Mar 7, 2010

ကော်ဖီဆိုင်

http://www.inisrael.com/primahotels/kings/images/Coffee_Shop.jpg


လဲ့နေတဲ့ မျက်ဝန်း
စုထားတဲ့ အလွမ်း
အကြာကြီးထိုင်ပြီး မင်းကို ငေးမောတာဟာ
ကိုယ်မင်းကို စားလိုက်တာပဲ
"ရှင်လွန်ပြီနော် ကျွန်မမနေတတ်ဘူး"
ဒီမှာ မျက်တောင်သာ ခတ်နေရရင်
အချိန်တွေ နှမျောစရာ သိပ်ကောင်းသွားမှာပေါ့
မင်းလက်ဖျားအောက်မှာ ရေခဲတုံးလေးတွေ တချွင်ချွင်
ကော်ဖီပင်လယ်မှာ တငြိမ့်ငြိမ့်စီး
မ၀ံ့မရဲ အကြည့်ဝဲထဲ
ဟော မျက်လွှာချသွားရပြန်ပြီ
ကိုယ့်အသက်ကို အေးအေးရှုစမ်းပါကွာ
မင်းကော်ဖီခွက်ကို ဘယ်ငနဲမှ စိတ်မ၀င်စားပါဘူး
အမှောင်ဆိုပေမယ့် ယဉ်ကျေးသိမ်မွေ့တယ်
အမည်းရောင်မဟုတ်ဘူး
အ၀ါရောင်
မင်းမျက်နှာပေါ်မှာတောင်
မှိန်မှိန်လေး စိုရွှဲလို့
ရေခဲတုံးလေးတွေမှာ မျက်ရည်ရှိတယ်
အခု ဖန်ခွက်အပြင်ကို စိမ့်ထွက်နေကြပီ
နာရီထဲမှာ ကောင်မလေး စီးသွားမယ့် ရထားရှိတယ်
ကိုယ့်မျက်နှာရဲ့ အတွင်းဘက်မှာလည်း
ရေခဲတုံးလေးတွေရှိတယ်
ကော်ဖီဆိုင်မှာ ဘာမှမရှိဘူး


2 အမှတ်တရပြောသွားတာ:

အရုပ်ကလေး said...

ကော်ဖီပူ ကော်ဖီအေးတွေနဲ့
ဓါတ်မတူညီတဲ့ အဖြစ် ..
အရည်ချင်း တူပေမယ့် စီးဝင်တာချင်း မတူဘူး
ကော်ဖီက ခါးနေမှာလား
ဆိမ့်နေမှာလား ....
ဝိုးတ၀ါးပါပဲ ....
သေဆုံးသွားတဲ့ နာရီအိုညတွေမှာပဲ
ရိုးရိုးကော်ဖီတစ်ခွက် မှာသောက်မိ...
ရေခဲစတွေက ငွေ့ရည်ဖွဲ့ လွင့်ပျံ့ ....
အဲဒီ အချိန်လေးပေါ့ .... ရေခဲက ထထခုန်နေတာ ။ ။


idulize(အရုပ်ကလေး)

သူရိန် said...

မဂ်လာပါ-----(အာဇာနည် အော်သလိုမျိုး)
ကဗျားလေးကကောင်းတယ်
Rapper ညီမလေး မတွေ့ ရတာကြာပြီးနော်၊
ညီမလးကော်ဖီဆိုင်ထဲမှာတစ်နာရီလောက်လာထိုင်သွား
တယ်

Rocker (အကိုကြီး)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger