Jul 17, 2009

မေထုန်ရာသီ(GEMINI)

မေထုန်ရာသီ(GEMINI)

မေလ(၂၁) ရက်နေ့မှ ဇွန်လ(၂၀) ရက်ကြား မွေးသောသူများကို"GEMINI" မေထုန်ရာသီဖွားများဟု သတ်မှတ်ပါသည်.။မြန်မာလ နယုန်လနှင့် နီးစပ်တူညီသည်..။

သော့ချက်ဗီဇ
တွေးခေါ်မှု ဥာဏ်ရည် ထက်မြက်သည်..။တစ်ပါးသူနှင့် ဆန့်ကျင်သော ရှုတောင့်မှတွေးခေါ်၊ ပြောဆို၊ လုပ်ကိုင်တတ်သည်..။ အခွင့်အရေး နှစ်မျိုးခွ အမြဲကြုံရမည်..။မနာလို အပြိုင်အဆိုင်၊ အတိုက်အခံကြားမှ ဘ၀တိုးတက်မည်..။မွေးရပ်ကို ခွာ၍ကြီးပွားမည်..။နှုတ်မှုရေးရာ ထက်မြက်သည်.။ သူစိမ်း၊ လူမျိုးကွဲ အကျိုးပေးမည်..။အသစ်အဆန်းဖြစ်သော အတွေ့အကြုံများနှင့် တိုးတက်မှုကို အမြဲမျှော်လင့်သည်..။

လက်သုံးဆောင်ပုဒ်...MOTTO"I...think.."
ကိုယ်ထင်တာက.....

ချစ်ရေးဆိုရက်ကောင်းများ."LUCKY..DATES"
လစဉ်လတိုင်း၏

1

3

5

6

10

14

15

17

19

21

23

24



ရက်များတွင် ချစ်ရေးဆို၊ချစ်ခွင့်ပန်ရန် အလွန်အခွင့်သာ အဆင်ပြေခြင်းမှာ ဤရာသီဖွား အမျိုးသားများအတွက်ဖြစ်မည်..။

အချစ်အဖြေပေးရက်ကောင်းများ"LUCKY..DAYS"

တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ကြာသာပတေး နေ့များတွင် ချစ်ရေးဆိုလာသူအား ဤရာသီဖွား မိန်းကလေးများမှ နှစ်သက်မှုရှိပါက အဖြေေးရန် ရက်ကောင်းပေသည်.။

မေထုန်အချစ်ဒဿန

မေထုန်ရာသီဖွား"GEMINI".တို့၏ နှလုံးသား ချစ်ခြင်းမေတ္တာသည် တစ်ပါးသူက မိမိအားမည်မျှ တားဆီးစေ၊ မိမိနှလုံးသားမှ လက်ခံပါက ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ချစ်တတ်သော နှလုံးသားရှိသည်..။


ကောင်းကင်မိုးမြင့် တိမ်တိုက်ကြားမှ လေဟုန်စီးပျံသန်းနေသော ငြိမ်းချမ်းရေး ချိုးဖြူငှက်ငယ်၏ တေးသံကြောင့် နိုးထ ရှင်သန် လာသည့် နှလုံးသားနှင့် အမြဲချစ်တတ်သောသူဟု ဖော်ကျူးထားသည်...။ပေးဆပ်တတ်သော မြင့်မြတ်သည့် နှလုံးသားကို ပိုင်ဆိုင်သည်..။မိမိ၏ ဘ၀ ကိုလည်းကောင်း..၊ မိမိ၏ အတွေးအမြင်ကိုလည်းကောင်..၊တစ်ခုခုပေါ်တွင် အထောက်အကူပြုနိုင်သူအား ချစ်ခြင်းမေတ္တာ သက်ရောက်မည်..။ပညာရှိပြီး ဥာဏ်ရည်မြင့်သော သူကို နှစ်သက်မည်..။ မိမိနှင့် တိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ် ရပ်တည်နိုင်သူကို ဘ၀အဖော်အဖြစ် ဦးစားပေး၍ ရွေးချယ်ချစ်တတ်သော သဘောရှိသည်..။ အမြဲရွေးရခက်အောင် အခွင့်အရေးနှစ်မျိုးကြုံရမည်..။ထိုကဲ့သို့ ရွေးချယ်ရန်ကြုံပါက ဦးနှောက်ကို ဦးစားမပေးပဲ နှလုံးသားမှတောင်းဆိုလာသည့်အပေါ် ရဲရင့်ပြတ်သားစွာ ဆုံဖြတ် မည့် သူဖြစ်သည်...။ တွေဝေဒွိဟ ဖြစ်တတ်သော သဘာဝရှိသော်ငြားလည်း ဤရာသီဖွားများ၏ နှလုံးသားမှာ အလွန်မာသည်...။ အလွယ်တကူ မျက်စိမှိတ်၍ လုပ်တတ်သော သဘာဝမရှိ။ မိမိအပေါ် လေးစားခြင်း..၊ တန်းဖိုးထားခြင်း.. နှင့်မိမိက လေးစားရသူအပေါ်ကိုသာ ချစ်တတ်သော သဘာဝရှိသည်..။ ဤရာသီဖွားများသည်.. မိမိထက်အသက်အရွယ်..၊ အနေအထား..၊ ဆက်ဆံရသော ပတ်ဝန်းကျင်.. မတူခြားနားသောသူကို ရွေးချယ်၍ မေတ္တာမျှ အိမ်ထောင်ပြုတတ်သည်..။ပတ်ဝန်းကျင်..၊သားချင်း..၊ဓလေ့များနှင့် ဆန့်ကျင်ပြီး နှလုံးသာကို ဦးစားပေး၍ ချစ်တတ်သောသူ ဖြစ်သည်..။ ချစ်သူအတွက်ဆိုပါက မိမိကိုယ်ရေးကိုယ်တာကို မငဲ့ကွက်၊ ပေးဆပ်ရန် ၀န်မလေးသော သဘာဝရှိသည်..။ ပင်ကိုစရိုက်တွင် တစ်ပါးသူအခက်အခဲများ၊ အချစ်ပြဿနာများကို မိမိကဦးဆောင်ဖြေရျင်းနိုင်သလောက်..မိမိကိုယ်တိုင်အတွက်မှု အကြံပေးနိုင်သူ၊ ဖြေရှင်းနိုင်သူ နည်းပါးတတ်သည်..။ မကြာခဏ ချစ်သူနှင့် ဝေးကွာ ခွဲခွာ နေရသော အနေ အထား သို့ရောက်လေ အချစ်စိတ်များ ပိုမိုပြင်ထန်လာလေ၊သံယောဇဉ်ပိုကြီး လာလေ ဖြစ်သည်..။ အလွန်.. စိတ်ကူးယဉ်တတ်သော.. နှလုံးသားအား ပိုင်ဆိုင်သည်..။ တေးဂီတတစ်ပုဒ်..၊ ကဗျာတစ်ကြောင်း.ကပင်လျှင် မိမိကချစ်သူကို တမ်းတ၊ လွမ်းဆွတ်စေနိုင်သော နှလုံးသားအားပိုင်ဆိုင်သည်..။

ဤရာသီဖွားများ(75%)သည် အသက်၊လူမျိုး၊မိမိနှင့်မိရိုးဖလာ ကွဲပြားသောသူများနှင့် မေတ္တာမျှတတ်သော သဘာဝရှိသည်..။အသက်(၁၆)နှစ် မှ (၂၃)နှစ်ကြား ဤရာသီဖွားများ၏ ချစ်ခြင်းမေတ္တာမှာ အလွန်ရှုတ်ထွေး၍ ကိုယ့်လွတ်လပ်မှုကို ပျက်စီးစေသောအရာဟု သတ်မှတ်မည်..။မိမိကိုယ်မိမိသာ အချစ်ဆုံးဟု သတ်မှတ်မည်..။ အသက်(၂၄) နှစ်မှ (၃၀)နှစ်ကြားအရွယ်တွင် ချစ်ခြင်းမေတ္တာ ဟူသည်မှာ စိတ်တူသဘောတူသူနှင့် ဘ၀အား ရင်ဆိုင်မည်သူ့အပေါ် ထားရှိရမည့်ခံစားချက်ဟုသတ်မှတ်မည်..။အသက်(၃၀)နှစ်အထက်တွင်မှု ချစ်ခြင်း မေတ္တာတရားသည် ကျယ်ပြန့်စွာလူတိုင်းအပေါ် ထားရှိအပ်သောအရာဟု သတ်မှတ်မည်..။ ဤကား...မေထုန်ရာသီဖွားတို့၏ ချစ်ခြင်းမေတ္တာ အပေါ်အမြင်ပေဖြစ်ပေမည်.....။

မေထုန်အချစ်ဘဝ

မေထုန်ရာသီဖွား"GEMINI"တို့၏အချစ်ဘ၀သည် အလွန်ဆန်းကျယ်လှသည်..။အချစ်ရေး..၊ မေတ္တာရေး. လမ်းကြောင်းတွင် အလွန်ခက်ခဲနှောင့်နှေး တတ်သော်လည်း အိမ်ထောင်ရေးတွင် ချမ်းမြေ့စရာများ ပြည့်နှက်နေသည်..။ အချစ်ဘ၀တွင် အကောင်း၊အဆိုးဖြစ်ရပ်တို့သည် နေ့ရက်နှင့်အမျှ ပြောင်းလဲ ဖြစ်ပေါ် နေသည်..။ မိမိနှင့် မိမိချစ်သူအကြား အဓိကပြဿနာ မရှိသော်လည်း မိမိတို့နှစ်ဦး၏ အချစ်အပေါ် ဝေဖန် တိုက်ခိုက် သူ အလွန်များမည်.။ မေထုန်ရာသီဖွား ကျား၊မ မရွေး မိမိထက်ကြီးသောသူများနှင့် ကံဆုံစည်း ရတတ်၏..။ မေထုန်အမျိုသားများတွင် ရွယ်တူ၊ငယ်သူထက်.၊"မမ" ဇတ်လမ်းကို ဦးစားပေးက ပို၍ အဆင်ချော သော အချစ်ဘ၀ ကိုရရှိမည်..။အသက်(၁၈)နှစ်မှ (၂၂)နှစ်ကြားတွင် အချစ်ဘ၀သည် မချောမွေ့ပါ..။ချစ်သူများ ယာယီမကြာခဏ ခွဲခွာရခြင်း၊ပဋိပက္ခများ ကြုံခြင်း၊မတူညီသော ဘ၀အနေအထား၊၀န်းကျင်အနေအထား များအပေါ် အခြေခံသော ပဋိပက္ခများကြုံခြင်း ရှိမည်..။အသက်(၂၂)နှစ်မှ (၂၄)နှစ်ကြား ဘ၀တွင် တည်ငြိမ် လာပြီး အသက်(၂၆)နှစ်နောက်ပိုင်းတွင် မေတ္တာအချစ်ရေးရာများ အေးချမ်းအဆင်ပြေ လာမည်..။အသက်(၁၈၊ ၂၂၊ ၂၄၊ ၂၇၊ ၃၁)နှစ်များတွင် မည်မျှအဆင်ပြောနေသော အနေအထားရှိနေစေကာမူ ကြံဖန်၍ စိတ်သောက ဖြစ်စရာများ အချစ်ဘ၀သို့ ၀င်ရောက်လာနိုင်သော အနေအထားရှိသည်..။ဘ၀တွင်...အမြဲရွေးရခက်အောင် အခွင့်အလမ်းနှစ်ခွ ပေါ်တတ်သည်..။ နှလုံးသားနှင့် ဦးနှောက် လွန်ဆွဲပွဲတွင် နှလုံးသားက အနိုင်ယူသွား ပါလိမ့်မည်..။ မိမိအပေါ် အလွန်ချစ်ခင်သော၊အရာရာစွန့်လွှတ်ရဲသော..၊မိမိအတွက် ဘ၀တစ်ခုလုံး ပေးဆပ် သော၊ အနစ်နာခံသော၊မိမိအလိုမှန်သမျှ ဦးစားပေးသောသူနှင့် ဘ၀ဆုံစည်းမည်..။ဤရာသီဖွားအများစုသည် အသက်၊ဂုဏ်၊၀န်းကျင်၊လူမျိုး၊ ဓလေ့မတူသူများနှင့် ဖူးစာဆုံသော အချစ်ဘ၀ကို ပိုင်ဆိုင်သည်..။နူးညံ့စွာပြောဆိုသော၊ မျက်လုံအိမ်အနည်းငယ် နက်ရှိုင်း၍ မျက်ဝန်းလှပလင်းလက်ပြီး နဖူးနှေင့်မျက်ခုံး၊ နှာတံတို့ ဆက်စပ်မှု အလွန်တင့်တယ်သော၊ နှုတ်ခမ်းမထူမပါး.၊နှုတ်ခမ်းစေ့နေတတ်၍ သွားစွယ်ရှိပြီး သပ်ရပ်တင့်တယ်စွာ နေတတ် သောသူနှင့် ဖူးစာဆုံမည်..။

ဆက်လက်ဖော်ပြပါမည်...။

6 အမှတ်တရပြောသွားတာ:

နဒီမိုးညို said...

ဗေဒင်က..မှန်တယ်နော်.
နဒီ.တို့ .နှစ်ယောက်လုံးက..မေထုန်ရာသီဖွားတွေ.
အကျင့်ကော.စိတ်ဓါတ်ကော..အကုန်တူတယ်..ဟီးးး

မီးတောက် said...

တားတားကတော့ မေထုန်ရာသီဖွား ဟိ
မှန်တာတွေက အများကြီးပဲ
ဒါပေမယ့် အခုချိန်ထိ မစွန်သေးးဘူး
ကျန်တာတွေက စောင့်ကြည့်နေပါတယ်
ဆက်လက်ရေးသားနိုင်ပါစေ

မြစ်ကျိုးအင်း said...

ကိုယ့်ရာသီမို့လို့ စိတ်ဝင်တစားနဲ့ဖတ်ကြည့်မိတယ်
တော်တော်များများ ၇၅ ရာခိုင်းနှုန်းလောက်မှန်နေတယ်
သီချင်းနားထောင်ရင်း ကိုယ့်အကြောင်းကိုယ် ဖတ်နေရသလို ခံစားရတယ်...ကျေးဇူးပါဗျာ..။

Anonymous said...

ဟိုလေ... အသက်ဆိုရင်လေ ၁လ ၂လကြီးရင်တောင် မကြိုက်ဘူး တကယ်။ ကိုယ့်ထက်အသက်ကြီးတာတော့ မရပါစေနဲ့ဗျာ... :'(

ပုံ့မေ said...

မေထုန်ရာသီဖွားလေး မေသူလာဖတ်တယ်...တော်တော်တိုက်ဆိုင်ပါတယ်..

အသက်၂၄နှစ် အချစ်ရေးတကယ်ရှုပ်ထွေးတယ်..

နောက်ပိုင်းတော့ဘယ်လိုလာမယ်မသိပါကွယ်..:P

Anonymous said...

ဟုတ်တယ်ဗျ အရမ်းမှန်တယ်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger