May 31, 2009

အရမ်းနောက်မကျသွားခင်ပေါ့


ကောင်လေး
-ငါတို့တွေအတွက်တော့လောကကြီးကအထီးကျန်စရာကောင်းလိုက်တာနော်။

ကောင်မလေး-ဟုတ်တယ်နော်....
တစ်ခြားသူငယ်ချ
င်းတွေမှာ ချစ်သူတွေကိုယ်စီရနေပြီ....။
တိုအုပ်စုမှာတို့၂ယောက်ဘဲ
အထီးကျန်ပြီးကျန်ခဲ့တာ...။
ဒီပြင်လူတွေမှာလည်းချစ်သူကိုယ်
စီနဲ့..။ငါတို့ဘ၀ကအထီးကျန်လိုက်တာ..။

ကောင်လေး
-ငါတော....့ဘာလုပ်ရမယ်မှန်းတောင်မသိတော့ပါဘူးကွာ...

ကောင်မလေး-ဒီလိုလုပ်ပါလား..ငါတို့"game"တစ်ခုကစားရအောင်...။

ကောင်လေး -ဘာ"game"လဲ..။

ကောင်မလေး -ငါနင့်ကောင်မလေးအနေနဲ့ရက်(၃၀)နေပေးမယ်...
နင်လဲငါ့ကောင်လေးအေ
နနဲ့ပေါ့..ဘယ်လိုလဲ..။

ကောင်လေး - ဒီအကြံမဆိုးဘူး..။နောက်ရက်တွေမှာလဲငါ့မှာဘာမှ
ထူးထူးခြားခြားလုပ်
စရာမရှိဘူး...။သဘောတူတယ်ကွာ..။


ပထမနေ့
သူတို့ ၂ယောက် အချစ်ရုပ်ရှင်တူတူ သွားကြည့်ပြီးပျော်ရွင်ခဲ့ကြတယ်
..။

၎ရက်မြောက်နေ့
သူတို့တွေကမ်းခြေကိုပျော်ပွဲစားထွက်
ခဲ့ကြတယ်...။
သာယာတဲ့အချိန်လေးတစ်ခုသူတို့ရခဲ့ကြတယ်လေ..။

၁၂ရက်မြောက်နေ့
ကောင်လေးကကောင်မလေးကို"Circus"ပွဲခေါ်သွားတယ်ဗျ..
မြင်းရိ
ုင်းတစ်ကောင်ဖျော်ဖြေတဲ့အလှည့်ကျတော့ကောင်မလေးက...
ရုတ်တရက်လန့်ပြီးကောင်လေးလက်နဲ့ဘေးကလူကြီးလက်
မှားကိုင်မိလို
့နှစ်ယောက်လုံးရယ်ကြရသေးတယ်ဗျ..။

၁၄ရက်မြောက်နေ့
သူတို့လျှောက်လည်ရင်းလမ်းဘေးကဗေဒင်ဟောတဲ့အမယ်အိုကြီးကိုတွေတော့
သူတို့ ရှေ့ရေးဝင်မေးခဲ့သေးတယ်ဗျ..။ အမယ်အိုကြီက............
"ကလေးတို့..ကလေးတို
့ရဲတန်ဖိုးရှိတဲ့အချိန်တွေကို...အလကားဖြုန်းတီးမပစ်မိစေနဲ့..
နှစ်ယောက်အတူတူချစ်ချစ်ခင်
ခင်ပျော်ပျော်ရွင်ရွင်နေကြပါ"....တဲ့..။
အမယ်အို
ကြီးရဲ့မျက်ဝန်းတွေမှာမျက်ရည်တွေစို့နေတာကိုတော့
ကောင်လေးနဲ့ကောင်မလေး
သတိမထားမိလိုက်ဘူးတဲ့..။

ရက်၂၀မြောက်နေ့ 
သာယာတဲ့ညနေခင်းလေးမှာကောင်မလေးကကောင်လေးကို
တောင်ပေါ်အပန်းဖြေစခန်းခေါ်သွား
တယ်..။
ရုတ်တရက်....ကြယ်ကြွေသွားတာသူတို့တွေ့
လိုက်တယ်....။
ကောင်မလေးနှုတ်ကတစ်စုံတစ်ခုကိုတိုးတိုးရေရွတ်လိုက်တယ်...။

ကောင်လေးတော့မကြားလိုက်ဘူးတဲ့ဗျ
ာ..။

၂၈ရက်မြောက်နေ့
သူတို့နှစ်ယောက်"bus"အတူတူစီးကြတယ်..။
တစ်နေရာရာကပြန်
လာတာပေါ့ဗျာ..။
သိတဲ့အတိုင်း
.....လမ်းကြမ်းတော့ကားကခုန်နေတာပေါ့..။
အဲဒီမှာ
ကောင်မလေးကကောင်လေးကိုမတော်တဆနမ်းမိသွားတယ်..။
ပထမအနမ်းပေါ့ဗျာ..။


၂၉ရက်မြောက်နေ့
ည(၁၁)နာရီ(၃၇)မိနစ်......
ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်သူတို့ဒီ
"game"ကို
ပထမဆုံး...ဆုံးဖြတ်ခဲ့တဲ့ပန်းခြံလေးမှာထို
င်နေကြတယ်..။
မနက်ဖြန်ကသူတို့"
game"ရဲ့နောက်ဆုံးနေ့လေ..။

ကောင်လေး-ကိုယ်နည်းနည်းပင်ပန်းနေတယ်ကောင်မလေး..။
မင်းတစ်ခုခုသောက်ချင်ရင်မှာလို
က်လေ..။ကိုယ်အအေးသွားဝယ်မလို့ ..။

ကောင်မလေး
- ဒါဆို"Apple juice "၀ယ်ခဲ့ပေးပါလား..။"thank you "နော်..။

ကောင်လေး-ရပါတယ်..။ကိုယ့်ကိုစောင့်နေနော်...။

မိနစ်(၂၀)လောက်ကြာတော့ကောင်မလေးဆီသူစိမ်းတယောက်အပြေးရောက်လာတယ်...။

သူစိမ်း.-ညီမကကောင်လေးရဲ့သူငယ်ချင်းလား....။

ကောင်မလေး..-
ဟုတ်ကဲ့..။ဘာဖြစ်လို့လဲဟင်..။

သူစိမ်း..- အရက်သမားတစ်ယောက်မောင်းလာတဲ့ကားကကောင်လေးကိုတိုက်မိလို
ကောင်လေးဆေရုံမှာအရေးပေါ်ခန်း
ထဲမှာခွဲစိတ်ခံနေရတယ်ဗျာ...အဲဒါ..........


သူစိမ်းဆက်ပြောတဲ့စကားတွေကောင်မလေးမကြားနိုင်တော့ပါ..
ဆေးရုံကိုပဲ
အမြန်လိုက်သွား မိတော့တယ်....။
ည(၁၁)နာရီ (၅၇)မိနစ်....
ဆရာဝန်အရေးပေါ်ခန်းထဲကမျက်နှာမကောင်းဘဲ
ထွက်လာပြီး
ကောင်မလေးလက်ထဲကိုApple juiceလေးနဲ့စာတစောင်ကမ်းပေးလိုက်တယ်...။

ဆရာဝန်က ၀မ်းနည်းတဲ့အသံနဲ့ ...

"ဒါကျနော်တို့ကောင်လေးရဲ့အိတ်ထဲကရတာပါ.."

ကောင်မလေးကသွေးတွေပေနေတဲ့စာကိုတုန်တုန်ရင်ရင်နဲ့ဖွင့်ဖတ်လိုက်တာပေါ့
စာထဲမှာရေးထားတာကတော့........

"ကောင်မလေး..ပြီးခဲ့တဲ့ရက်တွေ
အတွင်းမှာ.....
မင်းဘယ်လောက်ချစ်စရာကောင်းတယ်ဆိ
ုတာကိုယ်သိခဲ့ရတယ်..
ဒီ"game"လေးကစားနေချိန်မှာဘဲမင်းကိုကိုယ်
အရမ်းအရမ်းချစ်မိသွားပြီကွာ...။
မကြာခင်ဒီ"game"လေးပြီးတော့မယ်နော်..။

"game"လေးပြီးသွားပေမယ့်....မင်းကိုယ့်ရဲ့ချစ်သူအဖြစ်ဆက်ရှိနေပေးပါလားနော်...။

ဘ၀တစ်လျှောက်လုံးစာအတွက်ချစ်သူေ
ပါ့...။
အရမ်းချစ်တယ်ကောင်မလေးရယ်....။


ကောင်မလေးကစာရွက်လေးကိုတင်းတင်းဆုတ်ကိုင်ရင်း......
ဝမ်းနည်းပက်လက်ငိုပါတော့တယ်....


"ကောင်လေးရယ်...မသေပါနဲ့နော်...မသေပါနဲ့ ...
တို့လည်းမင်းကို
အရမ်းချစ်ပါတယ်..။
တို့ တွေ တောင်ပေါ်သွားတဲ့နေ့ကိုမှတ်မိသေးလားဟင်...။

ကြယ်ကြွေတာမြင်လိုက်ရတဲ့နေ့လေ..။အဲဒီတုန်းက....
ကြယ်ကြွေတုန်း.
တို့မင်းနဲ့ဒီ"game"လေးပြီးလည်းထာဝရအတူနေနိုင်ပါစေလို့
့တို့ဆုတောင်းခဲ့တယ်သိလား.....၊
ကျေးဇူးပြုပြီး......
တို့ကိုမထားခဲ့ပါနဲ့နော်...။ကောင်လေး
.......
မင်းကိုငါချစ်တယ်သိလား...တို့ကိုခွဲသွားလို့ မဖြစ်ဘူးနော်....။"


နာရီလက်တံလေး(၁၂)ကိုရောက်သွားတယ်....
ရက်(၃၀)ပြည့်တဲ့အချိန်ပေါ့.........။

ကောင်လေးရဲ့ နှလုံးခုန်နှုန်း ဟာထာဝရ ရပ်တန့်သွားခဲ့တယ်......

............ပြီးပါပြီ..............
ကိုယ်ချစ်တဲ့သူ ကို ချစ်တဲ့အကြောင်းခုဘဲဖွင့်ပြော လိုက်ပါ...အရမ်းနောက်မကျသွားခင်ပေါ့.........။


ကဲဝထ္ထုလေးဖတ်ပြီးရင်တော့ကိုချစ်နေတဲ့သူကိုမြန်မြန်သာဖွင့်ပြောလိုက်ပါတော့နော်
ညီမလေးဖတ်ရတဲ့ဝထ္ထုလေးပါ။
"aurorageneration group" ရဲ forward massage ကနေရတာပါ။
ကဲနောက်မကျခင်လေးလှုပ်ရှားလိုက်ရအောင်နော်

(မှတ်ချက် ။။ စာရေးသူရေးသားထားသောအတိုင်းဖော်ပြလိုက်သည်။)
--~--~---------~--~----~------
------~-------~--~----~

May 28, 2009

ဂျစ်တူးရေးတဲ့ရည်းစားစာ


ဒီတစ်ခါတော
ညီမလေး က စဉ်းစားထားတယ်သိလား မမ တို့အတွက် စဉ်းစားပြီးတော့ အယ်
ကိုကို တို့အတွက်ရည်းစားစာရေးနည်းလေးကိုစဉ်းစားထားလိုက်တယ် ။အဲ့တော့ ညီမလေး က မိန်းကလေး

ဆိုတော့ကာ ယောက်ျားလေးတွေ ရေသလို ရေးရင် သဘာဝမကျမှာ ဆိုးလို့ ညီမလေး ရဲ့
သူငယ်ချင်းလေး ဂျစ်တူး ကိုအကူအညီတောင်းလိုက်တာပေါ့ ဟဲဟဲ
အပူကပ်ရတာပေါ့ဒုက္ခအရောက်ဆုံးလူသားလေးနှစ်ဦးပေါ့လေ


ကိုမိုးသွေးငယ်
နဲ့ဂျစ်တူး တို့ကတော့တော့်တော့်ကိုစိတ်ညစ်ကြပါလိမ့်မယ် ညီမလေးက ခဏခဏ

အကူညီတောင်းနေလို့ ပါ။
ကဲအခု ကိုကို ဂျစ်တူးလေးရဲ့ ရည်းစားစာရေးနည်းလေးကိုဖတ်ကြည့်လိုက်ပါဦး

သူလည်းကြိုးစားပန်းစားရေးထားပေးတာလေးတွေပါ

................

ရည်းစားစာ(၁)


ငြိမ်သက်နေတဲ့


ငါ့ရဲ့နှလုံးသားဟာ


မင်းလေးရဲ့မျက်ဝန်းတစ်စုံကြောင့်


နိုးထလာခဲ့ရတယ်ငါ့ရဲ့စိတ်ကူနဲ့အတွေးတွေထဲမှာ

အမြဲတမ်းနေရာယူပြီး


မင်းကစိုးမိုးထားတယ်


နှလုံးသားချင်းစကားပြောချင်လို့


ငါ့နှလုံးသားကပြောတယ် နင့်နှလုံးသားကိုချစ်တယ်တဲ့ နင့်နှလုံးသားရဲ့အဖြေကို ငါ့နှလုံးကစောင့်မျှော်နေမိတယ်။
...............


ရည်းစားစာ(၂)

စတွေခိုက်မှာပေါ့


မျက်လုံးချင်းခလုတ်တိုက်ပြီး


ငါ့နှလုံးသားကို


မှော်ဆန်ဆန်လှုပ်နိုးသွားတာ


အချစ်ရဲ့ဝဥာဉ်တွေက


ငါ့နှလုံးသားမှာ


မင်နာမည်ကို


ကဗျည်းထိုးသွားတယ်

ဖြစ်နိုင်ရင်

ညတိုင်အိမ်ကထဲမှာ


မင်းနဲ့စကားပြောချင်တယ်

..............


ရည်းစားစာ(၃)

ယုံကြည်မယ်ဆိုရင်ပေါ့

နင့်နှလုံးသားကိုပြုံးထားပါ


နင့်ကငါ့နှလုံးသားအသိမှာ


မျက်လုံးချင်းစေ့စပ်ထားတဲ့

နတ်သမီးဘဲ


ဖြစ်နိုင်မယ်ဆိုရင်ပေါ့


ကမ္ဘာလည်တာခဏရပ်ပြီး


"ချစ်တယ်"လို့တစ်ခွန်းလောက်နင့်ကို


ပြောချင်တယ်။


နင့်နှလုံးသားထဲက

တန်ပြန်ဆွဲအားတစ်ခုက


ငါ့နှလုံးသားကို

လာသက်ရောက်နေလို့
နင်ရဲ့ပုံသေနည်းနဲ့
ငါ့အတွက်အဖြတစ်ခုလောက် တွက်ပေးပါ။
................


ရည်းစားစာ(၄)


သံယောဇဉ်ဆိုတာက မမြင်နိုင်ပေမယ့်အစဉ်ခိုင်နေတဲ့ကြိုးတစ်ချောင်းပါ


ကဗျာဆန်ဆန်ပြောရရင်ကြယ်ကြွေချိန်မှာ


မင်လက်ဖ၀ါးလေးကိုင်ပြီး ချစ်ခွင့်တောင်းချင်တယ် ကြင်နာသူရဲ့စေရာမှာရပ်တည်နေရတာ


ရင်ထဲကိုအေးမြစေတဲ့အကြည့်တစ်ချက်ကြောင့် ရင်ခုန်သံပိုမြန်သွားလည်းငါ့အတွက်က တန်ပါတယ်။

..............


ရည်းစားစာ(၅)

ငါ့ရဲ့ကမ္ဘာဟာ မင်းကို ဗဟိုပြုပြီးလည်ပတ်နေတယ်


ငါ့ဘ၀ရဲ့နေ့နဲ့ညကို မင်းက ပိုင်စားတယ်


နှလုံးသားကမေးတယ် ဘယ်ကြယ်ကလာတဲ့နတ်သမီးလည်းတဲ့


မျက်လုံးချင်းဆုံရင်တောင် တစ်မိနစ်ရင်ခုန်သံဟာ

အကြိမ်၁၅၀၀မကပါဘူး

စိတ်ကူအိမ်မက်ထဲမှာပေါ့ ၀င်ရိုးစွန်းမှာထိုင်ပြီး

သောကြာကြယ်ကိုငေးကြည့်နေချင်တယ် ဗီးနပ်(စ်)ကိုတိုင်တည်ပြီး မင်းကိုချစ်တဲ့အကြောင်းပြောချင်လို့။

.....................

အခုဒီရည်းစားစာလေးတွေကတော့ ဂျစ်တူေးလး လောလောဆယ်ရေးပေးထားတာပါ


ဂျစ်တူးလေး လည်းအားပေးပါဦး ဂျစ်တူးလေးရဲခံစားချက်ကလေးတွေပါ


အသုံးဝင်တယ်ဆိုရင်တော့အတိုင်းထက်အလွန်ပေါ့




May 25, 2009

ချစ်သူဝေးဝေး မသွားစေချင်

သင့်ချစ်သူ သင့်အပေါ် ထာဝရစွဲလမ်းနေစေရေး အချက် ၉ ချက်


ဒီတစ်ခါတော့ အမျိုးသမီး ကြီးကြီးငယ်ငယ်တို့ အပျိုဖော်ဝင်ကနေ နှစ်ကာလတော်တော်ကြာကြာထိ
လေ့လာစူးစမ်း တိုးတိုးတိုင်ပင်ရင်း ချစ်သူမပစ်ခွာနည်း ထိပ်တန်းလျှို့ဝှက်ချက် တွေကို ဝေငှလိုက်ပါ
တယ်။ ညီမလေး ဖတ်ခဲ့ဖူးသမျှ စာအုပ်တွေတည်းက နေ မမ ၊ ဒေါ်ဒေါ် ၊ ညီမလေး တို့အတွက် မျှဝေ
လိုက်တာပါတယ်။ အားလုံးအသုံးတည့်မယ်လို မျှော်လင့်ပါတယ်။

၁။ချစ်သူဘ၀မှာ ချိန်းထားသည့်အချိန်ထက် သင်နောက်ကျချင်သလောက် နောက်ကျ OK တယ်။ အဲ-လက်ထပ်ပြီးလို့ အိမ်ထောင်သည်ဘ၀ရောက်ရင်တော့ သင်က အချိန်တိကျပါ၊ ဒါမှမဟုတ် ၀ီရီယ
ပိုထားပါ။ "မင်းကလည်းကွာ ကြာလိုက်တာ" "မင်းတို့တွေ နေရာတကာ နှေးတုံ့နှေးတုံ့နဲ့" ဆိုတာတွေ မကြာခဏ ကြားရတော့မယ်။

၂။ချစ်သူဘ၀မှာ "ကိုကို" "မောင်မောင်" ခေါ်သံကို အိမ်ထောင်သည်ဘ၀မှလည်း ရံဖန်ရံခါ နှစ်ကိုယ်
တည်း စကားစမြည်ပြောရင်း သုံးပါ။ သာယာကြည်နူးချိန်လေး တွေကို ပြန်နွှေးပေးသလိုရှိလို့ သင့်ချစ်သူရဲ့  ကြင်နာမှုကို ရရှိစေပါလိမ့်မယ်။ တစ်ချို့ က သားသမီး ရလာပြီိးတဲ့နောက်
"နင်" တွေ၊ "ငါ" တွေ၊ "ဟဲ့ အကောင်" တွေဖြစ်တက်ကြတယ်။ ယောက်ျားလေးတွေက ချိုသာမှုကို နှစ်ခြိုက်ကြတာ သင်သတိရလိုက်ပါ။ သင်သည်လည်း ချိုသာခဲ့ဖူးသူ၊ သူတစ်ယောက်ပဲလေ။

၃။ချစ်သူကို မလိုအပ်ဘဲ စည်းမျဉ်းတွေ ၊ တားမြစ်ချက်တွေနဲ့ချည်း ချည်နှောင်မထားလိုက်နဲ့ တ
ကယ် မလိုက်နာနိုင်တာတွေကို အတင်းတားမြစ်ရင် သင်လစ်တာနဲ့ အကုန်လျှောက်လုပ် တော့မှာ
အသေအချာပဲ။ ယောက်ျားလေးတွေ စိတ်ဝင်တစ်စားရှိတက်တဲ့ အပျော်ကိစ္စတစ်ချို့ ကို သင်က
လိုလိုလားလား ခွင့်ပြုလိုက်ပါ။ သင့်ကွယ်ရာမျာ ဘယ်လိုတားတား လုပ်မယ့်ကိစ္စကို သင်က ကြိုပြီး
ခွင့်ပြုတယ်လို့ ပြောလိုက်ရင် သင့်ကိုကိုလေးစားမှု ပိုတက်လာစေမယ်။

( ဥပမာ-တစ်ခွက်တစ်ဖလား နွှဲခြင်ကိစ္စ ရံဖန်ရံခါ ခွင့်ပြုတာမျိုး)

၎။ အမြဲရနံ့တွေကြိုင်နေမှ သင့်လူက နှစ်သက်သဘောကျမယ်ထင်တာမျိုးတွေ လွဲနေတဲ့
အယူအဆပဲ။ လူသားတွေဟာ ကိုယ်စီ ကိုယ်နံ့ ပိုင်ဆိုင်ပါတယ်။ ကိုယ်ကမေတ္တာရှိသူဆိုရင် ချွေးက
လေးစိုစိုတောင် ပိုလို့သဘောကျတတ်ပါတယ်။ ခေါင်းလျှော်ရည်ရဲ့ အနံ့၊ မိတ်ကပ်ထူထူတွေ ဆီက စူးနေတဲ့ရနံ့ ၊နေရာအနှံ့ ဆွတ်ဖြန်းတဲ့ရေမွှေးကလည်း ထုံအီအီ ၊ ဒါဆိုရင်သင့်လူတော့ "
တ နေမှာအသေအချာပဲ။

၅။ချစ်သူနဲ့သွားလာဖို့ကြုံရင် စိတ်လောပြီး မွှေးရနံ့စုံတွေ အီ နောက်မနေပါ နေပါစေနဲ့။
အပေါင်းအသင်းတွေရှေ့ မှာ သင်က အတင်းအနိုင်ယူတာလည်း မလုပ်မိစေနဲ့။ ကို
ိုရွှေယောက်ျားတွေရဲ့  သဘာဝက လူရှေ့ သူရှေ့ မှာ သင်က သူ့ကို ဦးစားပေး၊ ရိုသေလေးစားပြမျိုး ကြိုက်တတ်လေရဲ့ ။ သူ့အသိုင်းအ၀ိုင်း ကြားမှာ သူ့ကိုသာသာ ထိုးထိုးလေး လေးစားပြလိုက် ရင်
အိမ်မှာ ဒါမှမဟုတ် သင်နဲ့သူ နှစ်ယောက်ထဲရှိချိန်မှာ ခိုင်းတော့ပဲ။ သင့်ကို ပိုချစ်လာတွေ့ရလိမ့်မယ်။

၆။သင်နဲ့သူနှစိဦးသား ဆုံကြတိုင်း သင်က သင့်အကြောင်း၊ သင့်သူငယ်ချင်းအကြောင်း (အလုပ်
လုပ်သူဆိုရင်) သင့်လုပ်ငန်းခွင်ကလုပ်ဖော်ကိုင်ဖက် အကြောင်းတွေကိုချည်း ပြောနေမိတက်ပါ
တယ်။သမီးရည်းစားအဖြစ်မှာ ဒါကပြသာနာမဟုတ်၊ ဒါပေမယ့် သင့်ကိုသူက စွဲလမ်းနေစေချင်ရင်
သူ့ချစ်သူရဲ့ အကြောင်းလေးတွေကို နားထောင်ချင်ကြောင်း ပြောပြပြီး ခဏလေးဖြစ်ဖြစ် အမြဲနား
ထောင်ပေးပါ။ သင့်ကို သူမပစ်နိုင်အောင် စွဲလမ်းနေတာ သင်ကိုယ်တွေ့ခံစားရပါလိမ့်မယ်။

၇။ကိစ္စသေးသေးကနေ ကိစ္စကြီးကြီးထိ မပူဆာနဲ့။ ချစ်သူဘ၀မှာ ပူဆာလို့ရဖူးတာကိုလည်း ထာဝရ
နည်းလမ်း လက်နက်သဖွယ် မသုံးပါနဲ့။ သင့်ချစ်သူ သင့်ကိုထာဝစဉ်အလိုလိုက်စေချင်ရင် နားပူတဲ့
နည်းနဲ့ ပြောင်းပြန်နားအေးစေတဲ့ ချိုချို သာသာပြောဆိုမှုကို သေချာလေ့ကျင့်သင့်သုံးကြည့်ပါ။
မိန်းကလေးဘ၀မှာ ၉၉ ယောက်လိုက်နာဖို့ခက်တဲ့နည်းဖြစ်နိုင်ပေးမယ့် နားဝင်ချိုအောင် သတိ
ထားပြီး ပြောနေသူတစ်ယောက် လိုတာရနေတာ သင့်ပတ်ဝန်းကျင်မှာ ရှိနေတယ်ဆိုတာ ယုံကြည်လိုက်ပါ။

၈။ကြာလာရင် အချစ်လျှော့တယ်ထင်တာ၊ အသက်ကြီးလာလို့ နုနု ပျိုပျိုလေးတွေ ကိုယ့်လူက အာ
ရုံကျနေလေမလား ထင်တာတွေ က သင့်ကို ပိုပြီးရင့်ရော်စေတဲ့ သင့်စိတ်က သင့်ကိုပေးနေတဲ့ ဒုက္ခတွေသာဖြစ်တယ်။ သင်က သာကြင်နာ ချိုသာ အလေးထား ဦးစားပေးတာတွေ မလျော့ရင်သူ
တို့ဘက်ကလည်း သသ့်အပြုအမူတွေနဲ့ တူမျှတာ ကိုပေးမှာအသေအချာပါ။

၉။ယောက်ျားလေးတွေက ယောက်ျားလေး အပေါင်း အဖော်ချင်း စာအုပ်အကြောင်း ၊ဘောလုံးပွဲ
အကြောင်း ရုပ်ရှင်မင်းသမီး(မြန်မာ /နိုင်ငံတစ်ကာ)အကြောင်း ပြောချင် တက်ကြတယ်၊မရေမရာ
အဖတ်မရ လို့ မတွေးဘဲ ရေနွေးကြမ်း နဲ့ လက်ဖက် သုတ်ပို့ပြီး ဝေးဝေး သွားနေလိုက်ပါ။သင်ဟာ
အဲ့ဒီလောက် နားလည်မှုကြီးမားသူဆိုရင် သင့်ချစ်သူ ဟာ သင်ကမောင်းထုတ်ရင်တောင် သင်မှသင်၊
ခေတ်ကာလ သီချင်းနဲ့ဆို မင်းမှ မင်းဘဲ ဖြစ်နေမှာ သေချာပြီပေါ့။


ကဲ ညီမလေး မမ ဒေါ်ဒေါ် တို့အားလုံး ဒီနည်းလမ်းလေးအတိုင်း အသုံးချကြည့်ပြီး ပျော်ရွှင် သယာ
စွာနဲ့ ဘ၀လေး ကိုဖြတ်သန်းနိုင်ကြပါစေနော်။

(မှတ်ချက်။ ။ ဖတ်ဖူးသော စာအုပ်တစ်အုပ်အားကိုးကားထားသည်။)



May 21, 2009

အချစ်စစ်



ဖတ်ခဲ့ဘူးတဲ့ စာလေးပါ အားလုံးအတွက်ဖော်ပြပေးလိုက်ပါတယ်


အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုး၊ ဘာသာ ကန့်သတ်မှု မရှိပါဘူး...။

(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။
နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ
ဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။

(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လို့
ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။

(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလား
ငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။

(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်... ထပါတော့
လူပျင်းလေးရယ်" လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။

(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
"တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်း
ဝယ်ခဲ့ဖို့ မမေ့နဲ့" လို့ နင် ရယ် ပြီး ပြောခဲ့တယ်။

(၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး" လို့ နင်
စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
သိုးမွှေးချည် ထိုးရင်း "တစ်ကယ်လား... နင့်စိတ်ထဲမှာ ငါ့ကို စောစော
သေစေချင်နေတယ် မဟုတ်လား" လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။

(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး... မြေးတွေတောင် ကြီးနေပြီ
အပြောက မက်တုန်း" လို့ ပြောခဲ့တယ်။

(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီး
လွန်ခဲ့တဲ့ အနှစ် ၅၀ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့
တွန့်ကြေနေတဲ့ လက်ကို ငါ ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။
အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့် နင့်မျက်နှာဟာ လှပနေဆဲပါ။

(၈၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
နင် လဲလှောင်းနေတယ်... ငါ ငိုနေတယ်။ နောက်ဆုံး တစ်ခွန်း နင်ပြောခဲ့တယ်။
"ငါ...နင့်...ကို.... ချစ်......တယ်"
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ...။

အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။

အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ လိုပါတယ်.....။

May 20, 2009

ရင်တွင်းဖြစ်



ရင်းတွင်းဖြစ်

နှင်းတွေဖွဲမဆုံး
မင်းချမ်းတုန်းက
အနွေးထည်လေး ဖြစ်ခဲ့တယ်


နွေနေပူမဆုံး
ချွေးပျံတုန်းက
ယပ်တောင်လေး
ဖြစ်ခဲ့တယ်


မိုးရွားမဆုံး
စိုရွှဲတုန်းက
ထီးကလေးတစ်ချောင်း
ဖြစ်ခဲ့တယ်။


မင်းကစိတ်ပြောင်း
အချစ်ဟောင်းကို
ပစ်ခွာရှောင်ထွက်

လမ်းခွဲရက်တောင်
နောက်ဆုံးအဖြစ်

ငါ့အချစ်ကို
ဖိနပ်အဖြစ်
ပေးလိုက်မယ်....။ ။

ဂျစ်တူး

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger