့်သလို မီရာ အဆင်ပြေရာကို “အကောင်းဆုံးမဟုတ်လင့်ကစား အကောင်းဆုံးနီးပါးတော့ ရှိလေရဲ့” ဟု တွက်ချက် ချိန်ဆပြီး ဘ၀ရှေ့ဆက်ရလိမ့်မည်…။

ဤရာသီဖွား အမျိုးသားများတွင်မူ မိမိစိတ်ကြိုက် တစ်ပါးသူအမြင်နှင့် မတူသော ရှုတောင့်မှ ရွေးမည်..။ ရွေးချယ်လိုက်သော ချစ်သူသည် မိမိဝန်းကျင်နှင့် အံဝင်ခွင်ကျမဖြစ်။ အရွေးမှား သည်ဟု ၀ိုင်းဝန်းဝေဖန်ကြလိမ့်မည်..။ မိမိလက်တွင်း ရောက်လာမှ အလွန်ထက်မြက်မည်..။ အခိုက်မသင့်က သူမသည် မိမိကို အသည်းခွဲလိမ့်မည်…။ အချုပ်ဆိုသော် ဤရာသီဖွားများ၏ အချစ်ဘ၀သည် ဦးနှောက် မြော်အမြင်တွက်ချက်မှု၊ ချိန်ဆမှု၊ တွေးဆမှု များလွန်း၍ ရတာမလို လိုတာမရ ဖြစ်မှုများကြောင့် အသက်(၂၀၊ ၂၂၊ ၂၅) နှစ်များတွင် အချစ်ဆုံးဖြတ်ချက် မှားတတ် သည်..။ ထိုကာလသုံးခုမှတစ်ပါး အခြားကာလများတွင် ဆုံးဖြတ်ပါက အချစ်ဘ၀ချော လိမ့်မည်…။

ပညာတတ်၊ ဥာဏ်ကြီး၊ စကားပြောကောင်း၊ အကြွားအ၀ါကောင်း၊ ဟန်ကောင်းပြီး မျက်နှာ လေးတောင့် နှာတံပေါ်၍ မျက်ရစ်မပါသော (သို့မဟုတ်) မျက်လုံးမှေး၍ အမြဲ ပြုံးနေသောသူ နှင့် ဖူးစာဆုံမည်..။


ဒီရာသီဖွားကတော့ ဖြူလေးကိုယ်တိုင်ပါပဲ …..အကြောင်းအရာတော်တော်များများ တိုက်ဆိုင် လွန်းပါတယ်…ဆရာကြီး စံ-ဇာဏီဘို ရဲ့ဟောချက်တွေကတော့ အရမ်းမှန်ပါတယ်….။ဘယ်လို လူမျိုးနဲ့ ဖူးစာဆုံမလည်းဆိုတာတော့ ရင်ခုန်စွာစောင့်စားနေပါတယ်…..


ဆက်လက်ဖော်ပြပါမည်...။

အဖြူရောင် ညီမလေး

Jul 28, 2009

ကန်ရာသီ (VIRGO)

ကန်ရာသီ (VIRGO)

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) ရက်ကြား မွေးသောသူကို “VIRGO” ကန်ရာသီ ဖွားများဟု သတ်မှတ်သည်….။ မြန်မာလ တော်သလင်းလနှင့် နီးစပ်တူညီသည်….။

သော့ချက်ဗီဇ

ဆင်ခြင် တွေးခေါ်မှုကောင်သည်…။ စည်းစနစ် ကျနမှုနှင့် ဘ၀တွင် အောင်မြင်မှုများ ထူးခြားစွာ ရရှိပေလိမ့်မည်….။ ပြောင်းလဲမှု၊ လှုပ်ရှားမှုများကို အခြေခံ၍ ဘ၀တိုးတက် တည်ငြိမ်မည်…။ အရွဲ့တိုက်ခြင်း၊ ကလဲ့စားခြေခြင်း သဘာဝကို လျော့ပစ်သင့်သည်..။ လုပ်ငန်း နှင့် ပညာတွဲ၍ ဘ၀တိုးတက်မည်…။ ဥဏ်ရည်အတက်ပညာကို သုံး၍ ဘ၀တိုးတက်မည်…။

လက်သုံးဆောင်ပုဒ် MOTTO “I analyze”

ကိုယ်သုံးသပ်မိသလောက်တော့.........

ချစ်ရေးဆို ရက်ကောင်းများ “LUCKY DATES”

လစဉ်လတိုင်း၏


5

6

9

14

15

18

23

24

27






ရက်နေ့များတွင် မိမိစကား အောင်မြင်မည်ဖြစ်သဖြင့် ယင်းရက်များတွင် ချစ်ရေးဆို ချစ်ခွင့်ပန် ရန် ရက်ကောင်းများဖြစ်သည်…။

အချစ်အဖြေပေး ရက်ကောင်းများ “LUCKY DAYS”

ဗုဒ္ဓဟူးနေ့၊ သောကြာနေ့၊ အင်္ဂါနေ့ များတွင် တုံ့ပြန်မေတ္တာ အဖြေပေး၊ ခေါင်းညိတ်ခြင်းကို ပြုလုပ်ဆောင်ရွက်နိုင်ပါသည်….။

ကန်အချစ်ဒဿန

ကန်ရာသီဖွား “VIRGO” များသည် အလွန်ထိခိုက်ခံစားလွယ်သည့် သဲသဲလှုပ် နှလုံးသားအချစ် ကို ပိုင်ဆိုင်ထားသောသူများဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်…။ အလွန်သန့်စင်လှပသော ကညာစင်တစ်ဦးက သူမဦးခေါင်းထက် ပန်ဆင်ရန် ရွေးချယ်ထားသည့် ဖြူလွလွ ပန်းပွင့်နှင့်တူသော နှလုံးသားနှင့် အချစ်ကို ပိုင်ဆိုင် သောသူများဟု ဖော်ကျူးထားသည်…။ ခွဲခြမ်းစိတ်ဖြာလေ့လာပြီးမှ စနစ်တကျ ချစ်တတ်သည်။ အလွန်စိတ်ထိခိုက် ခံစားလွယ်သည်…။ နူးညံ့ သိမ်မွေ့လွန်းသော နှလုံးသားကို ပိုင်ဆိုင်သည်။ မာမာပြောဆိုဆက်ဆံလျှင် ....

မိမိအတွက် အကျိုးရှိသော စကားပင်ဖြစ်လင့်ကစား လက်မခံ၊ အချော့ကြိုက်၊ အပျော့ကြိုက် မိမိအား ဦးစားပေးဆက်ဆံမှုကို လိုလားသော အချစ်ပိုင်ရှင်ဖြစ် သည်..။ တိုက်ရိုက် (သို့) သွယ်ဝိုက်၍ မိမိအား ဝေဖန်လာလျှင် တစ်ပါးသူထက်ပို၍ ခံစားတုံ့ ပြန်တတ်သည်..။ ဝေဖန်လာသူကို မုန်းတီးပစ်မည်…။ မိမိအားနည်းချက်ကို မိမိသိ၍ ပြင်မည်။ တစ်ပါးသူက ထောက်ပြလာ၍ ပြင်ရသည်ဟူသော အနေအထားကို လုံးဝ လက်မခံတတ်ပေ..။ ဘ၀ရည်မှန်းချက် ကြီးမားစွာရှိသည်..။ ရည်မှန်းချက် အောင်မြင်ရန်အတွက် မိမိနှလုံးသားကို မိမိကိုယ်တိုင် ခုတုံးလုပ်ချနင်းပစ်ရန် ၀န်မလေး……….။ မိမိဘ၀ တိုးတက်မှုကို ပံ့ပိုးပေးသူများ အပေါ် အချစ်မေတ္တာထားမည်..။ ချစ်သူပင်ဖြစ်လင့်ကစား ဘ၀ရည်မှန်းချက် တိုးတက်မှုကို ဆန့်ကျင် တားဆီးလာပါက မုန်းတီးဆန့်ကျင် တိုက်ခိုက်ဖယ်ရှားရန် ၀န်မလေးသောသူ ဖြစ်သည်..။ လူချစ်ခူခင်ပေါပြီး သူတစ်ပါး၏ အမူအရာစကားတို့ အပေါ် အကျကောက်တတ် သောကြောင့် ပဋိပက္ခ များတွေ့ရတတ်သည်…။ စိတ်ကြည်နေသောချိန် ပြုံးရွှင်နေသော အချိန် တွင် သူတစ်ပါးကို သဘောထားကြီး ခွင့်လွှတ်တတ်သလောက် အငြိုးထားမိသော ကာလတွင် သဲကြီးမဲကြီး အပြစ်ရှာ၍ တိုက်ခိုက်တတ်သည်…။ ဆတ်ဆတ်ထိမခံ စကားကုန်သုံး တိုက်ခိုက် ရမှကျေနပ်သည်…။ အမျိုးသမီးများ အချစ်ရေးတွင် ရုတ်တရက် ဆုံးဖြတ်လိမ့်မည်..။ နီးစပ်မှု ကြောင့် အချစ်ပေါ်ပေါက်မည်…။ နောက်ဆုံးအထိ အရွေးရခက်အောင် ဒွိဟဖြစ်မည်….။ ပတ်ဝန်းကျင်မှ အနှောက်အယှက်ပြုချင်းကို မိမိနှင့် ချစ်သူကြား ကြုံမည်…။ ဘ၀ကို အနစ်နာခံ စွန့်လွှတ်၍ ချစ်တတ်သည်…။ အသိုင်းအ၀ိုင်း၊ ဘ၀မတူသော သူနှင့် ချစ်မည်..။ ယုံစားလွယ်၍ မေတ္တာလှည့်စားခံရမည်…။

အမျိုးသားများသည်.. ဘ၀တိုးတက်ရန် အတွက် တစ်စုံတစ်ယောက်ကို ခုတုံးလုပ်ရန် ၀န်မလေး။ တစ်ပါးသူ အသည်းခွဲရန် ၀န်မလေး၊ ကိုယ်တိုင်အသည်း ကွဲရမည်ကိုလည်း ဂရုမစိုက်တတ်…။ ချစ်ခြင်းမေတ္တာဟူသည်ကား မိမိက ထားရှိရန်မလို။ မိမိကို ချစ်လာသော သူအား အခြေအနေကိုလိုက်၍ လိုအပ်သလို တုံ့ပြန်ရန်သာ ဖြစ်သည်…ဟူသော နှလုံးသား ဒဿနနှင့် စိတ်ဓါတ်ရှိသည်…။ထို့ကြောင့် ဤရာသီဖွားများသည် အချစ်ရေးတွင် မတည်ငြိမ် သော်လည်း အိမ်ထောင်ရေးတွင် ဦးနှောက်၏ ဆုံးဖြတ်မှုကြောင့် ရုပ်ဝထ္ထုပစ္စည်း ကြွယ်ဝပြီး ငွေပုံပေါ်ထိုင်ရမည်….။ ဘ၀တွင် အသက်လတ်ပိုင်းရောက်မှ နှလုံးသားသည် နိုးကြားလာကာ အချစ်စစ်ကို တောင့်တလာမည်…။ ရွှေပုံ၊ ငွေပုံ၊ ဓနဂုဏ်ဖြင့် စံနေရာမှ အထီးကျန်စွာနှင့် မချစ်တတ်သော နှလုံးသားအပေါ် အပြစ်ဖို့၊ နောင်တ ရင်မှာပိုက်နေရသော ဘ၀ကို ပိုင်ဆိုင်မည်…။ ဤကား ကန်ရာသီဖွားတို့၏ အချစ်ဒဿနပင် ဖြစ်သည်….။

ကန် အချစ်ဘဝ

ကန်ရာသီဖွား “VIRGO” များ၏ အချစ်ဘ၀သည် ဆွတ်ပျံ့ဖွယ်ကောင်းလှပေသည်…။ရွှေပုံပေါ် စံလျှက် ခြွေရံသင်းပင်းများ အကြား အထီးကျန် အသည်းကွဲဒဏ် ခံစားနေကြရသော သူအများ စုသည် ကန်ရာသီဖွားများ ဖြစ်သည်… ။ အချစ်ကိုယုံစားမည်။ ၀ိုင်းဝိုင်းလည်နေသော သူများ အကြားမှ အချစ်ဆုံးသူကို ရွေးမည်… ။ အချစ်ခရီးလမ်းသည် အလွန်လှပမည်..။ ချစ်သူ၏ စကား၊ ချစ်သူ၏ ကတိ၊ ချစ်သူ၏ မိမိအပေါ် ထားရှိသော ယုယမှုများသည် အနှိုင်းမဲဖြစ်မည်…။ တစ်ပါးသူများက မိမိကို အချစ်ကံကောင်းလေစွဟု ပြောကြမည်…။ မိမိကိုအားကျလိမ့်မည်…။ စံတင်ခံရသော အတွဲလေးဟု အသိမှတ်ပြုလိမ့်မည်..။ မိမိကလည်း ချစ်သူလိုအင်မှန်သမျှ ဖြည့်စွမ်းပေးမည်…။ အတိတ်ဘ၀မှ မိတ်ဆွေများ ၊ အသိုင်းအ၀ိုင်းများ၊ မိမိအား အလွန်မြတ်နိုး သော ချစ်သူများ….အားလုံး၊ အားလုံးကို စွန့်ပစ်၊ မေ့ပစ်၍ သူနှင့် မိမိတစ်ဘ၀ တည်ဆောက် မည်..။ သူခေါ်ဆောင်ရာ ပတ်ဝန်းကျင်၊ သူ့ဘ၀၊ သူ့အသိုင်းအ၀ိုင်း သို့ဝင်ရောက်မည်..။ အရာရာပေးအပ်၍ ဘ၀ပုံအပ်မည်..။ အလွန်ပျော်ရွှင်မည်…။ ချစ်သူကတည်ဆောက်ပေးသော ဘ၀သည် အရာရာလိုအင်ဆန္ဒမှန်သမျှ ပြီးပြည့်စုံ လိမ့်မည်….။

ထို့နောက် ကံဇာတ်ဆရာသည် အချစ်ဘ၀တစ်ခုလုံးကို ဖျက်ဆီးလိမ့်မည်…။ ချစ်သူက အချစ်သစ်ရှာလိမ့်မည်…။ အပြစ်တစ်စုံတစ်ရာ မှ မရှိသော၊ ပြောစရာ ဆိုစရာ တစ်လုံးတစ်ပါဒ မျှမရှိသော မိမိအား အကြွင်းမဲ့ ဥပက္ခာပြု ပစ်ခွာစွန့်ပစ်မည်…။ ဂုဏ်၊ စည်းစိမ်၊ ခြွေရံတို့ အားလုံး ထားပေးခဲ့လျှက် အရာရာပြည့်စုံစေလျှက် မိမိရင်ထဲမှ နှလုံးသားတစ်ခုကိုသာလျှင် ထုတ်ယူနင်းခြေ တစ်စစီဖဲ့ခြွေခြင်းကို ခံစားရမည်…။ပြန်လည် စိတ်လည်လာနိုးနှင့် တစ်စစ အချစ်ဘ၀သည် အိုမင်းရင့်ရော်လာပြီး အထီးကျန်ဆန်သော ဘ၀ကိုရောက်မည်..။ အချစ်ဆို သောအရာတွင် ဦးနှောက်တွက်ချက်မှု ပါခဲ့မိသော အမှားကို ရင်ဝယ်ပိုက်၍ အချစ်စစ်ကိုမှ အစဉ်းစား မဝေဖန်တတ်သော ဦးနှောက်နှင့် နှလုံးသားအပေါ် အပြစ်ဖို့နေရမည်..။ လူအများက သူ အချစ်ဘ၀ကံခေလိုက်တာဟု ပြောကြလိမ့်မည်…။

မည်သို့ဆိုစေ ဤရာသီဖွားများသည် အသက်(၁၈၊ ၂၀၊ ၂၃၊ ၂၅၊ ၂၇) နှစ်များတွင် အိမ်ထောင်ပြုခြင်း၊ အချစ်ရေးဆုံးဖြတ်ချင်းများ မပြုပါနှင့်…။ထိုကာလများတွင် စတင်လိုက် သောအချစ်၊ အိမ်ထောင်သည် မတည်ငြိမ်၊ မတည်မြဲ…။ အသက် (၂၆၊ ၂၉၊ ၃၀) များတွင် အချစ်ဘ၀သည် အလွန်အေးချမ်းမည်…။ အသက် (၂၃) နှစ်မှ (၃၇) နှစ်ကြား အချစ်ဘ၀သည် တစ်ဖန် မအေးချမ်းပေ..။ ထိုအသက်နောက်ပိုင်းတွင် အညံ့မရှိတော့ပါ..။

နှုတ်ခမ်းပါး၍ စကားတတ်သော ဖူးစာရှင်နှင့် တွေ့မည်…။ သွယ်သွယ် ပါးပါးလှပ်လှပ်၊ အေးတိအေးစက် နေတတ်၍ မျက်လုံးမျက်ခုံးကောင်းသော သောသူနှင့် ဖူးစာဆုံပါမည်…။

ဆက်လက်ဖော်ပြပါမည်….။


အဖြူရောင် ညီမလေး

Jul 21, 2009

သိဟ်ရာသီ (LE0)

သိဟ်ရာသီ (LE0)
SmileyCentral.com
ဇူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်ကြားမွေးသော သူများကို သိဟ်ရာသီ “LEO” များဟုသတ်မှတ်၏..။ မြန်မာလ ၀ါခေါင်လနှင့် နီးစပ်တူညီသည်…။

သော့ချက်ဗီဇ

ရည်ရွယ်ချက်၊ ရည်မှန်းချက် မြင့်မားသည်..။အလွယ်နှင့်အလျှေမပေးတတ်..ဆုံးဖြတ်ပြီးလျှင် မဖြစ်မနေ လုပ်တတ်သည်..။အရာရာ မိမိဆန္ဒကို ဦးစားပေးမည်…။ဇွဲကြီးသည်...။ စည်းစနစ် ကြီးသည်..။နှလုံးရည်သမား ဖြစ်သည်။ ရောက်သည့်နေရာတွင် ဦးဆောင်ရသော သဘာဝ ရှိသည်.။ ဘ၀တစ်လျှောက် အတိုက်အခံ၊ အနှောက်အယှက်၊ အခက်အခဲကြား များကြားမှ ထူးခြားစွာ အရည်အသွေးပြနိုင် အောင်မြင်နိုင်သည်…။

လက်သုံးဆောင်ပုဒ် MOTTO “I will”
ကိုယ်လုပ်ရမယ့်….
SmileyCentral.com

ချစ်ရေးဆို ရက်ကောင်းများ LUCKY DATES
လစဉ်လတိုင်း၏….













1 2 4 7
10 11 14 17
19 21 25 28




များသည် ချစ်သူအား ချစ်ကြောင်းပြော၊ ချစ်ခွင့်ပန်ရန်၊ ရက်ကောင်းများဖြစ်၏…။
SmileyCentral.com
အချစ်အဖြေပေး ရက်ကောင်းများ LUCKY DAYS


တနင်္ဂနွေနေ့၊ တနင်္လာနေ့၊ သောကြာနေ့များတွင် မိမိကို ချစ်ရေးဆိုလာသူအား အဖြေပေး ခေါင်းညိတ်ရန် လျော်ကန်သင့်မြတ်ပါသည်…။

သိဟ် အချစ်ဒဿန

သိဟ်ရာသီဖွား “LEO”များကို ဂုဏ်ဥိက္ခာရှိသော စိတ်ဓါတ်အကျင့်သီလနှင့် ကြီးမြတ်သော သဘောထား၊ မြင့်မြတ်သော နှလုံးသားများကို ပိုင်ဆိုင်စေလျှက်လူ့ဘုံလောကသို့ ဖန်ဆင်းရှင် မှမွေးဖွားစေလွှတ်လိုက်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ် ထားသည်….။
SmileyCentral.com
တိုက်ပွဲများ၊ မီးလျှံများ ကြားမှ အလွန်ရဲရင့်သော ကေသရာဇာခြင်္သေ့မင်း၏ နှလုံးသားနှင့် ဤရာသီဖွားများ၏ နှလုံးသားကို ထပ်တူပြု၍ ဖော်ကျူးထားသည်..။ အလွန် တည်ငြိမ်မြင့်မြတ်သော နှလုံးသားပိုင်ရှင်များ ဖြစ်သည်..။ အချစ်မေတ္တာအပေါ် လေးနက်စွာ ခံယူကျင့်သုံးသည်..။ တစ်ပါးသူတို့ အဆင်ပြေအောင်မြင်နေရေး အတွက် မိမိ၏ အချစ်၊ မိမိ၏ ဘ၀ကို ပေးဆပ်ရန် ၀န်မလေး..။ ပေးဆပ် ခွင့်လွှတ်တက်သော သဘောထားကြီးသော နှလုံးသားကို ပိုင်ဆိုင်လင့်ကစား ခေါင်းမာခြင်း၊ မာနရှိခြင်းကြောင့် .....

ဘ၀အဖော်ကောင်းများ ဆုံးရှုံးတတ်သည်…။ မိမိ၏ နှလုံးသားမှ အချစ်နှင့် ဦးနှောက်မှ စေစားလာသော မာနတရားတို့ အမြဲလွန်ဆွဲနေသော အနေအထား ကို ဘ၀တစ်လျှောက်လုံး ကြုံတွေ့ရမည်..။ မာနကို လျှော့လိုက်ပါ…။ ဤရာသီဖွားများ အမျိုးသမီးများသည် နှလုံးသားကို ဦးစားပေး၍ အမျိုးသား များသည် ဦးနှောက်ကို ဦးစာေးပးမည့် သဘောရှိသည်…။ ဘ၀အဖော် ချစ်သူရွေးချယ်သော အခါတွင် ဦးနှောက်၏ ဆုံးဖြတ်ချက်ကိုပါ ထည့်သွင်းတတ်သည်…။ အချစ်မေတ္တာ ဟူသော အရာသည် နှလုံးသားနှင့် ဦးနှောက် ပေါင်းစပ်ဆုံးဖြတ်ရသော အခြင်းအရာဖြစ်သည် ဟူသော ဒဿနအား ပိုင်ဆိုင်သည်…။ အလွန်သံယောဇဉ်ကြီးတတ်သည်..။ ငယ်ချစ်ကို ဦးစားပေးတတ် သည်..။ သတိပေးလိုသည်မှာ မိမိသည် အလွန်မျက်နှာပွင့် စန်းပွင့်သော သူဖြစ်မည်..။တစ်ဦး ထက်ပိုသော ချစ်သူရည်းစားများ ထားရလိမ့်မည်…။ ချစ်သူများခြင်းသည်လည်းကောင်း ဘ၀ ၏ အနှောက်အယှက်များ ဖြစ်ပေလိမ့်မည်…။ မိမိအပေါ် နားလည် ခွင့်လွှတ်ခြင်း၊ ပုံပိုးကူညီခြင်း၊ အဖော်အဖြစ်ရပ်တည်ခြင်း ပြုမည့်သူကို ဘ၀ကြင်ဖော်အဖြစ် ရွေးချယ်လိမ့်မည် ကံခေသည်မှာ ဤရာသီဖွားများသည်..အချစ်ဆုံးသူနှင့် ပဋိပက္ခဖြစ်နေဆဲ၊ အားနာ သနားခွင့် လွှတ်တတ်သော မိမိသဘာဝကို အခြားသောသူက အခွင့်အရေးယူ၍ အညှာကိုင်ကာ လက်ထပ်ရန် တိုက်တွန်းခံရတတ်သည်..။အချစ်ဆုံးသူက တစ်ယောက်၊ လက်ထပ်ဆုံးစည်းသူ ကတစ်ယောက် ဖြစ်တတ်သည်…။ အသက်(၁၆) နှစ်မှ (၂၂) ကြား မေတ္တာကံခေတတ်သည်။ အသက်(၂၂) နှစ်ကျော်မှ မိမိနှလုံးသားသည် ရင့်ကျက်လာမည်…။ အသက်(၂၄) နှစ်ကျော်မှ လေးနက်သော အားမာန်ဖြင့် သူတ်စပါးကို ချစ်ခြင်းမေတ္တာထားလိမ့်မည်…။မိမိသံယောဇဉ် ကြီးသော သူ၏စကားနှင့် ပြောသမျှ အလုံးစုံအား မျက်စိမှိတ် ယုံတတ်သော သဘာဝရှိသည်။ ချစ်ခြင်းမေတ္တာ တရားသည် မိမိဘ၀တစ်ခုလုံးကို တစ်စုံတစ်ရာ တိုးတက်စေရန် ဖန်တီးနိုင် သည့် စွမ်းအားတစ်ရပ်ဖြစ်သည်…ဟူသော သဘောထားအား ရင်မှာ ထာဝရ ပိုက်ထွေးထား သောသူများဖြစ်သည်…။ ဤကား သိဟ်ရာသီဖွား တို့၏ အချစ်ဒဿန ပေတည်း….။

သိဟ် အချစ်ဘဝ
SmileyCentral.com

သိဟ်ရာသီဖွား “LEO”များ၏ ချစ်ဘ၀သည်…အလွန်ပကာသန ဆန်လှသည်…။ခန့်ထည်သော ကျောရိုးဇာတ်လမ်းပေါ်တွင် ဂုဏ်၊ ရာထူး၊ အသိုင်းအ၀ိုင်း၊ ဓန၊ အလုံးစုံ ပြည့်နှက် နေသည်..။ ထို့အပြင် ယင်းတို့၏ အချစ်ဘ၀သည်.. သဘာဝဆန်လှသည်..။ အချစ်ကို တန်ဖိုးထားမည်..။ ရင်ထဲမှ အချစ်ကို အချစ်နှင့်သာ တန်ဖိုး ဖြတ်မည်…။ ရုပ်ဝထ္ထု၊ ဂုဏ်ပကာသန နှင့်မလဲလှယ် ထို့ကြောင့် ဤရာသီဖွားများ အားလုံးသည်.. အများက အံ့သြစေလောက်အောင်ပင် ပကာသန ၀န်းကျင်ဝိုင်းဝိုင်းလည်နေသည့် ကြားမှ တစ်ပါးသူ မထင်မှတ်ထားသည့် မိမိ ထက်နိမ့်သော မိမိကို ချစ်လွန်းသော သူအား ဘ၀အဖော်အဖြစ်ရွေးချယ်မည်…။ အချစ်ဘ၀တွင် ချစ်သူဘ၀ ရောက်၊ ထို့နောက် တစ်ယောက်နှစ် တစ်ယောက် ကွဲပြီးမှ ပြန်လည်အဆင်ပြေသော ကွာစေ့ ဇာတ်လမ်းများ ကြုံရမည်…။ မိမိ ခွင့်လွှတ်တတ်ခြင်းအပေါ် ချစ်သူက အခွင့်အရေးယူမှု များလွန်းသောကြောင့် ဝေးကွာ ခွဲခွာကြရပြီး မာနပြိုင်နေရာမှ နှလုံးသား၏ အချစ်စိတ်စေစားမှု ကြောင့် နောက်ဆုံး ပြန်ဆုံကြရမည်…။

အသက်(၁၇၊ ၁၉၊ ၂၀၊ ၂၁၊ ၂၃၊ ၂၄၊၂၇၊ ၂၉၊ ၃၂၊ ၃၇) နှစ်များတွင် နှလုံးသား မေတ္တာရေးတွင် အလွန်စိတ်ရှုတ် ဖွယ်ရာများကို ကြုံတွေ့ရမည်..။.အခြားသော ကာလများတွင် ကြီးမားသော အညံ့မရှိပါ…။အသက်(၂၅)နှစ်မှ (၂၉)ကြား၊ (၃၀)နှစ်မှ (၃၂) နှစ်ကြား ကာလများတွင် အလွန် ကောင်းသော ခိုင်မာသော ဘ၀များကို အချစ်ထံမှ ရယူထားသော စွမ်းအင်နှင့် တည်ဆောက် နိုင်ပေမည်…။သိဟ်ရာသီဖွား အများစုသည် ပတ်ဝန်းကျင် ရိုက်ဖတ်မှု ဂယက်ကို ဂရုမထား သော်လည်း မိမိဘ၀၊ မိမိမာန ကိုထိပါးလာလျှင် လည်းကောင်း၊ မိမိအချစ်အား တန်းဖိုးမထား၊ မိမိပေးသည်ကိုပင် အရနည်းသည်ဟု ယူဆသောသူနှင့် တွေ့ပါကလည်း အချစ်ကိုအမုန်းဘက် သို့ ချက်ခြင်းပြောင်းလဲတတ်သည်…။ အလွန်စိတ်ကြီးခြင်း မာနရှိခြင်းကြောင့် အချစ်ဘ၀တွင် ရံဖန်ရံခါ အသည်းကွဲရ ချစ်လျှက်နှင့် ခွဲရတတ်ပြန်သည်…။

အသားဝါ၀င်း၍ အမြဲတမ်း ပြုံးနေသော အလွန်မျက်နှာချိုသော်လည်း မာနရှိ၍ ပြတ်သားသော မေးရိုးပါးရိုး နှင့် နှာတံပေါ်၍ ခေတ်ဆန်ဆန် ၊သွက်သွက်လက်လက် ပါးပါးလှပ်လှပ် ပညာဥာဏ် ရှိသောသူနှင့် ဖူးစာဆုံမည်…။

SmileyCentral.com
ဆက်လက်ဖော်ပြပါမည်…..။

အဖြူရောင် ညီမလေး

ကရကဋ်ရာသီ (CANCER)

ကရကဋ်ရာသီ (CANCER)Photobucket

ဇွန်လ (၂၁) ရက်မှ ဇူလိုင် (၂၂) ကြားမွေးသော သူများကို ကရကဋ်ရာသီ “CANCER” ရာသီဖွားများဟု သတ်မှတ်လေသည်..။မြန်မာလ ၀ါဆိုလနှင့် နီးစပ်တူညီသည်….။

သော့ချက်ဗီဇ

စိတ်ဆိုးလွယ် စိတ်ပြေလွယ်သည်..။ စိတ်ဓါတ်ကျလွယ် တက်လွယ်သည်..။ အငြိမ်မနေတတ်။ မွေးရပ်ကို ခွဲခွာ၍ ကြီးပွားမည်…။ ဘ၀တွင်အတက်အကျ များမည်..။ စိတ်ကူးကောင်း ရှိသည်။ တီထွင် ဖန်တီးမှုစွမ်းရည် မြင့်သည်..။မိမိအကြောင်းကို အမြဲစဉ်းစားတတ်သည်..။အတိတ်ကာ လကို ပြန်လည်စဉ်းစား စိတ်ကူးမှုများသည်..။ဘ၀တွင် မိမိမျှော်လင့်မထားခဲ့သော အတိုင်းအတာထိ ဥစ္စာပိုင်ဆိုင်မည်..။ ဘ၀တိုးတက်မှု ရမည်..။သို့သော်…..ပတ်ဝန်းကျင်နှင့် တစ်စစ ကင်းကွာမည်..။ ချမ်းသာသော်လည်း အထီးကျန်ဆန်မည်….။


လက်သုံးဆောင်ပုဒ် MOTTO “I feel”
ကိုယ်ခံစားရတာကတော့…..

ချစ်ရေးဆိုရက်ကောင်းများ LUCKY DATES
လစဉ်လတိုင်း၏….

















1 2 4
7 10 11
19 20 25
28



ရက်နေ့များတွင် ဤရာသီဖွား အမျိုးသားများအတွက် နှလုံးသားအား ဖွင့်လှစ်၍ အချစ်ရေးဆို ရန် ရက်ကောင်းများ ဖြစ်ပါသည်..။

အချစ် အဖြေပေး ရက်ကောင်းများ LUCKY DAYS

တနင်္ဂနွေနေ့၊ တနင်္လာနေ့၊ သောကြာနေ့များတွင် မိမိကို ချစ်ရေးဆိုလာသူအား တုံ့ပြန်မေတ္တာ နှင်းအပ်၊ အဖြေပေး ခေါင်းညှိတ်ရန် လျော်ကန်သင့်မြတ်ပါသည်….။

ကရကဋ် အချစ်ဒဿန

ကရဋ်ရာသီဖွား “CANCER”များသည် အလွန်စိတ်ကုးယဉ်ဆန်သော ၊အချစ်ကို လိုလားသူဟု ကမ္ဘာ့နက္ခတ် ပညာရှင်များက သတ်မှတ်ထားသည်..။အလွန်လှပ ဆန်းကြယ် တင့်တယ်သော ရေကန်၏ အလယ်တွင် လရောင်ဖျန်ေးသာအခါ လန်းဆန်းဖူးပွင့်သည့် ကြာဖြူပွင့်ကဲ့သို့ နှလုံးသားကို ပိုင်ဆိုင်သူအဖြစ် ဤရာသီဖွားများ၏ နှလုံးသားအချစ် မေတ္တာအား ဖော်ကျူးထား သည်….။ အချစ်မေတ္တာအား စိတ်ကူးယဉ်စရာတစ်ခုဟု သတ်မှတ်ထားသည်။ လက်တွေ့ဘ၀ နှင့် ကင်းကွာသော အချစ်ကို လိုလားသည်..။ ချစ်ခြင်းမေတ္တာသည် ရင်ခုန်ချင်စရာ၊ စိတ်ကူး ယဉ်စရာ အဖြစ်သတ်မှတ်ပြီး ဒဏ္ဍရီ ပုံပြင်သမိုင်းထဲမှ အချစ်သူရဲကောင်းများအား နှစ်သက်သဘောကျ အားကျတတ်သော နှလုံးသားကို ပိုင်ဆိုင်ထားသည်..။

အလွန်ချစ်တတ်သလို အလွန်အငြိုးအတေးကြီးသည်..။ဤရာသီဖွားများအဖို့ ချစ်ခြင်းနှင့် မုန်းခြင်းကြား နယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာ ဖြစ်သည်..။တစ်ပါးသူအပေါ် သံယောဇဉ်ထားမိ၊ ချစ်မိ၊ တွယ်တာမိလျှင် အရာရာပေးဆပ်တတ်သလောက် မုန်းပြီဆိုလျှင် လည်း…လုံးဝ လှည့်မကြည့်တတ်…။ မိမိ၏ နှလုံးသားသည်…အငြိုးကြီးသည်၊အမှတ်သည်းခြေ ကြီးသည်…။ မိမိကို ဒုက္ခပေးထား၊ နှိမ့်ချဆက်ဆံထားသော သူများအပေါ် အခါသင့်လျှင် ပြန်လည် လက်တုန့်ပြန်၊ လက်စားချေတက်သော နှလုံးသားအား ပိုင်ဆိုင်သည်။ စိတ်ကောက် တတ်သည်..။ စိတ်ကြီးသည်..။ဆတ်ဆတ်ထိမခံတတ်။ တစ်စုံတစ်ရာ မိမိနှလုံးသားကို နာကျင်ထိခိုက်အောင် တစ်ဖက်သူမှပြုလျှင် ချက်ချင်း မုန်းတီး အရွဲ့တိုက်တတ်သော အချစ်နှလုံးသား ဒဿန ရှိသည်…။

ချစ်ခြင်းမေတ္တာအပေါ် အထိမခံ၊ အလွန်တန်ဖိုးထားတတ်သောသူ ဖြစ်သည်..။ သို့သော်…. မေတ္တာရေးတွင် မချောမွေ့။ ကံခေတတ်သော သဘာဝကို ပိုင်ဆိုင်သည်…။ အချစ်ဦးနှင့် ဆုံစည်းခြင်း မရှိ..။ထူးခြားချက်မှာ အချစ်ဆုံးသူနှင့်အိမ်ထောင် ကျမည်….။ မိမိ၏ အချစ်နှင့် နှလုံးသားခံယူချက်သည် ဆက်ဆံသော အသိုင်းအ၀ိုင်းအလိုက် စိတ်ပြောင်းလည်းတတ်သော သဘာဝရှိသည်…။ ပတ်ဝန်းကျင်၏ ပြောဆိုမှုကို ဦးစားပေးခြင်းသည် နှလုံးသားထက် ဦးနှောက်၏ ဆုံးဖြတ်ချက်ကို အလေးထားသလို ဖြစ်မည်..။ ဘ၀တွင် အသိုင်းအ၀ိုင်းက နှစ်သက်သူတစ်ဦး၊ နှလုံးသားကလက်ခံသူတစ်ဦး အကြား ရွေးချယ်ရန် အခက်ကြုံလိမ့်မည်..။ ထိုအခါတွင်..ရုပ်ဝထ္ထုပိုင်းထက် မိမိက မေတ္တာထားသလိုထားနိုင်သော သူကိုသာ ဦးစားပေး၍ ရွေးချယ်သင့်သည်..။ ဆုံးဖြတ်ချက်ချသောအခါ တစ်ပါးသူစကား နာယောင်မှုထက် ကိုယ်ပိုင် နှလုံးသား ခံယူမှုအပေါ် အခြေပြုပါ..။ အသက် (၁၆၊ ၂၀၊ ၂၅)နှစ်များတွင် တစ်ပါးသူပေးသော ဂတိအပေါ် ယုံစားတတ်၍ စိတ်အနှောက်အယှက်များ ကြုံကာ မေတ္တာရေးတွင် အညံ့ရှိသည်..။ အသက် (၂၅)နှစ်မှ (၂၉) နှစ်ကြားတွင် မိမိအပေါ် သံယောဇဉ်ကြီးသူအား ပယ်ခွာ၍ နောက်မှ ပေါက်သည့် ရွှေကြာကို အလွန်ဦစားပေးမည်…။ မိမိက မေတ္တာတရားနှင့် ချစ်ခြင်းကို လေးနက်စွာ ထား၍ ဘ၀အဖော် ရွေးချယ်လင့်ကစား မိမိအား အများက ဂုဏ်နောက်၊ ငွေနောက် လိုက်သည်ဟု သတ်မှတ်မည်…။ ဤရာသီဖွားများသည်.. ချစ်ခြင်းမေတ္တာကို မုန်းခြင်းနှင့် ဆန့်ကျင့်ဘက် ဖြစ်သည်ဟု ဘ၀တစ်လျှောက် တွေးခေါ်ထားသော သဘာဝအား ပိုင်ဆိုင်သည်…။

SmileyCentral.com

ကရကဋ် အချစ်ဘဝ



ကရကဋ်ရာသီဖွား “CANCER”များ၏ အချစ်ဘ၀သည် ဒဏ္ဍရီဆန်လှပေသည်..။ လက်တွေ့ ဘ၀ကို ဥပေက္ခာ မေ့လျော့ပြီး စိတ်ကူးယဉ်ကမ္ဘာလေးကို နုနုရွရွလေး တည်ဆောက်လိုသည်.။ နေ့စဉ်နေထိုင်မှု ဘ၀နှင့် အချစ် ဘ၀ တို့ကို သီးခြားထား၍ လူတစ်ကိုယ် ဘ၀နှစ်ခုနှင့် နေသော သူများဖြစ်သည်..။


အချစ်ကြောင့်ဖြစ်ပေါ်လာသော ပျော်ရွှင်ကြည်နူးခြင်း၊ ၀မ်းနည်းရခြင်း ၊ ထိခိုက်ခံစားရခြင်း အလုံးစုံကို တသသ ခံစားလိုသော စိတ်ကြောင့် မလိုလားအပ်သော အနှောက်အယှက်ရှိမည်..။ အချစ်ဘ၀တွင် နှလုံးသားကို လွန်လွန်ကဲကဲ ဦးစားပေးရန် မသင့်တော်ပေ..။ ထို့အပြင် ရုပ်ဝထ္ထုပိုင်းဘက် ဦးစားပေးလွန်းခြင်းကိုလည်း ရှောင်ပါ..။ အချစ်နှင့် အချစ်စစ် မခွဲခြားနိုင်သမျှ မိမိအချစ်ဘ၀ မဖြောင့်ဖြူးခြေ..။ ဤရာသီဖွားများသည် အသက် (၂၂) နှစ်မတိုင်မှီ ဘ၀ခြင်းကွာခြားပြီး မတူညီသော အနေအထားကို အချစ်ဆိုသော အရာနှင့် ဇွတ်အတင်းညှိ၍ အချစ်ဘ၀ကို ဖြတ်သန်းရင်း အချစ်အိမ်မက် စိတ်ကူးကမ္ဘာ တည် ဆောက်မည်..။ လက်တွေ့နှင့်ကွာဟ၍ စိတ်ညစ်ဖွယ်များနှင့်သာ ကြုံမည်..။ မိမိကိုယ်တိုင်က အသည်းကွဲခြင်းကို ခံစားလို၍ အသည်းကွဲမည်…။ အသက်(၂၂) နှစ်မှ (၂၆)နှစ်ကြား မေတ္တာ ရေးတွင် တည်ငြိမ်လိုသော ဦးနှောက်ခံစားချက်ရှိသော်လည်း နှလုံးသားတောင်းဆိုမှုကြောင့် မကြာခဏ စိတ်ပြောင်းရမည်..။ ဦးနှောက် နှင့် နှလုံးသား အားပြိုင်မည်…။ အသက်(၂၆)နှစ် ပြည့်ပြီးနောက်ပိုင်း အချစ်အိမ်မက်မှ နိုးထ၍ လက်တွေ့ဆန်သော ဘ၀သို့ ဦးတည်မည်..။ သတိပြူရန်မှာ ဤရာသီဖွား (၄၀%) သည် အိမ်ထောင်နှစ်ဆက် ကျတတ်သည်.. ။ ပထမ အိမ်ထောင်နှင့် ပက်သက်ပြီး ငွေကြေးဥစ္စာရတတ်သည်.. ။အမွေကဲ့သို့ရမည်..။ တရားရုံးမှ ရမည်..။ ဤရာသီဖွားများ၏ အချစ်ဘ၀သည် အချစ်ဝထ္ထု၊ ရုပ်ရှင်ထဲမှ ဇာတ်ကောင်များသဖွယ် တွေ့၊ ချစ်၊ ကြိုက်၊ ကွဲ၊ ပြန်ဆုံ၊ အရွေးရခက်၊ နောက်ဆုံးအခြေအနေ အပေးဆုံးသူနှင့် ဇာတ်သိမ်းတတ်သည်.. ။ အလွမ်းဘက်ဦးတည်ပြီး ချစ်သူကို အကြောင်းတစ်စုံတစ်ရာနှင့် စွန့်လွှတ်၍ သူတစ်ပါးက အပြစ်မပြောနိုင်သော ဖြစ်စဉ် အကြောင်းပြချက်များနှင့် ငွေကြေးဓန ပြည့်စုံသူကို အိမ်ထောင်ပြုရပြီးကာမှ ချစ်သူဟောင်းကို တသသကိန်းကြုံမည်..။ အသက်(၁၈) နှစ်မှ (၂၀)နှစ်ကြား ၊(၂၂) နှစ်မှ (၂၃) နှစ်ကြား ၊ (၂၅) နှစ်မှ (၂၆) နှစ်ကြား ၊(၃၀) နှစ်မှ (၃၁) နှစ်ကြား ၊(၃၂) နှစ်မှ (၃၃) နှစ်ကြား ကာလများတွင် အချစ်ရေး၊ အိမ်ထောင်ရေး၊ မေတ္တာရေး အညံ့ရှိမည်..။ အခြားကာလများတွင် ကြီးမားသောအညံ့ မရှိပါ..။ ကိုယ်လုံးကိုယ်ထည် တောင့်တင်းမျက်နှာဝိုင်းကာ အသားလတ်၍ နှုတ်ခမ်းလှပပြီး သွားစွယ်သွားတက် ရှိသောသူ နှင့် ဆုံစည်းဖူးစာဖက် ရမည်….။

Photobucket
.........ဆက်လက်ဖော်ပြပါမည်…..

Jul 17, 2009

မေထုန်ရာသီ(GEMINI)

မေထုန်ရာသီ(GEMINI)

မေလ(၂၁) ရက်နေ့မှ ဇွန်လ(၂၀) ရက်ကြား မွေးသောသူများကို"GEMINI" မေထုန်ရာသီဖွားများဟု သတ်မှတ်ပါသည်.။မြန်မာလ နယုန်လနှင့် နီးစပ်တူညီသည်..။

သော့ချက်ဗီဇ
တွေးခေါ်မှု ဥာဏ်ရည် ထက်မြက်သည်..။တစ်ပါးသူနှင့် ဆန့်ကျင်သော ရှုတောင့်မှတွေးခေါ်၊ ပြောဆို၊ လုပ်ကိုင်တတ်သည်..။ အခွင့်အရေး နှစ်မျိုးခွ အမြဲကြုံရမည်..။မနာလို အပြိုင်အဆိုင်၊ အတိုက်အခံကြားမှ ဘ၀တိုးတက်မည်..။မွေးရပ်ကို ခွာ၍ကြီးပွားမည်..။နှုတ်မှုရေးရာ ထက်မြက်သည်.။ သူစိမ်း၊ လူမျိုးကွဲ အကျိုးပေးမည်..။အသစ်အဆန်းဖြစ်သော အတွေ့အကြုံများနှင့် တိုးတက်မှုကို အမြဲမျှော်လင့်သည်..။

လက်သုံးဆောင်ပုဒ်...MOTTO"I...think.."
ကိုယ်ထင်တာက.....

ချစ်ရေးဆိုရက်ကောင်းများ."LUCKY..DATES"
လစဉ်လတိုင်း၏

1

3

5

6

10

14

15

17

19

21

23

24



ရက်များတွင် ချစ်ရေးဆို၊ချစ်ခွင့်ပန်ရန် အလွန်အခွင့်သာ အဆင်ပြေခြင်းမှာ ဤရာသီဖွား အမျိုးသားများအတွက်ဖြစ်မည်..။

အချစ်အဖြေပေးရက်ကောင်းများ"LUCKY..DAYS"

တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ကြာသာပတေး နေ့များတွင် ချစ်ရေးဆိုလာသူအား ဤရာသီဖွား မိန်းကလေးများမှ နှစ်သက်မှုရှိပါက အဖြေေးရန် ရက်ကောင်းပေသည်.။

မေထုန်အချစ်ဒဿန

မေထုန်ရာသီဖွား"GEMINI".တို့၏ နှလုံးသား ချစ်ခြင်းမေတ္တာသည် တစ်ပါးသူက မိမိအားမည်မျှ တားဆီးစေ၊ မိမိနှလုံးသားမှ လက်ခံပါက ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ချစ်တတ်သော နှလုံးသားရှိသည်..။


ကောင်းကင်မိုးမြင့် တိမ်တိုက်ကြားမှ လေဟုန်စီးပျံသန်းနေသော ငြိမ်းချမ်းရေး ချိုးဖြူငှက်ငယ်၏ တေးသံကြောင့် နိုးထ ရှင်သန် လာသည့် နှလုံးသားနှင့် အမြဲချစ်တတ်သောသူဟု ဖော်ကျူးထားသည်...။ပေးဆပ်တတ်သော မြင့်မြတ်သည့် နှလုံးသားကို ပိုင်ဆိုင်သည်..။မိမိ၏ ဘ၀ ကိုလည်းကောင်း..၊ မိမိ၏ အတွေးအမြင်ကိုလည်းကောင်..၊တစ်ခုခုပေါ်တွင် အထောက်အကူပြုနိုင်သူအား ချစ်ခြင်းမေတ္တာ သက်ရောက်မည်..။ပညာရှိပြီး ဥာဏ်ရည်မြင့်သော သူကို နှစ်သက်မည်..။ မိမိနှင့် တိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ် ရပ်တည်နိုင်သူကို ဘ၀အဖော်အဖြစ် ဦးစားပေး၍ ရွေးချယ်ချစ်တတ်သော သဘောရှိသည်..။ အမြဲရွေးရခက်အောင် အခွင့်အရေးနှစ်မျိုးကြုံရမည်..။ထိုကဲ့သို့ ရွေးချယ်ရန်ကြုံပါက ဦးနှောက်ကို ဦးစားမပေးပဲ နှလုံးသားမှတောင်းဆိုလာသည့်အပေါ် ရဲရင့်ပြတ်သားစွာ ဆုံဖြတ် မည့် သူဖြစ်သည်...။ တွေဝေဒွိဟ ဖြစ်တတ်သော သဘာဝရှိသော်ငြားလည်း ဤရာသီဖွားများ၏ နှလုံးသားမှာ အလွန်မာသည်...။ အလွယ်တကူ မျက်စိမှိတ်၍ လုပ်တတ်သော သဘာဝမရှိ။ မိမိအပေါ် လေးစားခြင်း..၊ တန်းဖိုးထားခြင်း.. နှင့်မိမိက လေးစားရသူအပေါ်ကိုသာ ချစ်တတ်သော သဘာဝရှိသည်..။ ဤရာသီဖွားများသည်.. မိမိထက်အသက်အရွယ်..၊ အနေအထား..၊ ဆက်ဆံရသော ပတ်ဝန်းကျင်.. မတူခြားနားသောသူကို ရွေးချယ်၍ မေတ္တာမျှ အိမ်ထောင်ပြုတတ်သည်..။ပတ်ဝန်းကျင်..၊သားချင်း..၊ဓလေ့များနှင့် ဆန့်ကျင်ပြီး နှလုံးသာကို ဦးစားပေး၍ ချစ်တတ်သောသူ ဖြစ်သည်..။ ချစ်သူအတွက်ဆိုပါက မိမိကိုယ်ရေးကိုယ်တာကို မငဲ့ကွက်၊ ပေးဆပ်ရန် ၀န်မလေးသော သဘာဝရှိသည်..။ ပင်ကိုစရိုက်တွင် တစ်ပါးသူအခက်အခဲများ၊ အချစ်ပြဿနာများကို မိမိကဦးဆောင်ဖြေရျင်းနိုင်သလောက်..မိမိကိုယ်တိုင်အတွက်မှု အကြံပေးနိုင်သူ၊ ဖြေရှင်းနိုင်သူ နည်းပါးတတ်သည်..။ မကြာခဏ ချစ်သူနှင့် ဝေးကွာ ခွဲခွာ နေရသော အနေ အထား သို့ရောက်လေ အချစ်စိတ်များ ပိုမိုပြင်ထန်လာလေ၊သံယောဇဉ်ပိုကြီး လာလေ ဖြစ်သည်..။ အလွန်.. စိတ်ကူးယဉ်တတ်သော.. နှလုံးသားအား ပိုင်ဆိုင်သည်..။ တေးဂီတတစ်ပုဒ်..၊ ကဗျာတစ်ကြောင်း.ကပင်လျှင် မိမိကချစ်သူကို တမ်းတ၊ လွမ်းဆွတ်စေနိုင်သော နှလုံးသားအားပိုင်ဆိုင်သည်..။

ဤရာသီဖွားများ(75%)သည် အသက်၊လူမျိုး၊မိမိနှင့်မိရိုးဖလာ ကွဲပြားသောသူများနှင့် မေတ္တာမျှတတ်သော သဘာဝရှိသည်..။အသက်(၁၆)နှစ် မှ (၂၃)နှစ်ကြား ဤရာသီဖွားများ၏ ချစ်ခြင်းမေတ္တာမှာ အလွန်ရှုတ်ထွေး၍ ကိုယ့်လွတ်လပ်မှုကို ပျက်စီးစေသောအရာဟု သတ်မှတ်မည်..။မိမိကိုယ်မိမိသာ အချစ်ဆုံးဟု သတ်မှတ်မည်..။ အသက်(၂၄) နှစ်မှ (၃၀)နှစ်ကြားအရွယ်တွင် ချစ်ခြင်းမေတ္တာ ဟူသည်မှာ စိတ်တူသဘောတူသူနှင့် ဘ၀အား ရင်ဆိုင်မည်သူ့အပေါ် ထားရှိရမည့်ခံစားချက်ဟုသတ်မှတ်မည်..။အသက်(၃၀)နှစ်အထက်တွင်မှု ချစ်ခြင်း မေတ္တာတရားသည် ကျယ်ပြန့်စွာလူတိုင်းအပေါ် ထားရှိအပ်သောအရာဟု သတ်မှတ်မည်..။ ဤကား...မေထုန်ရာသီဖွားတို့၏ ချစ်ခြင်းမေတ္တာ အပေါ်အမြင်ပေဖြစ်ပေမည်.....။

မေထုန်အချစ်ဘဝ

မေထုန်ရာသီဖွား"GEMINI"တို့၏အချစ်ဘ၀သည် အလွန်ဆန်းကျယ်လှသည်..။အချစ်ရေး..၊ မေတ္တာရေး. လမ်းကြောင်းတွင် အလွန်ခက်ခဲနှောင့်နှေး တတ်သော်လည်း အိမ်ထောင်ရေးတွင် ချမ်းမြေ့စရာများ ပြည့်နှက်နေသည်..။ အချစ်ဘ၀တွင် အကောင်း၊အဆိုးဖြစ်ရပ်တို့သည် နေ့ရက်နှင့်အမျှ ပြောင်းလဲ ဖြစ်ပေါ် နေသည်..။ မိမိနှင့် မိမိချစ်သူအကြား အဓိကပြဿနာ မရှိသော်လည်း မိမိတို့နှစ်ဦး၏ အချစ်အပေါ် ဝေဖန် တိုက်ခိုက် သူ အလွန်များမည်.။ မေထုန်ရာသီဖွား ကျား၊မ မရွေး မိမိထက်ကြီးသောသူများနှင့် ကံဆုံစည်း ရတတ်၏..။ မေထုန်အမျိုသားများတွင် ရွယ်တူ၊ငယ်သူထက်.၊"မမ" ဇတ်လမ်းကို ဦးစားပေးက ပို၍ အဆင်ချော သော အချစ်ဘ၀ ကိုရရှိမည်..။အသက်(၁၈)နှစ်မှ (၂၂)နှစ်ကြားတွင် အချစ်ဘ၀သည် မချောမွေ့ပါ..။ချစ်သူများ ယာယီမကြာခဏ ခွဲခွာရခြင်း၊ပဋိပက္ခများ ကြုံခြင်း၊မတူညီသော ဘ၀အနေအထား၊၀န်းကျင်အနေအထား များအပေါ် အခြေခံသော ပဋိပက္ခများကြုံခြင်း ရှိမည်..။အသက်(၂၂)နှစ်မှ (၂၄)နှစ်ကြား ဘ၀တွင် တည်ငြိမ် လာပြီး အသက်(၂၆)နှစ်နောက်ပိုင်းတွင် မေတ္တာအချစ်ရေးရာများ အေးချမ်းအဆင်ပြေ လာမည်..။အသက်(၁၈၊ ၂၂၊ ၂၄၊ ၂၇၊ ၃၁)နှစ်များတွင် မည်မျှအဆင်ပြောနေသော အနေအထားရှိနေစေကာမူ ကြံဖန်၍ စိတ်သောက ဖြစ်စရာများ အချစ်ဘ၀သို့ ၀င်ရောက်လာနိုင်သော အနေအထားရှိသည်..။ဘ၀တွင်...အမြဲရွေးရခက်အောင် အခွင့်အလမ်းနှစ်ခွ ပေါ်တတ်သည်..။ နှလုံးသားနှင့် ဦးနှောက် လွန်ဆွဲပွဲတွင် နှလုံးသားက အနိုင်ယူသွား ပါလိမ့်မည်..။ မိမိအပေါ် အလွန်ချစ်ခင်သော၊အရာရာစွန့်လွှတ်ရဲသော..၊မိမိအတွက် ဘ၀တစ်ခုလုံး ပေးဆပ် သော၊ အနစ်နာခံသော၊မိမိအလိုမှန်သမျှ ဦးစားပေးသောသူနှင့် ဘ၀ဆုံစည်းမည်..။ဤရာသီဖွားအများစုသည် အသက်၊ဂုဏ်၊၀န်းကျင်၊လူမျိုး၊ ဓလေ့မတူသူများနှင့် ဖူးစာဆုံသော အချစ်ဘ၀ကို ပိုင်ဆိုင်သည်..။နူးညံ့စွာပြောဆိုသော၊ မျက်လုံအိမ်အနည်းငယ် နက်ရှိုင်း၍ မျက်ဝန်းလှပလင်းလက်ပြီး နဖူးနှေင့်မျက်ခုံး၊ နှာတံတို့ ဆက်စပ်မှု အလွန်တင့်တယ်သော၊ နှုတ်ခမ်းမထူမပါး.၊နှုတ်ခမ်းစေ့နေတတ်၍ သွားစွယ်ရှိပြီး သပ်ရပ်တင့်တယ်စွာ နေတတ် သောသူနှင့် ဖူးစာဆုံမည်..။

ဆက်လက်ဖော်ပြပါမည်...။

Jul 15, 2009

ပြိဿရာသီ

ပြိဿရာသီ.....(TAURUS)

ဧပြီလ(၂၀)မှမေလ(၂၀)ရက်ကြားမွေးနေသောသူများကို"TAURUS"ပြိဿရာသီဖွားများ ဟုသတ်မှတ်သည်။
သော့ချက်ဗီဇခေါင်းမာသည်။မာနရှိသည်။စည်းစနစ်ကြီးသည်။အေးချမ်းတည်ငြိမ်သည်။ အရာရာ ပိုင်ပိုင်နိုင်နိုင် သုံးသပ်ပြီးမှ စနစ်တကျ လုပ်တတ်သည်။ နှေးသော်လည်း သေချာမှုရှိသည်။ မောင်ဆိုး နှမဆိုး ဒဏ်ခံရမည်။ မိသားစု မိဘအပေါ် အလွန်တာဝန်ယူပေးဆပ်ရမည်။ သစ္စာကြီးသည်။ စိတ်ဓါတ်တွင် အလွန်နူးညံ့ သိမ်မွေ့သည်။ စိတ်တို ဒေါသထွက်လျှင် မူပေါက်ကွဲသော မီးတောင်အလားဖြစ်မည်.။ လှပသော ၀န်းကျင်၊ အေချမ်းသော အိုးအိမ်..၊ နူးညံ့သောစကား..၊ ဒဏ္ဍရီဆန်သော..မေတ္တာဝန်းကျင်တွင် မွေ့ပျော်တတ်သည်..။

လက်သုံးဆောင်ပုဒ်....MOTTO.."I....have"
ကိုယ်ဆီမှာတော့......

“ချစ်ရေးဆို ရက်ကောင်းများ”
လစဉ်လတိုင်း၏

3

5

6

9

10

14

15

17

19

21

23

27



ရက်နေ့များတွင်ချစ်ခွင့်ပန်၊ချစ်ရေးဆိုရန်အခွင့်သာတက်သည့်အခါကောင်းများဖြစ်ပေသည်။

အချစ်အဖြေပေးရက်ကောင်များ"LUCKY…DAYS"

အင်္ဂါနေ့၊ ဗုဒ္ဓဟုးနေ့၊ သောကြာ နေ့များတွင်ချစ် ရေးဆို လာသူအား နှစ်သက်ပါက .......
မေတ္တာတုံ့ပြန် အဖြေပေးလျှင် မေတ္တာလမ်း အဆင်ပြေလှ ပေမည်။

ပြိဿအချစ်ဒဿန ပြိဿရာသီဖွား "TAURUS" တို့၏ နှလုံးသား ချစ်ခြင်းမေတ္တာသည် အလွန် သစ္စာတရား ကြီးမားပြီး ပေးဆပ် ခြင်းကိုဦးစားပေးသော မေတ္တာတရားကြီးမားသူ များ ဟုပညာရှင်များက သတ်မှတ်ထားသည်။ (၅၂၈)နှင့်(၁၅၀၀) မေတ္တာလွန်ပွဲများ၊ ဘ၀ကွာခြားမှုများ အကြား ကျောက်ဆစ်၏ ကျောက်တောင်ကဲ့သို့ မာကျောသော နှလုံးသား အလယ်မှ ထူးခြားစွာ ပွင့်လန်းသော နတ်ပန်းကဲ့သို့ ပွင့်ခဲ၊ ချစ်ခဲသော အချစ်နှလုံးသားအား ပိုင်ဆိုင်ထားသည်။ မေတ္တာတရားအား ဆုံးဖြတ်သောအခါတွင် သေချာစွာ အချိန်ယူ ဆုံးဖြတ်ပြီးမှ ချစ်တတ်၊ တွယ်တာတတ်သည်။ ပြောခဲ့သောစကား၊ ဆုံးဖြတ်ပြီး သောအရာအား ဘယ်တော့မှမပြင်တတ်၊ သစ္စာတရားအား ရင်ဝယ်ပိုက် ထားသူဖြစ်သည်။ ငယ်ချစ်ကိုဦးစားပေးတတ်သည်။

ခိုင်မာသော မေတ္တာကို ပိုင်ဆိုင်သည်။ မိမိက ချစ်ရသူအပေါ် အမြဲစိတ်ချမ်းသာအောင် ဖြည့် စည်းပေးမည်ဟူသော ဒဿနကို ပိုင်ဆိုင်သည်.....။ သံယောဇဉ်ကြီးသည်။ အချော့ကြိုက် အပျော့ကြိုက်ဖြစ်မည်။ ချစ်ခဲသည်....။ အချစ်မြဲသည်.....။ အချစ်တွက်ဆိုလျှင် ပတ်ဝန်းကျင်နှင့်ဆန့်ကျင်ရန်သော် လည်းကောင်း၊ မိသားစုနှင့် ဆန့်ကျင်ရန်လည်းကောင်း ၀န်မလေး။ ကိုယ်တိုင်ဆုံးဖြတ်မည်။ အသိုင်းအ၀ိုင်း ၀န်းကျင်မတူသူ ကိုရွေးမည်။ ထို့ကြောင့်... မေတ္တာလမ်းကြောင်းသည် မချောမွေ့။ အခက်အခဲများမည်။ ချစ်သူနှင့် ပေါင်းဖက်ရန် ဆုံးစည်းရန်သာ အဓိကထားသည်။ အပျော်ချစ်သူ လုံးဝ မထားတတ်..။ အချစ်စစ် ကိုဦးစားပေး တတ်သည်။ ကိုယ်တိုင်ကလည်း တစ်ပါးသူအားပိုက်ထွေးယုယမည်။ မိမိကိုယ်တိုင်လည်း အယုအယ ကြိုက်မည်..။ သစ္စာရှိသူကိုလည်း လိုလားမည်..။ ချစ်ခြင်းမေတ္တာ ဆိုသည်မှာ သစ္စာတရားရှိမှ ခိုင်မြဲသည်. ၊ပြီးပြည့်စုံသည်ဟု.. ခံယူထားသည်.။

နှလုံးသားမှအချစ်သည် သံယောဇဉ်အတွယ်အတာ မှတစတစ. မြင့်မားလာသော..၊ တိုးပွားလာသော..၊ ချစ်တတ်လာသော..၊ မေတ္တာအမျိုးအစားဖြစ်သည်..။ ဤရာသီဖွားများသည်. မိမိက. သူတစ်ပါး အပေါ် ကောင်းသလောက်..၊ ပေးဆပ်သလောက်.. မိမိကိုထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းပေသည်..။ မိသားစု၊ ညီအကို၊ မောင်နှမများအား(၅၂၈) မေတ္တာဦးစားပေးမှု ကြောင့်(၁၅၀၀) မေတ္တာတွင် အညံ့ရှိမည်..။ တစ်ခါတည်းထား..၊တစ်ကြိမ် တည်းမြဲလိုသောချစ်သူကို လိုလားမည်..။ သို့သော်... ဤရာသီဖွား.(၈၀%) သည် အချစ်ဦးနှင့် ဆုံးဆည်းကိန်း မရှိတတ်ပါ..။ အချစ်အပေါ်.. ထားရှိသော ဒဿနအမြင်သည်
အသက်(၁၆)နှစ်မှ (၂၂)နှစ် အတွင်း မိမိကိုကို တစ်စိုက်မတ်မတ် စိတ်ဝင်စားသော နီးစပ်သူနှင့် သံယောဇဉ်တွယ်ပြီး နီးစပ်မှုကြောင့်.. မေတ္တာတရား ပေါ်ပေါက်သည် ဟုသတ်မှတ်သည်..။

အသက်(၂၃)နှစ်မှ(၂၈)နှစ်ကြားအရွယ်တွင် ချစ်သူထက် မိဘကို ပိုချစ်သင့်သည် ဟူသောစိတ်ရှိသည်...။ အသက်(၂၈)နှစ်မှ (၃၅)နှစ်ကြားတွင် မေတ္တာတရားသည်... ဘ၀အတွက် ထာဝရ လက်တွဲရန် အဖော်ရှာခြင်းဟု.. သတ်မှတ်မည်..။ ဤကား.. ပြိဿရာသီဖွားတို့၏.. ချစ်ခြင်းမေတ္တာ အပေါ်ထားရှိသော သဘောထား အမှန်ပင် ဖြစ်ပေသည်...။

ပြိဿအချစ်ဘဝ

ပြိဿရာသီဖွားတို့၏ အချစ်ဘ၀သည် လွယ်မယောင်နှင့်ခက်၊ ခက်မယောင်နှင့်နက် လှပေသည်..။ ဘ၀တွင် အရာရာ ကိုမိမိကသာပေးဆပ်ရန် လူ့လောကသို့ ဖန်တီး ကျရောက်လာသည့် အလားငယ်စဉ်ပျိုနုနယ်သော
ဘ၀မှသည် အရွယ်နှင့် မမျှအောင် မိသားစု၊ မောင်နှမသားချင်း များအပေါ် လွန်လွန်ကဲကဲ ပေးဆပ်ရမှုကြောင့် မိမိကိုယ်ပိုင် အခွင့်အလမ်း၊ ခံစားချက်၊ အချစ်ဘ၀ကိုရှေးတိုးရန် ခက်ခဲပေမည်..။
(၅၂၈)နှင့်(၁၅၀၀)မေတ္တာလွန်ဆွဲမှုဒဏ်ခါးစည်းခံရမည်..။ ပျိုရွယ်သောကာလ တွင်ဘ၀တိုးတက်မှုအတွက် အချစ်ကိုဦစားပေးမပေးခဲ့ ချစ်သူခင်သူ ပေါလင့်ကစား မိမိကမေတ္တာ မမျှရဲသလို ဖြစ်မည်..။ ထို့အပြင် မိမိ၏ ချစ်တတ်သော နှလုံးသာအပေါ်လှည့်စာသူများ အပျော်ချစ်သူများ၊ အသည်းခွဲလိုသူများ၏ အန္တာရယ်ကြားတွင်
ဘ၀ကိုဖြတ်သန်းရမည်..။
ဤရာသီဖွားများသည် နီးစပ်မှုရှိသောသူများနှင့် မေတ္တာရည်မျှရသော သဘာဝရှိသည်.။ နေထိုင်မှု၊ ဖြတ်သန်းမှု၊ နေရာချင်းနီးသော သူများနှင့် ဖူးစာ ဆုံတတ်သည်..။

မိမိရွေးချယ်သောသူနှင့် သားချင်းမိဘကြား ပဋိပက္ခများကြား မှချစ်သူကို လက်တွဲရမည့် အချစ်ဘ၀ကို ပိုင်ဆိုင်သူဖြစ်သည်..။
အခက်အခဲများ မည်မျှရှိစေကာမူ အချစ်ဘ၀သည်အလှအပနှင့်နိဂုံး ချုပ်ရတတ်ပြီး ချစ်သူနှင့် ပေါင်းဖက်ရကိန်း ရှိသည်..။ အချစ်အတွက် အရာရာကိုရင် ဆိုင်ရင်း အငြိုအငြင် ခံရသည့် ကြားမှ အေးချမ်းသော..၊ အောင်မြင်သော အိမ်ထောင်သည်ဘ၀ကို ရရှိမည်..။

အသက် (၁၆၊၁၈၊၂၁၊၂၃၊၂၆၊၃၁၊၃၅၊၃၇) နှစ်များတွင် နှလုံးသားထိခိုက် စရာများ...၊ စိတ် အနှောက်အယှက်များ ကြုံ ရမည်..။
ဤရာသီဖွားများသည်.. အသားလတ်လတ်၊ ဆံပင်ထူထူ၊ ဆံပင်လှိုင်းတွန့်ရှိ၍.. အရပ်သွယ်သွယ် နှာတံပေါ်၍..နှုခမ်းလှကာ
နှားခေါင်းဘေး(သို့)ပါးတွင်မှဲ့ပါသောသူနှင့်ဖူးစာဆုံမည့်အချစ်ဘ၀ကို ပိုင်ဆိုင်သည်...။


ဆက်လက်ဖော်ပြပါမည်...။

Jul 14, 2009

ဆယ့်နှစ်ရာသီအချစ်ဟောစတမ်းများ.....

ဒါကတော့

ဆရာကြီး.. စံ-ဇာဏီဘိုရဲ့.. ဆယ့်နှစ်ရာသီအချစ်

ဟောစာတမ်းထဲက အချစ်အကြောင်းအရာလေးတွေကို

ကောက်နှုတ် တင်ပြထားတာပါ…။

ရာသီဖွား တစ်ခုဆီ၏ အချစ်ဒဿန၊ အချစ်ဘ၀များကို ဖော်

ပြ ပေးထားပါသည် အကုန်လုံးကို တစ်ပြိုင်နက်ထဲ မတင်နိုင်

ပေမယ့် ရာသီဖွားတစ်ခုဆီကို တစ်ရက်နှုန်းနဲ့ ဖော်ပြပေးသွား

ပါမယ်။ တော်တော်မှန်တဲ့ ဗေဒင်လေးမို့လို့ သူငယ်ချင်းအားလုံး

အားပေးကြပါဦးနော်


မိဿရာသီ


မတ်လ(၂၁)မှ ဧပြီလ(၁၉)ရက်ကြား မွေးနေ့တည်ရှိသော

သူများကို "ARIES" မိဿရာသီဖွားများဟု သတ်မှတ်သည်။

မြန်မာလတန်ခူးလနှင့် နီးစပ်တူညီသည်။

သော့ချက်ဗီဇ

အငြိမ်မနေတတ်၊ လွတ်လပ်မှုကို မြတ်နိုးသည်။

တစ်ပါးသူ မလုပ်လိုသော အရေးကိစ္စများကို

ဆောင်ရွက် အောင်မြင်နိုင်စေသော အစွမ်းအစရှိသည်။

အစဉ်အလာလမ်းရိုးအတိုင်း မလုပ်လို။

အရာရာ ကိုယ်ပိုင်ဟန်နှင့် ဆောင်ရွက်တတ်သည်။

စိတ်ကြီးသည်။ ဇွဲကြီးသည်။ အလွယ်တကူ လက်မလျှော့တတ်။

အတိုက်အခံ၊ အခက်အခဲများအား ကျော်လွှားပြီး

ထူးခြားသော အောင်မြင်မှုကို ရရှိမည်။

လက်သုံးဆောင်ပုဒ်....MOTTO'I...am'

ကိုယ်ကတော့………

ချစ်ရေးဆိုရက်ကောင်းများ"LUCKYDATE"

လစဉ်လတိုင်း၏

3

6

7

9

10

15

18

21

24

27

30


နေ့များတွင် ချစ်ရေးဆိုရန် အခါကောင်းပါသည်။

ဤကားမိဿရာသီဖွားတို့၏စန်းကောင်းရက်များဖြစ်ပေသည်။

အချစ်အဖြေပေးရက်ကောင်းများ"LUCKYDAYS"

အင်္ဂါနေ့၊ ကြာသာပတေးနေ့၊ သောကြာနေ့များတွင်

မိမိကို ချစ်ရေးဆိုသူအား မိဿရာသီဖွားများမှ

အဖြေပေးရန် ကောင်းလှပါသည်။

မိဿအချစ်ဒဿန


မိဿရာသီဖွား "ARIES" တို့၏နှလုံးသားသည်

အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။

နှလုံးသားစစ်ပွဲများ၊ ဒဏ်ရာဒဏ်ချက်များ၊

မီးတောက်မီးလျှံများကြားမှ အလွန်ချစ်တတ်သော

နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော အချစ်ရှိသူ

ဟု ဖော်ကျူးထားသည်။

အပြင်ပုံစံတွင်ကြမ်းတမ်းသည်ဟုထင်ရသော်လည်း၊

အတွင်းစိတ်မှာ နူးညံ့သည်။

မေတ္တာရေးတွင် ရယူချင်းထက် ပေးဆပ်ချင်းကို ဦးစားပေးမည်။

တစ်ဦးတစ်ယောက်ကို ချစ်မိလျှင် မျက်စိအောက်က

အပျောက်မခံ။ မုန်းမိလျှင်လည်း မမေ့နိုင်။

သံယောဇဉ် တနွယ်နွယ် ဖြစ်တတ်သည်။

သဘောထား ကြီးမြတ်မည်။ သည်းခံခွင့်လွှတ်တတ်သော

အချစ်နှင့် နှလုံးသားကို ပိုင်ဆိုင်သည်။

အလွန်အချစ်ခံလိုသော အချစ်ကို ပိုင်ဆိုင်ထားသည်။

အချစ်အား လိုလားသည်။ မိမိအပေါ် အေးအေးချမ်းချမ်း၊

သိမ်သိမ်မွေ့မွေ့၊ နူးနူးညံ့ညံ့ အလေးပေး၍ဆက်ဆံ

သူအား လိုလားသည်။ ထို့အပြင် သနားချစ်၊ အားနားချစ်

ကို ဦးစားပေးတတ်သည်။ အချစ်ရေးရာကိစ္စ၊ အိမ်ထောင်ရေးရာ

ကိစ္စများတွင် ဦးနှောက်ကို ဦးစားမပေး၊ နှလုံးသားနှင့် ဆုံးဖြတ်တတ်

သည်။ အချစ်အတွက် ဘာမဆိုပေးဆပ်ရဲသောသတ္တိရှိသည်။

တဇွတ်ထိုးလုပ်ခြင်း၊ စိတ်ဒေါသကြီးခြင်းများ ရှိလင့်ကစား

မေတ္တာဘ၀လမ်းကြောင်းတွင် အနှောက်အယှက်ဖြစ်

လောက်အောင်အထိ အနှောက်အယှက် မကျရောက်နိုင်ပါ။

ဤရာသီဖွားများသည်မျက်နှာများလိမ့်မည်။

နောက်ဆုံးအိမ်ထောင်ပြုသောအခါတွင်နီးစပ်မှု

အရှိဆုံးသူနှင့်သာအိမ်ထောင်ကျမည်။

အချစ်ဦနှင့်ဆုံဆည်းကိန်းမရှိပါ။သို့သော်အိမ်ထောင်ပြု

ပြီးသောအခါအိမ်ထောင်တစ်ဆက်တည်းနှင့်မြဲစေရန်

အမြဲထိန်းသိမ်းတက်သည်။ကြိုးစားမည်။

မိမိသည်နာမည်ပျက်ရှိသူ(သို့)တစ်စုံတစ်ရာဘ၀တွင်

အချစ်ကံခေခဲ့သူအားပို၍တိမ်းညွှတ်ချစ်တတ်သော

နှလုံးသားကိုပိုင်ဆိုင်သည်။အချစ်ကိုဦးစားပေးမည်။

ချစ်သူကြောင့်မိမိပတ်ဝန်းကျင်တွင်အပြောအဆိုခံရမည်။

သို့သော်ထိုးအချစ်သည်ပင်မိမိအားပျော်ရွှင်ချမ်းမြေ့မှုကိုပေးလိမ့်မည်

ဤရာသီဖွားများ၏အချစ်ဒဿနမှာအသကိအရွယ်ကို

လိုက်၍ကွားခြားသွားသည်။အသက်(၁၅)နှစ်မှ(၁၉)နှစ်အတွင်း

လူငယ်များသည်အချစ်ကိုရင်ခုန်စရာ၊စိတ်လှုပ်ရှားမှု

တစ်ခုဟုသတ်မှတ်မည်။အသက်(၂၀)နှစ်မှအသက်(၂၅)

ကြားအရွယ်သည်အချစ်ကိုကြေကွဲစေခြင်းဝမ်နည်းစေခြင်း၊

နှလုံးသားအားနာကြာင်စေချင်းဟုသတ်မှတ်သည်။

အသက်(၂၅)မှ(၃၀)ကြားအရွယ်သည်အချစ်ကိုပေးဆပ်ချင်းဟု

ယူဆသောဒဿနရှိသည်။အသက်(၃၀)အထက်တွင်မူချစ်ခြင်း

မေတ္တာသည်မိမိကပေးမှသာလျှင်တစ်ပါးသူထံမှပြန်လည်ရရှိမည်

ဟူသောဒဿနကိုရင်ဝယ်ထားရှိမည်။အသက်(၄၀)အထက်တွင်မူ

တစ်ပါးသူကမိမိအားသံယောဇဉ်ထားခြင်း၊အလိုလိုက်ခြင်းနှင့်

ချစ်မြတ်နိုးမှုကိုအလွန်တောင့်တမည်။

ဤကားမိဿရာသီဖွားတို့၏အချစ်ဒဿနပင်တည်း….။


မိဿအချစ်ဘဝ


မိဿရာသီဖွား"ARIES"များ၏အချစ်ဘ၀လမ်းသည်

အလွန်ကြမ်းတမ်းလှသည်။အခက်အခဲများ၊

အတိုက်အခံများ၊ဘ၀တိုက်ပွဲများကိုအဆင့်ဆင့်ကျော်

လွှားရပေလိမ့်မည်။အဓိကအားဖြင့်အသက်(၁၉)နှစ်

မတိုင်မှီအထိအချစ်ကိုကစာစရာ၊ရင်ခုန်စရာတစ်ခုအဖြစ်

သတ်မှတ်မိ၍စိတ်အနှောက်အယှက်များကြုံရမည်။

အသက်(၂၀)နှစ်မှ(၂၃)နှစ်ကြားတွင်မိမိချစ်သောသူက

တစ်ယောက်၊မိမိအပေါ်ချစ်သူကတစ်ယောက်အဖော်မဲ့

နေ၍သနားချစ်နှင့်လက်တွဲပေးနေရသူတစ်ဦးဆိုသကဲ့သို့

မေတ္တာလမ်းကြောင်းများရှုတ်ထွေးနေမည်။

အသက်(၂၀)နှင့်(၂၃)နှစ်များတွင်မိမိဘ၀၏တစ်ဆစ်ချိုး

အပြောင်းအလဲများကြုံပြီးမိမိချစ်သူများနှင့်မိမိအကြား

ဘ၀ကွာဟမှုများရှိမည်။အသက်(၂၃)နှစ်မှ(၂၅)နှစ်ကြား

နှစ်လုံးသားချင်းထာဝရလက်တွဲနိုင်သူများရှိလာမည်။

အချစ်ဦးမဟုတ်လင့်ကစားအချစ်ဆုံးကိုတွေ့လိမ့်မည်။

အချစ်နှင့်အချစ်စစ်ကိုခွဲခြားသိရှိ၍လာလိမ့်မည်။

အသက်(၂၆)နှစ်နောက်ပိုင်းမေတ္တာရေးလမ်းကြောင်း

သည်တစ်စတစ်စချောမွေ့လာလိမ့်မည်။အသက်အရွယ်

ငယ်စဉ်ကချစ်သူများကိုကြိုးစားမေ့ဖျောက်ရင်း…

အိမ်ထောင်သည်ဘ၀ကိုတစ်ပါးသူများနှောက်ယှက်

သည့်ကြားမှချစ်သူနှင့်မရရအောင်ပေါင်းစည်းပေးသော

ကံဇတ်ဆရာ၏စီမံမှုကိုပျော်ရွှင်စွာခံယူရမည်။

ဤရာသီဖွားများ၏(၇၅)%သည်မည်မျှအဆင်ပြေသော

အနေအထားရှိစေကာမူနှစ်ဦးသဘောတူလက်ထပ်ပြီးမှ

မိဘတို့၏စီစဉ်ပေးမှုနှင့်လက်ထပ်ပွဲကျင်းပရမည်။

ဤရာသီဖွားများသည်ပညာအတတ်ရှိ၍စိတ်ကောင်း

ရှိသော်လည်းဘုဂွပြောတတ်ကာ၊ပျော်ပျော်နေတတ်သော

သူများနှင့်ဖူးစာဆုံမည်။အသားလတ်လတ်နှာတံပေါ်၍

မျက်ဝန်းအိအိမျက်ရစ်ပါသည်ဆိုရုံလေးပါ၍မျက်လုံး၊

မျက်ခုံးကောင်းကာဆံပင်ပါးပါးဖြောင့်ဖြောင့်၊နှုတ်ခမ်းတွင်

မှဲ့ပါသောသူနှင့်ဖူးစာဆုံမည့်အချစ်ဘ၀အားပိုင်ဆိုင်ထားသည်။


ဆက်လက်ဖော်ပြပါမည်...။

Jul 12, 2009

ချစ်သူနှစ်ဦးကြားချစ်သက်တမ်းကြာကြာဖြစ်ချင်သလား..၊

ကဲသူငယ်ချင်းတို့ဒီအချက်ကလေးတွေကိုသာဂရုတစိုက်
နဲ့စမ်းသပ်ကြည့်နော်....
ဖြူလေးကတော့ချစ်ချစ်မရှိတော့မစမ်းသပ်ဘူးဘူး
စမ်းသပ်တာအောင်မြင်တယ်ဆိုပြောပြနော်


1. နာမည်ခေါ်ဝေါ်သုံးစွဲတာမလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန်နဲ့အခြားအစိတ်အပိုင်းများကိုမလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီးအကျင့်စာရိတ္တကိုမဝေဖန်ပါနှင့်
4. စကားပြောနေစဉ်အခြားသူတစ်ဦးနာမည်ကိုမကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ်အခြားသူတစ်ယောက်နှင့်လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့်ကိစ္စကိုမငြင်းပါနှင့်
7. ဖြစ်ပြီးသားပြသနာများကိုပြန်မပြောဖြစ်အောင်ကြိုးစားပါ
8. ဖြစ်ပျက်သမျှကိုသူငယ်ချင်းများကိုမပြောပါနှင့်
9. သူကြိုက်သည့်အရာများကိုမမုန်းပါနှင့်
10.အချို့ကိစ္စများကိုမသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့စကားမပြောပါနှင့်
12. စကားများတိုင်းသူပြောတာကိုနားထောင်ပေးပြီးစဉ်းစားပါ
13. သူစကားပြောနေစဉ်မကြာခဏဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကိုပြီးဆုံးသည်အထိမဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှမအော်ပါနှင့်
16. သူသာသင့်အတွက်အလိုအပ်ဆုံးဆိုတာသူသိပါစေ
17. ချစ်သူကချောလား၊လှလားမေးတိုင်းပြုံးသာပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်းသင်ကသာငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင်အခြားသူများကိုသိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရဖြစ်ရပ်များကိုသတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင်ချစ်သူ၏
မွေးနေ့နှင့်ရည်းစားစဖြစ်သည့်နေ့ကိုမှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကိုသင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်းမယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများမကြာခဏပေးပါ။ ။

(သားသားနေ.....စမ်းကြည့်နော်)

Jul 10, 2009

သူငယ်ချင်းမသိတဲ့အချစ်....

သူငယ်ချင်းအားလုံး*ဖြူလေး*အရမ်းကြိုက်တဲ့သီချင်းလေးကို
ခံစားပေးပါဦးးနော်.......


တို့နှစ်ယောက်ရဲ့ဘ၀ဝေးခဲ့ဘူးတယ်.....
မတွေ့ရတော့မှလွမ်းမှန်းသိတယ်
ရိုးရိုးလေးဘဲတို့ချစ်ခဲ့တယ်....သူငယ်ချင်းရယ်



မင်းနှုတ်ခမ်းလေးထဲစွဲလမ်းဘူးတယ်
ဝေးခဲ့ရတော့တမ်းတမိတယ်
ရိုးရိုးလေးဘဲတို့ချစ်ခဲ့တယ်..သူငယ်ချင်းလေ..



မင်းအနားမှာဘဲနေချင်တယ်...
မင်းရဲ့ပုံရိပ်လေးဘဲတမ်းတဆဲ
သူငယ်ချင်းလို့ပြောနေပေမယ့်လည်း..
ငါ့ရင်ထဲကချစ်နေတယ်..


အဆိုးဆုံးတွေကိုလည်းမြင်နေတယ်
ဝေးရမှာကြိုသိတဲ့ငါ့ရင်ထဲ
သူငယ်ချင်းလို့ပြောနေပေမယ့်...
ရင်ထဲ..ငါ့ရင်ထဲကချစ်နေတယ်...


အလွမ်းကြောင့်စီးတဲ့ငါ့ရဲ့မျက်ရည်...
မင်းနဲ့ဝေးတဲ့ငါ့ရဲ့ညတွေ
စည်းခြားထားတဲ့တို့ရဲ့အချစ်တွေ..သူငယ်ချင်းရေ..


ငါပေးဆပ်ခဲ့သမျှအချစ်ရဲ့သက်သေ
မင်းမသိခဲ့တဲ့ငါ့ရဲ့အချစ်တွေ
ရိုးရိုးလေးဘဲတို့ချစ်ခဲ့တယ်..သူငယ်ချင်းလေးးးး....

သင်ကောဘယ်သူ့ကိုအလိုအပ်ဆုံးလည်း......?

အမေရိကားရှိတက္ကသိုလ်တစ်ခုမှာဖြစ်ပျက်ခဲ့တယ်
လို့ဖတ်ရဖူးတဲ့ပုံပြင်လေးတစ်ပုဒ်ပါ။


တစ်ခါကတက္ကသိုလ်တခုတွင်ကျောင်းဆင်းခါနီးဆရာက ....


"ကစားနည်းတခုကစားရအောင်..ဆရာနဲ့အတူဘယ်သူပါဦးမလဲ"


ကျောင်းသူတဦးထရပ်ပြီးစတိတ်စင်ပေါ်တက်လိုက်သည်။

ဆရာက.....

"သင်ပုန်းပေါ်မှာကိုယ့်နဲ့အရင်းနှီးဆုံးလူ(၂၀)ဦးရဲ့နာမည်ကို
ရေးလိုက်ပါ"


သူမကဆရာပြောသည့်အတိုင်းအိမ်နီးချင်း၊သူငယ်ချင်း၊
ဆွေမျိုးသားချင်း၊မိသားစုနာမည်များကိုရေးချလိုက်သည်။
ထို့နောက်ဆရာက


"အဲဒီနာမည်တွေထဲကမရှိလဲဖြစ်တယ်၊မလိုအပ်ဘူးလို့
ထင်တဲ့နာမည်ကိုဖျက်လိုက်ပါ"


အိမ်နီးချင်းတစ်ယောက်၏နာမည်ကိုသူမဖျက်လိုက်သည်။


"နောက်တစ်ယောက်ထပ်ဖျက်လိုက်ပါဦး"


သူငယ်ချင်းတစ်ယောက်၏နာမည်ကိုဖျက်လိုက်ပြန်သည်။

ဆရာပြောတိုင်းသူမကတစ်ယောက်ပြီးတစ်ယောက်ဖျက်လိုက်နှင့်

နောက်ဆုံးသင်ပုန်းပေါ်တွင်လူသုံးဦးသာကျန်ခဲ့သည်။

ထိုသူများမှာ...မိဘ၊လင်ယောက်ျားနှင့်သားသမီးဖြစ်သည်။
ကျောင်းသားများအားလုံးစိတ်ဝင်တစားသင်ပုန်းကိုသာ
စူးစိုက်ကြည့်နေကြသည်။
စာသင်ခန်းတစ်ခုလုံးမှာတိတ်ဆိတ်နေပြီးကစားနည်း
တစ်ခုကစားနေတာနှင့်ပင်မတူတော့ပေ။
ဆရာကတည်ငြိမ်သောအသံဖြင့်နာမည်တစ်ခုထပ်ဖျက်ခိုင်းပြန်သည်။
သူမမှာအရွေးရခက်သောဟန်ဖြင့်အကြာကြီးစဉ်းစားပြီးမှ
မိဘဆိုသည့်နာမည်ကိုကြက်ခြေခတ်ဖျက်ချလိုက်သည်။

"နောက်တယောက်ထပ်ဖျက်လိုက်"

ဘေးမှဆရာ၏အသံကထပ်မံထွက်လာပြန်သည်။
ဒီတစ်ခေါက်သူမဖျက်ချဖို့လက်မြှောက်ရာတွင်ပင်အင်အားကုန်ခမ်း
နေဟန်တူသည်။လက်ကိုဖြေးဖြေးချင်းမြှောက်ပြီးသားသမီးဆိုသည့်
နာမည်ကိုဖျက်ချသည်နှင့်တစ်ပြိုက်နက်စိတ်ထိခိုက်သောအသံဖြင့်
ချုံးပွဲချငိုကြွေးလေတော့သည်။
ဆရာကသူမအားနှစ်သိမ့်ပြီး....

"ကိုယ့်ရဲ့အလိုအပ်ဆုံးနဲ့အရင်းဆုံးလူဟာမိဘနဲ့
သားသမီးဖြစ်သင့်ပါတယ်။
မိဘကကိုယ့်ကိုကြီးပြင်းလာတဲ့အထိကျွေးမွေးစောင့်ရှောက်ခဲ့တယ်။
သားသမီးကကိုယ့်ဝမ်းနဲ့လွယ်ပြီးမွေးထားရတဲ့သူတွေဖြစ်တယ်။
သူတို့ကအစားပြန်မရနိုင်တဲ့လူတွေဖြစ်တယ်။
လင်ယောက်ျားကနောက်တစ်ယောက်ထပ်ယူလို့ရပါလျှက်နဲ့
ဘာဖြစ်လို့မဖျက်ဘဲချန်ထားခဲ့ရသလဲ"

ဟုမေးလေသည်။ကျောင်းသားများကလည်းသူမ၏
အဖြေကိုစိတ်ဝင်တစားစောင့်မျှော်နေကြသည်။

သူမက ...


"အချိန်တွေတရွေ့ရွေ့ကုန်ဆုံးသွားတဲ့အမျှမိဘတွေက
ကျွန်မကိုထားပြီးအရင် ထွက်သွားကြလိမ့်မယ်။
သားသမီးတွေကလဲကြီးပြင်းလာရင်
ကျွန်မကိုခွဲပြီးသွားကြလိမ့်မယ်။
အဲဒီအချိန်မှာကျွန်မဘေးမှာတသက်လုံး
ကူညီဖေးမမဲ့သူဟာကျွန်မခင်ပွန်းသာ
ဖြစ်ပါတော့မယ်။
ဒါကြောင့်သူ့ကိုမဖျက်ဘဲချန်ထားခဲ့ရခြင်းဖြစ်တယ်"

ဟုတည်ငြိမ်စွာပြန်ဖြေလေသည်။

ဘ၀မှာအလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?

"အသွားမတော်တလှမ်း၊အစားမတော် တလုတ်"

ဆိုသလို

"အယူမတော်တသက်"

လို့ရောပြောလို့ရနိုင်မလား...ဒါမှမဟုတ်.....

"အိမ်ထောင်မှု၊ဘုရားတည်
ဆေးမှင်ရည်စုတ်ထိုး
ဤသုံးမျိုးချက်မပိုင်လျှင်
နောင်ပြင်ရန်ခက်လိမ့်မည် "

ဆိုတဲ့အတိုင်းမြန်မာလူမျိုးတွေအတွက်တော့
ဆရာပြောသလို
မကောင်းရင်နောက်တယောက်ပြောင်းလို့ဖြစ်ပါ့မလား..
ကျွန်မကိုမေးခဲ့ရင်
ပြန်ဖြေဖို့တော်တော်ခက်ပါလိမ့်မယ်။
နောက်ဆုံးအဖြေကိုပိုင်ပိုင်နိုင်နိုင်နဲ့
ဖြေခဲ့တဲ့အဲဒီကျောင်းသူကတောင်မိဘနဲ့သားသမီးကို
ဖျက်တဲ့အချိန်မှာတုံ့ဆိုင်းနေခဲ့သေးတယ်။
ကျွန်မလိုဖြေဖို့အဖြေတောင်မရှိတဲ့လူကတော့
အဲနေရာမှာတင်မူးလဲသွားမလားမပြောတတ်ပါဘူး။


*အခုတော့အဖေ့ဘေးမှာအမေပဲကျန်ပြီး
အမေ့ဘေးမှာအဖေပဲကျန်နေခဲ့တဲ့**


လူတွေကိုမေးရင် ဘာများပြန်ဖြေလိမ့်မလဲ......?

သူငယ်ချင်းတို့ကောဘယ်သူ့ကိုအလိုအပ်ဆုံးလည်း
ဒီစာလေးဖတ်ပြီးရင်တော့အောက်မှာအဖြေလေးတစ်ခုခု
ထားခဲ့ပေးနော်...။

Jul 3, 2009

ချင်းမလေးကပေးတဲ့စာ

ရိုးရိုးရှင်းရှင်းရေးထားတဲ့ရည်းစားစာလေးတစ်ခု
ဖတ်မိလို့ဝေငှလိုက်ပါတယ်နော်....

ရန်ကုန်မှာအလုပ်လုပ်နေတဲ့ကိုလုံးတစ်ယောက်
သူ့ချစ်သူတောင်ပေါ်မလေးဆီကစာကိုရတော့..၀မ်းသာအားရဖြစ်ပြီးး
စာကိုဖောက်ဖတ်တာပေါ့....စာထဲမှာပါတဲ့စာလုံးပေါင်းသတ်ပုံအမှားတွေကြောင့်
စိတ်ညစ်ညစ်နဲ့ရယ်ရမလိုငိုရမလိုဖြစ်သွားလေရဲ့
(သူ့ကောင်မလေးကစကားဝဲ့တဲ့အတိုင်းရေးထားတာလေ..)
နောက်ဆုံးကိုလုံးလည်းအမြင်ကတ်ကတ်နဲ့သူ့ရည်းစားရဲ့စာကိုဘဲ
ပြင်သင့်တာပြင်ပြီးပြန်စာအဖြင့်အောက်ကအတိုင်းပြန်ထည့်ပေးလိုက်တယ်..။

ဟိတ်.. သူငယ်ချင်းတို့မရီရဘူးနော်...

ကိုယ်လုံး....
(စတာနဲ့မှားပြီ"ယပက်လက်သတ်"ကမလိုဘဲလျှာရှည်ပြီးထည့်တယ်.။)
ကိုယ်လုံးမရှိဲကမီးအလွမ်းဂျီးလွမ်းနေရတယ်
(နင်ကခေါင်းပြတ်နေလို့လားး)
ကိုယ်လုံးဖားခေါင်းကိုဂျားညှပ်ပြီး
(ဖာကိုခေါင်းကြားညှပ်တာဟေ့..)
မျိုသွားပြီဆိုတာသိတော့
(မြို့သွားတာပါဟာ..ငါလည်းဘာကောင်ကြီးဖြစ်မှန်းမသိ)
မီးလေးဆိတ်ဆင်းရဲပြီးဆားမရအိမ်မရဖြစ်နေတာ
(ဆိတ်တွေကော၊ဆားတွေကော၊အိမ်တွေကောရှုတ်နေတာဘဲ)
မီးအရင်လိုခြစ်တုန်းပါဘဲ..
(ဂတ်စ်လည်းအတော်ကုန်လောက်ပြီ)
ကိုယ်လုံးလည်းမီးမရှီရင်မနေတတ်တာသိပါတယ်
(အဲ့ဒါကြောင့်မီးမပျက်တဲ့နိုင်ငံခြားတောင်သွားမလားလို့)
မီးကိုအရင်လိုဘဲဆွဲလှန်နေတုန်းဘဲလားဟင်
(အမ်..?)
မီးလည်းတစ်နေ့တစ်နေ့မြက်ရေနဲ့မြက်ခွက်ဘဲ..
ဒါနဲ့စဂါးမစပ်..ပြီးခဲ့တဲ့လကဘုရားပွဲလုပ်တယ်..အားပါးအရမ်းဆီကာဘဲ..
(ဆီတွေဒီမှာဈေးတက်နေလို့ပို့လိုက်စမ်းပါ။။)
မီးသွားကြည့်တာမပျော်ဘူး..ဒဂယ်..
(နင်ခေါင်းကြီးဘဲသွားကြည့်တာကိုဘယ်လိုလုပ်ပြီးပျော်မှာလည်း)
ကျားပေါက်တွေ၊ဆင်ပေါက်တွေဆိုတော့မီးကထလိပ်ဆန်တွေမြက်လှည့်ပြတာထင်တာပေါ့လေ..
(မြက်လှည့်ပြတာတော့ငါတောင်တတ်တယ်။)
ဟိုေ၇ာက်တော့ကျားပေါက်ဆိုတာလူကောင်ကြီးဖြစ်ပေါ့..ဝေ။
အဲ့ဒီကောင်ဟာလည်းအော်လိုက်တာအတံကပြဲသကိုးတော်ရေးးး
(အသံ..အသံ..ဟင်းး..အထင်လွဲစရာတွေတော့ဖြစ်တော့မယ်)
တို့ရွာကသုတ်ကြီးဆို
(တုတ်ကြီးပါဟာ...)
မျိုးကြီးဆိုတဲ့အဆိုတော်ကိုအားကြလို့အော်တာအတံဝင်လို့တဲ့..တအား...အားး..နဲ့လေ
(အော်..အတံဝင်လို့..အ...အ..နဲ့အော်နေတယ်..ငါ့နှယ်နော်...)
နောက်ပြီး..မီးကိုလည်း..နမချင်းမစာမနာ
(နင်ကိုယ်တိုင်လည်းနွားမဖြစ်တော့မယ်)
တေပိုးခဲ့တဲ့ဖိုးဇန်ကိုသိဒယ်မှတ်လား..?
မီး..ဘကြီးအောင်းနေတဲ့..
(ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံးတိရစ္ဆာန်ဇတ်သွင်းနေသလားမှတ်တယ်)
ယက်ကွက်က..တာဇံ.လေ
(သာဇံ..ပါဟာ..နင်ကြည့်ဖူးတဲ့ဗီဒီယိုကားတွေပါလာပြီ)
ဒင်းကအခုမိန်းမရလို့..ရှေအင်္ဂါဆို.သူ့မိန်းမကလေးမွေးမယ်တော်ရေ..
နံမယ်ပေးကင်ပွန်းချဉ်ဟင်းချက်လုပ်မလို့.ကျံနေပီလေ..
(ကင်ပွန်းတပ်တာသူ့အလှည်ကျမှကင်ပွန်းချဉ်ဟင်းချက်ဦးမယ်)
စနေမောင်မောင်တို့၊နိုင်နိုင်းစနေတို့၊ဖိုးသောကြာတို့အားကျလို့တဲ့လေ
သားလေးမြွေးရင်း..နံမယ်မှာနေ့နံပါအောင်..ဖိုအင်္ဂါ..လို့ပေးမယ်တဲ့လေ
(ဖိုးအင်္ဂါလုပ်ပါဟာ..၀စ်စနှစ်လုံးပေါင်းကလည်းကျန်သေးတော်..တကတည်း..
ဟိုကောင်ကလည်း...သမီးလေးမွေးရင်..မအင်္ဂါ..လုပ်မလားမသိဘူး..
နာမည်ကိုအပေါက်ရှာရှာ..အဲလေ.. ငါတောင်ယောင်နေပြီ..
ပေါက်ပေါက်ရှာရှာ..ပေးဦးမယ်..)
ကိုယ်ရယ်..မီး.. အရန်လွမ်းတာဘဲ
(လွမ်းတာတောင်..အရန်တွေ..line-up..တွေလွမ်းချင်သေးတယ်)
မီးလည်း..မျိုလိုက်ချင်ပေမယ့်...
(မျိုသာချလိုက်တော့)
ဆီးပွားရေးကအဆင်မပြေဘူးလေးး...သိတယ်မဟုတ်လားး
မီးလည်းးချီးစာနေရတာ..
(အေးပါ..စားစားး)
အကြွေးတွေလည်း..အလီလီ
(အတန်းပြင်ပေးလိုက်တယ်)
ပဲ..မျိုသူတွေနဲ့တွေ့ပီးးတောင်ပေါ်က..ခြင်မ..ကိုမေ့မတွားနဲ့နော်...
(တောင်ပေါ်က..ချင်းမကိုမမေ့ဘူးဟေ့..တစ်သက်လုံးး)
ကိုယ်လုံးပျံလာပါနော်..
(အတောင်ပေါက်တဲ့နေ့အထိစောင့်ပေတော့)
မီးးဆောင့်နေမယ်..မီးးလေ. ဆောင့်ပြီးရင်းး..ဆောင့်နေမှာပါ..နော်
(အေးးးဟေ့.. တိုင်နဲ့ခေါင်းနဲ့သာသေအောင်ဆောင့်ပေတော့)
မီးစာရှည်သွားပီမို့...တော်သေပီ..
(မီးစာကုန်ပြီး..မီးသေမှဘဲ..)
ခြစ်တဲ့မီးးး......
(မီးခြစ်ပေါ့)



ဟားဟား..သူများမှားတာသာဖြူလေးကလိုက်ပြောနေတာ
ဟဲဟဲဖြူလေးမှားလည်းခွင့်လွှတ်ကျနော်
တစ်ခါတစ်လေလည်း."ပညာရှိသတိဖြစ်ခဲ့"ပေါ့လေ
အားလုံးကိုပျော်ရွှင်စေချင်တဲ့....





Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger