Jul 21, 2009

ကရကဋ်ရာသီ (CANCER)

ကရကဋ်ရာသီ (CANCER)Photobucket

ဇွန်လ (၂၁) ရက်မှ ဇူလိုင် (၂၂) ကြားမွေးသော သူများကို ကရကဋ်ရာသီ “CANCER” ရာသီဖွားများဟု သတ်မှတ်လေသည်..။မြန်မာလ ၀ါဆိုလနှင့် နီးစပ်တူညီသည်….။

သော့ချက်ဗီဇ

စိတ်ဆိုးလွယ် စိတ်ပြေလွယ်သည်..။ စိတ်ဓါတ်ကျလွယ် တက်လွယ်သည်..။ အငြိမ်မနေတတ်။ မွေးရပ်ကို ခွဲခွာ၍ ကြီးပွားမည်…။ ဘ၀တွင်အတက်အကျ များမည်..။ စိတ်ကူးကောင်း ရှိသည်။ တီထွင် ဖန်တီးမှုစွမ်းရည် မြင့်သည်..။မိမိအကြောင်းကို အမြဲစဉ်းစားတတ်သည်..။အတိတ်ကာ လကို ပြန်လည်စဉ်းစား စိတ်ကူးမှုများသည်..။ဘ၀တွင် မိမိမျှော်လင့်မထားခဲ့သော အတိုင်းအတာထိ ဥစ္စာပိုင်ဆိုင်မည်..။ ဘ၀တိုးတက်မှု ရမည်..။သို့သော်…..ပတ်ဝန်းကျင်နှင့် တစ်စစ ကင်းကွာမည်..။ ချမ်းသာသော်လည်း အထီးကျန်ဆန်မည်….။


လက်သုံးဆောင်ပုဒ် MOTTO “I feel”
ကိုယ်ခံစားရတာကတော့…..

ချစ်ရေးဆိုရက်ကောင်းများ LUCKY DATES
လစဉ်လတိုင်း၏….

















1 2 4
7 10 11
19 20 25
28



ရက်နေ့များတွင် ဤရာသီဖွား အမျိုးသားများအတွက် နှလုံးသားအား ဖွင့်လှစ်၍ အချစ်ရေးဆို ရန် ရက်ကောင်းများ ဖြစ်ပါသည်..။

အချစ် အဖြေပေး ရက်ကောင်းများ LUCKY DAYS

တနင်္ဂနွေနေ့၊ တနင်္လာနေ့၊ သောကြာနေ့များတွင် မိမိကို ချစ်ရေးဆိုလာသူအား တုံ့ပြန်မေတ္တာ နှင်းအပ်၊ အဖြေပေး ခေါင်းညှိတ်ရန် လျော်ကန်သင့်မြတ်ပါသည်….။

ကရကဋ် အချစ်ဒဿန

ကရဋ်ရာသီဖွား “CANCER”များသည် အလွန်စိတ်ကုးယဉ်ဆန်သော ၊အချစ်ကို လိုလားသူဟု ကမ္ဘာ့နက္ခတ် ပညာရှင်များက သတ်မှတ်ထားသည်..။အလွန်လှပ ဆန်းကြယ် တင့်တယ်သော ရေကန်၏ အလယ်တွင် လရောင်ဖျန်ေးသာအခါ လန်းဆန်းဖူးပွင့်သည့် ကြာဖြူပွင့်ကဲ့သို့ နှလုံးသားကို ပိုင်ဆိုင်သူအဖြစ် ဤရာသီဖွားများ၏ နှလုံးသားအချစ် မေတ္တာအား ဖော်ကျူးထား သည်….။ အချစ်မေတ္တာအား စိတ်ကူးယဉ်စရာတစ်ခုဟု သတ်မှတ်ထားသည်။ လက်တွေ့ဘ၀ နှင့် ကင်းကွာသော အချစ်ကို လိုလားသည်..။ ချစ်ခြင်းမေတ္တာသည် ရင်ခုန်ချင်စရာ၊ စိတ်ကူး ယဉ်စရာ အဖြစ်သတ်မှတ်ပြီး ဒဏ္ဍရီ ပုံပြင်သမိုင်းထဲမှ အချစ်သူရဲကောင်းများအား နှစ်သက်သဘောကျ အားကျတတ်သော နှလုံးသားကို ပိုင်ဆိုင်ထားသည်..။

အလွန်ချစ်တတ်သလို အလွန်အငြိုးအတေးကြီးသည်..။ဤရာသီဖွားများအဖို့ ချစ်ခြင်းနှင့် မုန်းခြင်းကြား နယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာ ဖြစ်သည်..။တစ်ပါးသူအပေါ် သံယောဇဉ်ထားမိ၊ ချစ်မိ၊ တွယ်တာမိလျှင် အရာရာပေးဆပ်တတ်သလောက် မုန်းပြီဆိုလျှင် လည်း…လုံးဝ လှည့်မကြည့်တတ်…။ မိမိ၏ နှလုံးသားသည်…အငြိုးကြီးသည်၊အမှတ်သည်းခြေ ကြီးသည်…။ မိမိကို ဒုက္ခပေးထား၊ နှိမ့်ချဆက်ဆံထားသော သူများအပေါ် အခါသင့်လျှင် ပြန်လည် လက်တုန့်ပြန်၊ လက်စားချေတက်သော နှလုံးသားအား ပိုင်ဆိုင်သည်။ စိတ်ကောက် တတ်သည်..။ စိတ်ကြီးသည်..။ဆတ်ဆတ်ထိမခံတတ်။ တစ်စုံတစ်ရာ မိမိနှလုံးသားကို နာကျင်ထိခိုက်အောင် တစ်ဖက်သူမှပြုလျှင် ချက်ချင်း မုန်းတီး အရွဲ့တိုက်တတ်သော အချစ်နှလုံးသား ဒဿန ရှိသည်…။

ချစ်ခြင်းမေတ္တာအပေါ် အထိမခံ၊ အလွန်တန်ဖိုးထားတတ်သောသူ ဖြစ်သည်..။ သို့သော်…. မေတ္တာရေးတွင် မချောမွေ့။ ကံခေတတ်သော သဘာဝကို ပိုင်ဆိုင်သည်…။ အချစ်ဦးနှင့် ဆုံစည်းခြင်း မရှိ..။ထူးခြားချက်မှာ အချစ်ဆုံးသူနှင့်အိမ်ထောင် ကျမည်….။ မိမိ၏ အချစ်နှင့် နှလုံးသားခံယူချက်သည် ဆက်ဆံသော အသိုင်းအ၀ိုင်းအလိုက် စိတ်ပြောင်းလည်းတတ်သော သဘာဝရှိသည်…။ ပတ်ဝန်းကျင်၏ ပြောဆိုမှုကို ဦးစားပေးခြင်းသည် နှလုံးသားထက် ဦးနှောက်၏ ဆုံးဖြတ်ချက်ကို အလေးထားသလို ဖြစ်မည်..။ ဘ၀တွင် အသိုင်းအ၀ိုင်းက နှစ်သက်သူတစ်ဦး၊ နှလုံးသားကလက်ခံသူတစ်ဦး အကြား ရွေးချယ်ရန် အခက်ကြုံလိမ့်မည်..။ ထိုအခါတွင်..ရုပ်ဝထ္ထုပိုင်းထက် မိမိက မေတ္တာထားသလိုထားနိုင်သော သူကိုသာ ဦးစားပေး၍ ရွေးချယ်သင့်သည်..။ ဆုံးဖြတ်ချက်ချသောအခါ တစ်ပါးသူစကား နာယောင်မှုထက် ကိုယ်ပိုင် နှလုံးသား ခံယူမှုအပေါ် အခြေပြုပါ..။ အသက် (၁၆၊ ၂၀၊ ၂၅)နှစ်များတွင် တစ်ပါးသူပေးသော ဂတိအပေါ် ယုံစားတတ်၍ စိတ်အနှောက်အယှက်များ ကြုံကာ မေတ္တာရေးတွင် အညံ့ရှိသည်..။ အသက် (၂၅)နှစ်မှ (၂၉) နှစ်ကြားတွင် မိမိအပေါ် သံယောဇဉ်ကြီးသူအား ပယ်ခွာ၍ နောက်မှ ပေါက်သည့် ရွှေကြာကို အလွန်ဦစားပေးမည်…။ မိမိက မေတ္တာတရားနှင့် ချစ်ခြင်းကို လေးနက်စွာ ထား၍ ဘ၀အဖော် ရွေးချယ်လင့်ကစား မိမိအား အများက ဂုဏ်နောက်၊ ငွေနောက် လိုက်သည်ဟု သတ်မှတ်မည်…။ ဤရာသီဖွားများသည်.. ချစ်ခြင်းမေတ္တာကို မုန်းခြင်းနှင့် ဆန့်ကျင့်ဘက် ဖြစ်သည်ဟု ဘ၀တစ်လျှောက် တွေးခေါ်ထားသော သဘာဝအား ပိုင်ဆိုင်သည်…။

SmileyCentral.com

ကရကဋ် အချစ်ဘဝ



ကရကဋ်ရာသီဖွား “CANCER”များ၏ အချစ်ဘ၀သည် ဒဏ္ဍရီဆန်လှပေသည်..။ လက်တွေ့ ဘ၀ကို ဥပေက္ခာ မေ့လျော့ပြီး စိတ်ကူးယဉ်ကမ္ဘာလေးကို နုနုရွရွလေး တည်ဆောက်လိုသည်.။ နေ့စဉ်နေထိုင်မှု ဘ၀နှင့် အချစ် ဘ၀ တို့ကို သီးခြားထား၍ လူတစ်ကိုယ် ဘ၀နှစ်ခုနှင့် နေသော သူများဖြစ်သည်..။


အချစ်ကြောင့်ဖြစ်ပေါ်လာသော ပျော်ရွှင်ကြည်နူးခြင်း၊ ၀မ်းနည်းရခြင်း ၊ ထိခိုက်ခံစားရခြင်း အလုံးစုံကို တသသ ခံစားလိုသော စိတ်ကြောင့် မလိုလားအပ်သော အနှောက်အယှက်ရှိမည်..။ အချစ်ဘ၀တွင် နှလုံးသားကို လွန်လွန်ကဲကဲ ဦးစားပေးရန် မသင့်တော်ပေ..။ ထို့အပြင် ရုပ်ဝထ္ထုပိုင်းဘက် ဦးစားပေးလွန်းခြင်းကိုလည်း ရှောင်ပါ..။ အချစ်နှင့် အချစ်စစ် မခွဲခြားနိုင်သမျှ မိမိအချစ်ဘ၀ မဖြောင့်ဖြူးခြေ..။ ဤရာသီဖွားများသည် အသက် (၂၂) နှစ်မတိုင်မှီ ဘ၀ခြင်းကွာခြားပြီး မတူညီသော အနေအထားကို အချစ်ဆိုသော အရာနှင့် ဇွတ်အတင်းညှိ၍ အချစ်ဘ၀ကို ဖြတ်သန်းရင်း အချစ်အိမ်မက် စိတ်ကူးကမ္ဘာ တည် ဆောက်မည်..။ လက်တွေ့နှင့်ကွာဟ၍ စိတ်ညစ်ဖွယ်များနှင့်သာ ကြုံမည်..။ မိမိကိုယ်တိုင်က အသည်းကွဲခြင်းကို ခံစားလို၍ အသည်းကွဲမည်…။ အသက်(၂၂) နှစ်မှ (၂၆)နှစ်ကြား မေတ္တာ ရေးတွင် တည်ငြိမ်လိုသော ဦးနှောက်ခံစားချက်ရှိသော်လည်း နှလုံးသားတောင်းဆိုမှုကြောင့် မကြာခဏ စိတ်ပြောင်းရမည်..။ ဦးနှောက် နှင့် နှလုံးသား အားပြိုင်မည်…။ အသက်(၂၆)နှစ် ပြည့်ပြီးနောက်ပိုင်း အချစ်အိမ်မက်မှ နိုးထ၍ လက်တွေ့ဆန်သော ဘ၀သို့ ဦးတည်မည်..။ သတိပြူရန်မှာ ဤရာသီဖွား (၄၀%) သည် အိမ်ထောင်နှစ်ဆက် ကျတတ်သည်.. ။ ပထမ အိမ်ထောင်နှင့် ပက်သက်ပြီး ငွေကြေးဥစ္စာရတတ်သည်.. ။အမွေကဲ့သို့ရမည်..။ တရားရုံးမှ ရမည်..။ ဤရာသီဖွားများ၏ အချစ်ဘ၀သည် အချစ်ဝထ္ထု၊ ရုပ်ရှင်ထဲမှ ဇာတ်ကောင်များသဖွယ် တွေ့၊ ချစ်၊ ကြိုက်၊ ကွဲ၊ ပြန်ဆုံ၊ အရွေးရခက်၊ နောက်ဆုံးအခြေအနေ အပေးဆုံးသူနှင့် ဇာတ်သိမ်းတတ်သည်.. ။ အလွမ်းဘက်ဦးတည်ပြီး ချစ်သူကို အကြောင်းတစ်စုံတစ်ရာနှင့် စွန့်လွှတ်၍ သူတစ်ပါးက အပြစ်မပြောနိုင်သော ဖြစ်စဉ် အကြောင်းပြချက်များနှင့် ငွေကြေးဓန ပြည့်စုံသူကို အိမ်ထောင်ပြုရပြီးကာမှ ချစ်သူဟောင်းကို တသသကိန်းကြုံမည်..။ အသက်(၁၈) နှစ်မှ (၂၀)နှစ်ကြား ၊(၂၂) နှစ်မှ (၂၃) နှစ်ကြား ၊ (၂၅) နှစ်မှ (၂၆) နှစ်ကြား ၊(၃၀) နှစ်မှ (၃၁) နှစ်ကြား ၊(၃၂) နှစ်မှ (၃၃) နှစ်ကြား ကာလများတွင် အချစ်ရေး၊ အိမ်ထောင်ရေး၊ မေတ္တာရေး အညံ့ရှိမည်..။ အခြားကာလများတွင် ကြီးမားသောအညံ့ မရှိပါ..။ ကိုယ်လုံးကိုယ်ထည် တောင့်တင်းမျက်နှာဝိုင်းကာ အသားလတ်၍ နှုတ်ခမ်းလှပပြီး သွားစွယ်သွားတက် ရှိသောသူ နှင့် ဆုံစည်းဖူးစာဖက် ရမည်….။

Photobucket
.........ဆက်လက်ဖော်ပြပါမည်…..

7 အမှတ်တရပြောသွားတာ:

အချစ်မဲ့ဂစ်တာ said...

အမှန်တွေပဲဗျ... ကျွန်တော်က ကရကဋ် ရာသီဖွားပဲလေ.. ကောင်းပါတယ်... ဗီဇတွေလည်း မှန်... အချစ်ရေးတွေလည်းမှန်... ဟာဟ..

Nay Mya Mya Swe said...

Leo နဲ့  Aries လဲဟောပေးပါဦးနော်

Anonymous said...

ကရကဋ် ရာသီဖွားမို့ စောင့်နေမယ်ဗျာ.... ဆက်ရန်ကို.....

Anonymous said...

ဟေးးဟေးးးးး အိမ်ထောင် နှစ်ဆက်တဲ့ ...... တဆက်တောင် မကျသေးလို့ ကယ်ပါအုံးဗျို့........ :D :P

ကိုလတ် said...

တစ်စုံတစ်ရာ မိမိနှလုံးသားကို နာကျင်ထိခိုက်အောင် တစ်ဖက်သူမှပြုလျှင် ချက်ချင်း မုန်းတီး အရွဲ့တိုက်တတ်သော အချစ်နှလုံးသား ဒဿန ရှိသည်…။

ချစ်ခြင်းမေတ္တာအပေါ် အထိမခံ၊ အလွန်တန်ဖိုးထားတတ်သောသူ ဖြစ်သည်..။ သို့သော်…. မေတ္တာရေးတွင် မချောမွေ့။ ကံခေတတ်သော သဘာဝကို ပိုင်ဆိုင်သည်…။ (မှန်၏)
အချစ်ဦးနှင့် ဆုံစည်းခြင်း မရှိ..။ထူးခြားချက်မှာ အချစ်ဆုံးသူနှင့်အိမ်ထောင် ကျမည်….။

ကိုယ်လုံးကိုယ်ထည် တောင့်တင်းမျက်နှာဝိုင်းကာ အသားလတ်၍ နှုတ်ခမ်းလှပပြီး သွားစွယ်သွားတက် ရှိသောသူ နှင့် ဆုံစည်းဖူးစာဖက် ရမည်….။
(မျှော်ရမယ်ပေါ့ ..ဟဟဟ)

kelvin kawasaki said...

ဒုက္ခပဲ... အညံတွေကလည်း အရွယ်ကောင်းမှာ ဆက်တိုက်ပါပဲလား... ကိုယ့်ကိုယ်ကိုတောင် သနားလာပြီ :(

Unknown said...

ကောင်းတဲ့ဟာကိုမရှိဘူး

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger