ပြိဿရာသီ.....(TAURUS)
ဧပြီလ(၂၀)မှမေလ(၂၀)ရက်ကြားမွေးနေသောသူများကို"TAURUS"ပြိဿရာသီဖွားများ ဟုသတ်မှတ်သည်။
သော့ချက်ဗီဇခေါင်းမာသည်။မာနရှိသည်။စည်းစနစ်ကြီးသည်။အေးချမ်းတည်ငြိမ်သည်။ အရာရာ ပိုင်ပိုင်နိုင်နိုင် သုံးသပ်ပြီးမှ စနစ်တကျ လုပ်တတ်သည်။ နှေးသော်လည်း သေချာမှုရှိသည်။ မောင်ဆိုး နှမဆိုး ဒဏ်ခံရမည်။ မိသားစု မိဘအပေါ် အလွန်တာဝန်ယူပေးဆပ်ရမည်။ သစ္စာကြီးသည်။ စိတ်ဓါတ်တွင် အလွန်နူးညံ့ သိမ်မွေ့သည်။ စိတ်တို ဒေါသထွက်လျှင် မူပေါက်ကွဲသော မီးတောင်အလားဖြစ်မည်.။ လှပသော ၀န်းကျင်၊ အေချမ်းသော အိုးအိမ်..၊ နူးညံ့သောစကား..၊ ဒဏ္ဍရီဆန်သော..မေတ္တာဝန်းကျင်တွင် မွေ့ပျော်တတ်သည်..။

လက်သုံးဆောင်ပုဒ်....MOTTO.."I....have"
ကိုယ်ဆီမှာတော့......
“ချစ်ရေးဆို ရက်ကောင်းများ”
လစဉ်လတိုင်း၏
3 | 5 | 6 | 9 |
10 | 14 | 15 | 17 |
19 | 21 | 23 | 27 |
ရက်နေ့များတွင်ချစ်ခွင့်ပန်၊ချစ်ရေးဆိုရန်အခွင့်သာတက်သည့်အခါကောင်းများဖြစ်ပေသည်။
အချစ်အဖြေပေးရက်ကောင်များ"LUCKY…DAYS"
အင်္ဂါနေ့၊ ဗုဒ္ဓဟုးနေ့၊ သောကြာ နေ့များတွင်ချစ် ရေးဆို လာသူအား နှစ်သက်ပါက .......
မေတ္တာတုံ့ပြန် အဖြေပေးလျှင် မေတ္တာလမ်း အဆင်ပြေလှ ပေမည်။
ပြိဿအချစ်ဒဿန ပြိဿရာသီဖွား "TAURUS" တို့၏ နှလုံးသား ချစ်ခြင်းမေတ္တာသည် အလွန် သစ္စာတရား ကြီးမားပြီး ပေးဆပ် ခြင်းကိုဦးစားပေးသော မေတ္တာတရားကြီးမားသူ များ ဟုပညာရှင်များက သတ်မှတ်ထားသည်။ (၅၂၈)နှင့်(၁၅၀၀) မေတ္တာလွန်ပွဲများ၊ ဘ၀ကွာခြားမှုများ အကြား ကျောက်ဆစ်၏ ကျောက်တောင်ကဲ့သို့ မာကျောသော နှလုံးသား အလယ်မှ ထူးခြားစွာ ပွင့်လန်းသော နတ်ပန်းကဲ့သို့ ပွင့်ခဲ၊ ချစ်ခဲသော အချစ်နှလုံးသားအား ပိုင်ဆိုင်ထားသည်။ မေတ္တာတရားအား ဆုံးဖြတ်သောအခါတွင် သေချာစွာ အချိန်ယူ ဆုံးဖြတ်ပြီးမှ ချစ်တတ်၊ တွယ်တာတတ်သည်။ ပြောခဲ့သောစကား၊ ဆုံးဖြတ်ပြီး သောအရာအား ဘယ်တော့မှမပြင်တတ်၊ သစ္စာတရားအား ရင်ဝယ်ပိုက် ထားသူဖြစ်သည်။ ငယ်ချစ်ကိုဦးစားပေးတတ်သည်။

ခိုင်မာသော မေတ္တာကို ပိုင်ဆိုင်သည်။ မိမိက ချစ်ရသူအပေါ် အမြဲစိတ်ချမ်းသာအောင် ဖြည့် စည်းပေးမည်ဟူသော ဒဿနကို ပိုင်ဆိုင်သည်.....။ သံယောဇဉ်ကြီးသည်။ အချော့ကြိုက် အပျော့ကြိုက်ဖြစ်မည်။ ချစ်ခဲသည်....။ အချစ်မြဲသည်.....။ အချစ်တွက်ဆိုလျှင် ပတ်ဝန်းကျင်နှင့်ဆန့်ကျင်ရန်သော် လည်းကောင်း၊ မိသားစုနှင့် ဆန့်ကျင်ရန်လည်းကောင်း ၀န်မလေး။ ကိုယ်တိုင်ဆုံးဖြတ်မည်။ အသိုင်းအ၀ိုင်း ၀န်းကျင်မတူသူ ကိုရွေးမည်။ ထို့ကြောင့်... မေတ္တာလမ်းကြောင်းသည် မချောမွေ့။ အခက်အခဲများမည်။ ချစ်သူနှင့် ပေါင်းဖက်ရန် ဆုံးစည်းရန်သာ အဓိကထားသည်။ အပျော်ချစ်သူ လုံးဝ မထားတတ်..။ အချစ်စစ် ကိုဦးစားပေး တတ်သည်။ ကိုယ်တိုင်ကလည်း တစ်ပါးသူအားပိုက်ထွေးယုယမည်။ မိမိကိုယ်တိုင်လည်း အယုအယ ကြိုက်မည်..။ သစ္စာရှိသူကိုလည်း လိုလားမည်..။ ချစ်ခြင်းမေတ္တာ ဆိုသည်မှာ သစ္စာတရားရှိမှ ခိုင်မြဲသည်. ၊ပြီးပြည့်စုံသည်ဟု.. ခံယူထားသည်.။
နှလုံးသားမှအချစ်သည် သံယောဇဉ်အတွယ်အတာ မှတစတစ. မြင့်မားလာသော..၊ တိုးပွားလာသော..၊ ချစ်တတ်လာသော..၊ မေတ္တာအမျိုးအစားဖြစ်သည်..။ ဤရာသီဖွားများသည်. မိမိက. သူတစ်ပါး အပေါ် ကောင်းသလောက်..၊ ပေးဆပ်သလောက်.. မိမိကိုထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းပေသည်..။ မိသားစု၊ ညီအကို၊ မောင်နှမများအား(၅၂၈) မေတ္တာဦးစားပေးမှု ကြောင့်(၁၅၀၀) မေတ္တာတွင် အညံ့ရှိမည်..။ တစ်ခါတည်းထား..၊တစ်ကြိမ် တည်းမြဲလိုသောချစ်သူကို လိုလားမည်..။ သို့သော်... ဤရာသီဖွား.(၈၀%) သည် အချစ်ဦးနှင့် ဆုံးဆည်းကိန်း မရှိတတ်ပါ..။ အချစ်အပေါ်.. ထားရှိသော ဒဿနအမြင်သည်
အသက်(၁၆)နှစ်မှ (၂၂)နှစ် အတွင်း မိမိကိုကို တစ်စိုက်မတ်မတ် စိတ်ဝင်စားသော နီးစပ်သူနှင့် သံယောဇဉ်တွယ်ပြီး နီးစပ်မှုကြောင့်.. မေတ္တာတရား ပေါ်ပေါက်သည် ဟုသတ်မှတ်သည်..။
အသက်(၂၃)နှစ်မှ(၂၈)နှစ်ကြားအရွယ်တွင် ချစ်သူထက် မိဘကို ပိုချစ်သင့်သည် ဟူသောစိတ်ရှိသည်...။ အသက်(၂၈)နှစ်မှ (၃၅)နှစ်ကြားတွင် မေတ္တာတရားသည်... ဘ၀အတွက် ထာဝရ လက်တွဲရန် အဖော်ရှာခြင်းဟု.. သတ်မှတ်မည်..။ ဤကား.. ပြိဿရာသီဖွားတို့၏.. ချစ်ခြင်းမေတ္တာ အပေါ်ထားရှိသော သဘောထား အမှန်ပင် ဖြစ်ပေသည်...။
ပြိဿအချစ်ဘဝ
ပြိဿရာသီဖွားတို့၏ အချစ်ဘ၀သည် လွယ်မယောင်နှင့်ခက်၊ ခက်မယောင်နှင့်နက် လှပေသည်..။ ဘ၀တွင် အရာရာ ကိုမိမိကသာပေးဆပ်ရန် လူ့လောကသို့ ဖန်တီး ကျရောက်လာသည့် အလားငယ်စဉ်ပျိုနုနယ်သော
ဘ၀မှသည် အရွယ်နှင့် မမျှအောင် မိသားစု၊ မောင်နှမသားချင်း များအပေါ် လွန်လွန်ကဲကဲ ပေးဆပ်ရမှုကြောင့် မိမိကိုယ်ပိုင် အခွင့်အလမ်း၊ ခံစားချက်၊ အချစ်ဘ၀ကိုရှေးတိုးရန် ခက်ခဲပေမည်..။
(၅၂၈)နှင့်(၁၅၀၀)မေတ္တာလွန်ဆွဲမှုဒဏ်ခါးစည်းခံရမည်..။ ပျိုရွယ်သောကာလ တွင်ဘ၀တိုးတက်မှုအတွက် အချစ်ကိုဦစားပေးမပေးခဲ့ ချစ်သူခင်သူ ပေါလင့်ကစား မိမိကမေတ္တာ မမျှရဲသလို ဖြစ်မည်..။ ထို့အပြင် မိမိ၏ ချစ်တတ်သော နှလုံးသာအပေါ်လှည့်စာသူများ အပျော်ချစ်သူများ၊ အသည်းခွဲလိုသူများ၏ အန္တာရယ်ကြားတွင်
ဘ၀ကိုဖြတ်သန်းရမည်..။
ဤရာသီဖွားများသည် နီးစပ်မှုရှိသောသူများနှင့် မေတ္တာရည်မျှရသော သဘာဝရှိသည်.။ နေထိုင်မှု၊ ဖြတ်သန်းမှု၊ နေရာချင်းနီးသော သူများနှင့် ဖူးစာ ဆုံတတ်သည်..။
မိမိရွေးချယ်သောသူနှင့် သားချင်းမိဘကြား ပဋိပက္ခများကြား မှချစ်သူကို လက်တွဲရမည့် အချစ်ဘ၀ကို ပိုင်ဆိုင်သူဖြစ်သည်..။
အခက်အခဲများ မည်မျှရှိစေကာမူ အချစ်ဘ၀သည်အလှအပနှင့်နိဂုံး ချုပ်ရတတ်ပြီး ချစ်သူနှင့် ပေါင်းဖက်ရကိန်း ရှိသည်..။ အချစ်အတွက် အရာရာကိုရင် ဆိုင်ရင်း အငြိုအငြင် ခံရသည့် ကြားမှ အေးချမ်းသော..၊ အောင်မြင်သော အိမ်ထောင်သည်ဘ၀ကို ရရှိမည်..။
အသက် (၁၆၊၁၈၊၂၁၊၂၃၊၂၆၊၃၁၊၃၅၊၃၇) နှစ်များတွင် နှလုံးသားထိခိုက် စရာများ...၊ စိတ် အနှောက်အယှက်များ ကြုံ ရမည်..။
ဤရာသီဖွားများသည်.. အသားလတ်လတ်၊ ဆံပင်ထူထူ၊ ဆံပင်လှိုင်းတွန့်ရှိ၍.. အရပ်သွယ်သွယ် နှာတံပေါ်၍..နှုခမ်းလှကာ
နှားခေါင်းဘေး(သို့)ပါးတွင်မှဲ့ပါသောသူနှင့်ဖူးစာဆုံမည့်အချစ်ဘ၀ကို ပိုင်ဆိုင်သည်...။

8 အမှတ်တရပြောသွားတာ:
အဖြူရောင်လေးရေ အားလုံး ကိုထောက်
ခံပါတယ် ဒါနဲ. "ပြိဿ ဖွားတွေ
စန်းပွင်.တာရော ပါဘူးလားဗျ ...:D :P
မရောက်တာကြာ တာ ခွင့်လွှတ်ပါနော်
မအားလို့ပါ
ဟိ
တားတားက အဲဒီမွေးနေ့ထဲမှာ မပါဘူးခင်ဗျာ
ဒါပေမယ့် ဗဟုသုတအနေဖြင့် ဖတ်ရှုသွားပါတယ်
ခင်ဗျာ
ပြိဿရာသီဖွားတွေအတွက် ဟောချက်လေးကို ဖတ်သွားတယ် ..
အဆင်ပြေခြင်းများစွာ ပိုင်ဆိုင်ပါစေ ..။
ဟဟ ညီမလေးရေ...ဒို့လည်းလာဖတ်သွားတယ်။
မိမိ၏ ချစ်တတ်သော နှလုံးသာအပေါ်လှည့်စာသူများ အပျော်ချစ်သူများ၊ အသည်းခွဲလိုသူများ၏ အန္တာရယ်ကြားတွင်
ဘ၀ကိုဖြတ်သန်းရမည်..။ မှန်လိုက်တာနော်။
ဟုတ်ပါတယ်ဗျာ။ ရေးထားတာတကယ်မှန်တာပါပဲ။ ကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်။ ကိုယ့်ရာသီဖွားနဲ့ character တွေကိုအတိအကျသိရတဲ့အတွက်ကိုပေါ့။
ညီမငယ်ရေ မှန်တယ်သိလား
ပြိဿရာသီဖွားအကြောင်း
ဖူးစားဆုံမှာလေးတော့ တေးမှတ်သွားတယ်။
:P
all are correct!!!!
Post a Comment