Showing posts with label မှတ်တမ်း. Show all posts
Showing posts with label မှတ်တမ်း. Show all posts

Jun 25, 2009

အားလုံးသောသူငယ်ချင်းများအတွက်

အခုတစ်လောအဖြူရောင်ညီမလေး ဘလောက်မှာ စာဖတ်ရတာအဆင် မှပြေကြရဲ့လား
မသိဘူး...အမှားများပါရင် သည်းခံပေးကြပါ. အတက်နိုင်ဆုံး ကြိုးစားပြီးပြင်သွားပါ မယ် ..
။အခုတစ်လောကျန်းမားရေးကမကောင်းတာနဲ့ဘလော့ကိုသေသေချာချာအာရုံမစိုက်နိုင်လို့ပါ..။
စာဖတ်သူ သူငယ်ချင်းများအားလုံးနားလည်ပေးကြပါလို့တောင်းဆိုပါတယ် ......။
ကျောင်းလည်းဖွင့်နေတော့ ပရယ်တီကယ်တစ်ဖတ်နဲ့မအားတာရော ကျန်းမာရေးကလည်းမကောင်း
တာကြောင့် အမှားလေးများ ရှိရင်စာဖတ်တဲ့သူငယ်ချင်းအားလုံး သည်းခံပေးကြပါရန်တောင်းဆိုအပ်ပါတယ်..


အားလုံးရဲ့  အဖြူရောင်ညီမလေး

Jun 5, 2009

အညာလေကခါးခဲ့လေသလား

ချစ်ငွန်ငယ် (စာဥ) ကိုသတိရလို့ စာသားလေးတိုက်ဆိုင်တာနဲ့တင်ဖြစ်လိုက်တာပါ ....။

သြော်....စာဥရယ် ပျော်ရာမှာမနေ တော်ရာမှာနေတဲ့ အခုတော့ ငါ့တစ်ယောက်လေ နင့်ကို

အရမ်းသတိရနေတယ် သိလား တစ်ခေါက်တစ်ခါများ အွန်လိုင်းကိုရောက်ရင်တော့ ပူစူးဆိုတဲ့

နင်သူငယ်ချင်းကိုသတိရပါဦး.............ချစ်တဲ့ စာဥ ရဲ့ ပူစူး

.....~~.......~~......~~......~~......~~.......~~........
ပင်အိုရိုင်းတွေတောင်

ယဉ်ကျေးမှု အလိုက်နဲ့ ပေါက်ရောက်နေကြပြီ

အညာလေက ခါးခဲ့လို့လား. . .

မြို့ကြီးရောက်နေတဲ့. . . စာဥ ရယ်

တစ်နှစ်က ဥသြလေးတောင်

ဒီ တမာပင်လေးကို ပြန်ရောက်လာလေသလား....

ငါ နဲ့ တမာအိုပင်ကြီးကတော့

နွေရာသီ အဟောင်းလေးကိုပဲ လွမ်းတယ်........ ၊၊

ရေခပ်ဆင်းချိန်တွေမှာ

ခရမ်းရောင်ပန်းလေး မပွင့်တာ ကြာပြီ

ပန်းရိုင်းကပွဲတွေမှာ
ငါ့ မယ်ဒလင်လေး နင့်ရှေ့မရောက်တာ ကြာပြီ......၊၊

ကွမ်းတောင်ကလေးက နင့်လက်ဗွေရာကို

မျှော်ငေးရပ်တည်နေလေရဲ့

လယ်စောင့်တဲရဲ့ လယ်ကွင်းအဝါလေးကို
နင် စိတ်ဦးမလှည့်မိဘူးလား . . . စာဥ

စာဥ ရေ . . .
နင့် နဖူးမှာ ဘယ်နှုတ်ခမ်းတွေ ပွင့်နေပြီလဲ
ဒါမှမဟုတ် . . .
ဘယ် ကာဖီ ခါးခါးတွေက နင့် နှုတ်ခမ်းကို သောက်သုံးနေပြီလဲ....။

အတိတ်ဆိုတာ . တစ်ကယ်တော့

နင့် နောက်ကျော နဲ့ နင့် အရိပ်ပါပဲ . . .

နှုတ်ခမ်းတွေ တင်းတင်းပိတ်ထားတုန်းလား

ပါးစပ်ပါရင် ရွာရောက်ပါတယ် ကွယ် . . .

ငါ့ ၁၂ ရာသီရဲ့ ရာသီဥတုမလေး ရေ

ငါ့ အညိုရောင်ပါးကွက်ကြား ရွာသူမလေး ရေ

ငါ့ လှောင်ချိုင့်တွေရဲ့ ထိတ်တုံးမလေး ရေ

အရင်လို နှစ်လိုဖွယ်ပြုစားဖို့ ပြန်ဖန်ဆင်းမယ် မဟုတ်လား

အခုတော့ . . . မျှော်လင့်ချက်တစ်ခွဲသားနဲ့ကြွေတဲ့

တမာရွက်အိုတွေပဲ တမှတ်တရကောက်သိမ်းနေရတယ် . . .

လှေနံဓားထစ်မြို့ပြရောက် . . . ချစ်တဲ့ စာဥ ရေ

အ ညာ လေ က ခါး ခဲ့ ပါ သ လား ကွယ်...။
..................

စာဥရေ...ရွာအရောက်ပြန်ခဲ့ကွယ်

forward mail ကနေ ရတဲ့ကဗျာလေးပါ စာဥကိုလွမ်းလို့တင်ထားတာ။ပိုင်ရှင်ကိုမသိလို့ ပါ ခွင့်ပြုပေးပါလို့
ဒီနေရာကနေ အသိပေးပါတယ်နော်


Jun 4, 2009

ညီမလေးကြိုက်တဲ့ဘလော့ တွေ..


ဒီဘလော့လေးကို ညီမလေးကြိုးစားပမ်းစား ရေးနေပါတယ်။ ညီမလေးက ခုမှ ဘလော့ လောက ထဲကို ဝင်ရောက်လာတာပါ။အားပေး ကြိုးဆိုကြတဲ့ အကို အမ တွေ အားလုံးကို ညီမလေး အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောပါရစေနော်။ အားလုံးလည်း ညီမလေးကို အမြဲ အားပေးကြပါဦး ။ ဘလော့လေးမှာလိုအပ် ချက် တွေရှိနေရင်ခွင့်လွှတ်ပေး နားလည်ပေးကြပါ။ညီမလေးက နည်းပညာတွေကို မကျွမ်းကျင်သေးပါဘူး လေ့လာနေတုန်းပါ။ ဒီထက်ပိုကြိုးစားသွား ပါဦးမယ်။ ညီမလေးက လေ မြူး ဆိုတဲ့ မမကို သဘောအ ကျဆုံးဘဲ အိမ်မှာဘာမှာစာမလာတဲ့နေ့တွေဆို မမမြူးရဲ့ဘလော့ မှာ ချက်ထားတဲ့ ဟင်းလေးတွေကို သွားစား နေတာ လေ။ နောက် မမ Dream ရေးတဲ့ ဘလော့လေး လည်းကြိုက်တာဘဲ အိမ်မှာဘုရားမရှိခိုးခဲ့ရတဲ့နေ့တွေဆို မမdream ဘလော့ မှာဘဲရှိခိုးလိုက်တယ်။ နောက် ကိုရဲဝင့်သူ ဘလော့လေးမှာလည်း ကဗျာလေးတွေ ကောင်းတာပဲ အတုယူစရာတွေ အများကြီးပါ။ ချစ်ငွန်ငယ်(စာဥ) လေးရဲ့ဘလော့ ကိုလည်း ရောက်အောင် သွားဖြစ်ပါတယ်။ ဘာလော့တွေ တော်တော် များများ ကို တစ်ရက်မှာ နှစ်ခုလောက်တော့ သွားလည်ဖြစ်တယ်။ ဒီကကွန်နတ်ရှင်ကလည်း သိတဲ့ အတိုင်းပဲလေ။ နောက် တခြား မရောက်သေးတဲ့ အကို အမတွေ ဘလော့ လေးတွေကို လျှောက်လည် ပါ့မယ်နော်။ ကျောင်းတွေလည်း ဖွင့်ပြီဆိုတော့ လာအားလပ်ရပ်က သိပ်မရှိတော့ဘူးလေ။ နောက်အချိန်ရ ရင် အားလပ်ရက်တွေမှာ အားကျ အတုယူစရာ ကိုကိုမမဘလော့တွေကိုသွာလည်ဖြစ်ပါဦးမယ်။

အားလုံးကို ခင်တဲ့


Mar 31, 2009

ကျေးဇူးတင်လွှာ


ပထမဦးဆုံး ဒီဘလော့လေးကို ဖန်တီးပေးတဲ့ ကိုလတ်(ခ) ကိုမိုးသွေးငယ် ကိုညီမလေး ကျေးဇူးတင် ပါတယ်။

နောက်ပြီး ပထမဦးဆုံး လာအားပေးတဲ့ ညီမလေးရဲ့ အကို ကိုမျိုးမင်းဇော် ကိုလည်း ကျေးဇူး တင်ပါတယ်။

နောက်ပြီး ချစ်ယောင်းမ လေးစာဥ(ငွန်ငယ်)ကိုလည်း အများကြီးကျေးဇူးလည်းတင် ချစ်လည်း ချစ်ပါတယ်။

ညီမလေးကို
မသိတာ လေးတွေဆက် လက်သင်ကြားပေး ကြပါဦး နော်။


စမ်းသပ်ခြင်း



.................................၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀............................................


ဟိတ်..ညီမလေး!!!



ဘလောက်ကလေးက လှမယ်ထင်ပါတယ်..နာမည်လေးနဲ့ လိုက်အောင်..ပေါ့..ဟဟ

ဒီ ဘလောက်ကတော့ခင်တဲ့ ညီမလေး တစ်ယောက် ကို လတ်ဆောင်ပေး ဖို့ အိပ်ရေးပျက်ခံ ပြီးလုပ်နေတာပါ။
ညီမလေး ကို စာတွေ ကဗျာတွေ ရေးစေချင်တဲ့စေတနာ တခုတည်းပါ။

ညီမလေး တယောက် နာမည် ကျော်ကြားတဲ့ စာ တွေ ကဗျာတွေ ရေးအား ကောင်းတဲ့ ကျော်ကြားတဲ့ ဘလောက်ဂါသူ တစ်ယောက် ဖြစ်စေချင်တယ်။

ကြိုးစားလိမ့်မယ်လို့ လည်းမျှော်လင့် ပါတယ်။

ခင်မင်မှုများစွာနဲ့ အမှတ်တရ လက် ဆောင် အဖြစ် ပေးမှာပါ။

ခုတော့ မပြီးသေးပါဘူး...

နောက်ထပ်လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်..။

ညီမလေး................ပျော်ရွှင်ပါစေ။ ။

ခင်တဲ့

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger