ကဲသူငယ်ချင်းတို့ဒီအချက်ကလေးတွေကိုသာဂရုတစိုက်
နဲ့စမ်းသပ်ကြည့်နော်....
ဖြူလေးကတော့ချစ်ချစ်မရှိတော့မစမ်းသပ်ဘူးဘူး
စမ်းသပ်တာအောင်မြင်တယ်ဆိုပြောပြနော်
1. နာမည်ခေါ်ဝေါ်သုံးစွဲတာမလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန်နဲ့အခြားအစိတ်အပိုင်းများကိုမလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီးအကျင့်စာရိတ္တကိုမဝေဖန်ပါနှင့်
4. စကားပြောနေစဉ်အခြားသူတစ်ဦးနာမည်ကိုမကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ်အခြားသူတစ်ယောက်နှင့်လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့်ကိစ္စကိုမငြင်းပါနှင့်
7. ဖြစ်ပြီးသားပြသနာများကိုပြန်မပြောဖြစ်အောင်ကြိုးစားပါ
8. ဖြစ်ပျက်သမျှကိုသူငယ်ချင်းများကိုမပြောပါနှင့်
9. သူကြိုက်သည့်အရာများကိုမမုန်းပါနှင့်
10.အချို့ကိစ္စများကိုမသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့စကားမပြောပါနှင့်
12. စကားများတိုင်းသူပြောတာကိုနားထောင်ပေးပြီးစဉ်းစားပါ
13. သူစကားပြောနေစဉ်မကြာခဏဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကိုပြီးဆုံးသည်အထိမဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှမအော်ပါနှင့်
16. သူသာသင့်အတွက်အလိုအပ်ဆုံးဆိုတာသူသိပါစေ
17. ချစ်သူကချောလား၊လှလားမေးတိုင်းပြုံးသာပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်းသင်ကသာငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင်အခြားသူများကိုသိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရဖြစ်ရပ်များကိုသတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင်ချစ်သူ၏
မွေးနေ့နှင့်ရည်းစားစဖြစ်သည့်နေ့ကိုမှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကိုသင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်းမယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများမကြာခဏပေးပါ။ ။
(သားသားနေ.....စမ်းကြည့်နော်)
4 အမှတ်တရပြောသွားတာ:
ဟ တစ်ကွ ဂွတ်ရှယ်ဘဲ လာမှတ်
သားတယ် အဖြူရောင်လေးရေ...လောလော
ဆယ်တော. မစမ်းသပ်နိုင်သေးဘူးဗျာ :)
ကျေးဇူးပါပဲနော်....မှတ်သားသွားပါတယ်...ရှင်..။
တားတားးက စမ်းသပ်ဖို့လူလိုနေပါတယ်ခင်ဗျာ
ဟိ
မှတ်သားသွားပါတယ် ခင်ဗျာ
တို့အတွက် မဟုတ်ပေမဲ့ မောင်တွေ ညီမတွေ အတွက် မှတ်သွားပါတယ်
Post a Comment