ဓနု ရာသီ
နိုဝင်ဘာလ (၂၂) ရက်မှ ဒီဇင်ဘာလ (၂၁) ရက်ကြားမွေးသောသူများကို ဓနုရာသီဖွားများ “SAGITTARIUS” များဟု သတ်မှတ်သည်…။ မြန်မာလ နတ်တော်လနှင့် နီးစပ်တူညီသည်။
သော့ချက်ဗီဇ
သနား စာနာလွယ်သော နူးညံ့သည့် နှလုံးသားရှိသည်…။ တဇွတ်ထိုး ပြောတတ် လုပ်တတ်သည်….။ လက်တွေ့သမား ဖြစ်သည်..။ အရာရာ ကိုယ်ချင်းစာနာပြီးမှ လုပ်တတ် ဆုံးဖြတ်တတ်သည်……။ ရည်မှန်းချက် အလွန်မြင့်သည်…။ နောက်လိုက် မလုပ်လို။ မိမိအား ထိခိုက်လာလျှင် နောက်မဆုတ် ဇွတ်ထိုးပြီး ပြန်လည်တုံ့ပြန်တတ်သည်….။ အပြိုင်အဆိုင် မနာလိုသူ အတိုက်အခံကြားမှ ကိုယ်ပိုင်အစွမ်းအစ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ဘ၀အောင်မြင်မှု ရရှိမည်…..။
လက်သုံးဆောင်ပုဒ် MOTTO “I see”
ကိုယ့် အမြင်ကတော့…….
ချစ်ေ၇းဆို ရက်ကောင်းများ “LUCKY DATES”
လစဉ်လတိုင်၏…
3 | 6 | 9 | 12 |
15 | 18 | 21 | 24 |
27 | 30 | - | - |
အချစ်အဖြေပေး ရက်ကောင်းများ “LUCKY DAYS”
အင်္ဂါနေ့၊ ကြာသာပတေးနေ့၊ သောကြာနေ့များသည် အလွန်အဆင်ပြေနိုင်ပြီး စကားတည်၊ ဆုံးဖြတ်ချက် မှန်နိုင်သဖြင့် ထိုနေ့များတွင် တုံးပြန်မေတ္တာ အချစ်အဖြေပေးသင့်လှပါသည်…။
ဓနု အချစ်ဒဿန
ဓနုရာသီဖွား “SAGITTARIUS” များ၏ နှလုံးသားသည် သနားလွယ် ယုံလွယ်၊ စိတ်ညွှတ်လွယ် တတ်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်….။ မီးတောက်မီးလျှံများ၊ တိုက်ပွဲများကြားတွင် အောင်ပွဲခံသော လေးညငိ့ကိုင်ဆွဲသည့် လေးသည်တော်၏ ရှုံးနိမ့်သော ရန်သူအပေါ် ခွင့်လွှတ်ညှာတာ ချမ်းသာပေးသည့် စိတ်ဓါတ်နှလုံးသားနှင့် ထပ်တူသည့် အချစ်မေတ္တာရှိသူဟု ဖော်ကျူးထားသည်…..။ ဘ၀တွင် အရာရာအောင်ပွဲခံနိုင်သလောက် အချစ်စစ်မျက်နှာတွင်မူ အမြဲအလံဖြူ ဝှေ့ရမ်း အရှုံးပေး ရမည်….။ ချစ်သူများတတ်သည်….။ ဤရာသီဖွား အမျိုးသားများသည် သုံးကြိမ် အနည်းဆုံး အသည်းကွဲပြီးမှ အချစ်ရေး အဆင်ပြေသွားမည်….။ အရာရာတွင် ရဲရင့်ချင်းရှိသလောက် အချစ်နှင့် ပက်သက်လာလျှင် အမြဲခွင့်လွှတ်၊ အရှုံးပေး၊ အနစ်နာခံရတတ်သည်….။ မူလချစ်သူ အပြင် နောက်ထပ်ချစ်သူသစ်ပေါ်၍ ဒွိဟ ဖြစ်ကာ သူ့ထက်သူပိုသာသယောင်ထင်ပြီး စိတ်အနှောက်အယှက်များ ကြုံရတတ်သည်…..။ ဤရာသီဖွာ အမျိုးသမီးများသည် သူတစ်ပါးအပေါ် အနိုင်ယူရမှ ကျေနပ်မည်….။ ထို့ကြောင့် အချစ်စိတ်ဓါတ်နှင့် ခံယူမူမှာ မိမိဆိုးသမျှ နွဲ့သမျှကို ခွင့်လွှတ်နားလည် နိုင်သောသူ၊ အနိုင်ယူနိုင်သော သူကိုသာ ချစ်မေတ္တာ ထားတတ်သည်…..။ မျက်နှာပွင့်လန်းပြီး လူချစ်လူခင်ပေါများသည်…။ ချစ်သူရည်းစားများမည် နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်မည်….။ ဆုံးဖြတ်ချက်ချပြီးမှ မိမိဆုံးဖြတ်သည့်အပေါ် မှားယွင်းသလို ခံစားရမည်… ။ နောက်ဆုံးတွင် အရင်ဆုံးချစ်သူထံ စိတ်ပြန်လည်သွားမည့် သဘာဝရှိသည်…. ။ ထူးခြားချက်မှာ ဤရာသီဖွားအားလုံးသည် အလွန်ခွင့်လွှတ်တတ်သည်။ မိမိကို တစ်စုံတစ်ရာ စိတ်ဒုက္ခပေသွားသောသူများအား ခွင့်လွှတ်ချစ်ခင်ရန်ဝန်မလေးပေ..။ ပတ်ဝန်းကျင်ကိုလည်း လုံးဝဂရုမစိုက်…။ အချစ်ကြောင့် ဇွတ်မိုက်ရမည်ကိုလည်း မနှောင့်နှေး။ တစ်စုံတစ်ယောက်ကိုမေတ္တာထားရမည်ဆိုကလည်း လေးညှို့မှ ပစ်သည့်မြားအလား တစ်ဟုန်ထိုး စူးစူးစိုက်စိုက် ချစ်တတ်သည်…။ တစ်စုံတစ်ယောက်သောသူကို အသည်းနှလုံးပုံပေး၍ ချစ်ခဲ့ပြီး နောက်တစ်ဦးတစ်ယောက်အား အလားတူထပ်တူထပ်မျှ တစ်ပြိုင်တည်း ချစ်နိုင်စွမ်းရှိသော နှလုံးသားကို ပိုင်ဆိုင်သည်….. ။ လုပ်ပြီးသော၊ ဆုံးဖြတ်ပြီးသော အရာတစ်ခုအား ချီတုံးချတုံ တစ်ဖန်ပြန်ဖြစ်တတ်သော သဘာဝရှိသည်…။ နှလုံးသားကို ဦးစားပေးလွန်းသူ ဖြစ်သည်…..။ မည်သို့ဆိုစေ ဤရာသီဖွားများ၏ မေတ္တာအပေါ် အမြင်သည် နှလုံးသား သွေးကလာပ်စည်းမှ ဦးနှောက်၏ အလွန်နက်ရှိုင်းသော ကလာပ်စည်း များဆီသို့ ပို့ဆောင်ကာ ဦးနှောက်၏ ဆုံးဖြတ်ချက်ကို နှလုံးသားမှ ပြန်လည်လက်ခံ၍ သေချာစွာ ဆုံးဖြတ်တတ်သည့်သဘာဝရှိသည်….။ မေတ္တာတရားအား ရုတ်ချည်းဆုံးဖြတ်မည်။ အချိန်ယူ၍ စဉ်းစားသော်လည်း ဆုံးဖြတ်ချက်ချရာ၌ မြန်ဆန်မည်…။ ချစ်သူများမည်…။ အိမ်ထောင်တစ်ဆက်တည်းမြဲရန်အတွက် အထူးအားစိုက် ဂရုထားရမည်….။ အောင်မြင်သော အိမ်ထောင်ရေးကို ရရှိမည်..။ လေးနက်သောနှလုံးသားနှင့် ချစ်မည်…။ ခွင့်လွှတ်တတ်သည်..။
ဓနုအချစ်ဘဝ
ဓနုရာသီဖွား “SAGITTARIUS” များ၏အချစ်ဘ၀သည် အလွန်နားလည်ရန်ခက်လှသည်…။ မိမိကု အနိုင်ရပြီး မိမိကိုအမြဲအရှုံးပေးမည့်သူအား ဦးနှောက်နှင့် နှလုံးသားပေါင်းစည်း၍ ချစ်သူအဖြစ် ရွေးချယ်လေ့ရှိသော အချစ်ဘ၀အားပိုင်ဆိုင်သည်….။ တဇွတ်ထိုး အချစ်သမားဖြစ်သည်….။ မိမိကို အလေးပေးမှုအား အလွန်လိုလားသည်…။ အလွန်သ၀န်တို တတ်သည်…။ ချစ်သူနှင့်တွေ့သောအခါ ပီယ၀ါစာ ချစ်စဖွယ် တီတီတာတာ မပြောပဲ ရန်ဖြစ် စိတ်ကောက် မနာလို၊ သ၀န်ကြောင်၊ မျက်နှာပုတ်၊ မျက်ရည်ကျ၊ ဆူဆောင့် အနိုင်ယူပြပြီး ချော့မော့ခံရန် စောင့်နေသောသူဖြစ်မည်…။ ကြာလာသောအခါ မိမိချစ်သူက မိမိအား တွေ့ရ၊ စကားပြောရမှာကိုပင် စိုးရိမ်လာမည်….။ တစ်ယောက်ယောက်ကို စိတ်မဆိုးရ၊ စိတ်မကောက်ရ၊ ရန်မဖြစ်ရ၊ အနိုင်မကျင့်ရလျှင် စားမ၀င်၊ အိပ်မပျော်တတ်သော မိမိသဘာဝသည် မိမိအသည်းနှလုံးအား ဟတ်တက်ကွဲစေမည်….။ ငြူစူစောင်းမြောင်း မြည်တွန်တောက်တီး၊ စိတ်ကောက်တတ်သူကို မည်သူက ဘ၀အဖော်အဖြစ် ဆက်ဆံလိုမည်နည်း။ ထိုအရာများကို ပြင်မှသာလျှင် အချစ်ဘ၀ အိမ်ထောင်သည်ဘ၀မှာ ဖြောင့်ဖြူးလိမ့်မည်….။မိမိသည် ချစ်သူပေါလိမ့်မည်…။ လူစွမ်းကောင်းလုပ်၍ မိမိဒဏ်ခံသူလဲ ဒုက္ခရောက်လိမ့်မည်…။ သို့သော် ထားခြားသည်မှာ ဤရာသီဖွားများက မျက်နှာသာ ပေးလိုက်လျှင် အားလုံးပြုံးပျော်ကြမည်…။ ဤရာသီဖွားများကို ချစ်သူများက တသသ စွဲလမ်း ချစ်ကြလိမ့်မည်…။
အဆိုးဖြစ်ခဲ့သမျှ အလုံးစုံမေ့ပျောက်သွားမည်…။ ထို့ကြောင့် ကမ္ဘာအ၀ှမ်း နက္ခတ်ပညာရှင်များက ဤရာသီဖွားများသည် “အချစ်နတ်ဆိုး၏ သင်ကြားပေးလိုက်သော မာယာပရိယာယ် တပ်ဆင်ပေးလိုက်သော မှော်မျက်ဝန်းအစုံ နှင့် နှလုံးသားကို ပိုင်ဆိုင်သည်.” ဟု ဆိုသည်….။ အချစ်ကဝေများဟုလည်း သတ်မှတ်သည်….။ အချစ်ကိုသော်လည်းကောင်း၊ ချစ်သူကိုသော်လည်းကောင်း အသုံးချ၍ ဘ၀ကို ထူးထောင်လိုသူဟု သတ်မှတ်သည်…။ အခန့်မသင့်က ချစ်သူများမည်…။ အိမ်ထောင်ဆက်များမည်…။ အားလုံးကလည်း မိမိကိုချစ်မည်…။ ဤအရာကို အခွင့်ကောင်းယူ၍ အချစ်သစ်စရာန်ဝန်မလေးပေ..။ ဤအချစ်ကဝေများလည်း အသည်းကွဲနိုင်သည်…။ အသက်( ၁၉၊ ၂၁၊ ၂၃၊ ၂၈၊ ၃၁၊ ၃၃၊ ၃၇) နှစ်များတွင်ဖြစ်သည်..။ အသားဝင်း၊ အသားလတ်၊ နှာတံပေါ်၊ ခန္ဓာကိုယ်သွယ်လျ မျက်နှာသွယ်၊ မျက်ဝန်းလင်းလက်ကာ စကားပြောမြန်၍ ခေါင်းမာတဇွတ်ထိုး လုပ်တတ်သော ဖူးစာရှင်နှင့် ဆုံစည်းမည်…..။
အဖြူရောင် ညီမလေး
4 အမှတ်တရပြောသွားတာ:
ထို့ကြောင့် အချစ်စိတ်ဓါတ်နှင့် ခံယူမူမှာ မိမိဆိုးသမျှ နွဲ့သမျှကို ခွင့်လွှတ်နားလည် နိုင်သောသူ၊ အနိုင်ယူနိုင်သော သူကိုသာ ချစ်မေတ္တာ ထားတတ်သည်…..။
မိမိက အနိုင်ရပြီး မိမိကိုအမြဲအရှုံးပေးမည့်သူအား ဦးနှောက်နှင့် နှလုံးသားပေါင်းစည်း၍ ချစ်သူအဖြစ် ရွေးချယ်လေ့ရှိသော အချစ်ဘ၀အားပိုင်ဆိုင်သည်….။
သိပ်မှန်တယ်
လောလောဆယ်တော့ အကုန်ပြောင်းပြန်ပါပဲ .....
ကိုယ်က နှစ်နှစ်ကာကာကြီးချစ်ခဲ့မြတ်နိုးခဲ့ပြီးမှ
သူက ဘယ်တုန်းကမှ တန်ဖိုးမထားခဲ့မှန်း သိလိုက်ရတော့ ........
ကံကြွေးပေါ့လေ .......း(
ကိုယ်ကရူးသွပ်ခဲ့တော့ ပိုစိတ်မကောင်းဖြစ်ရတာပေါ့
ဗေဒင်ဝါသနာပါရင် ဒီမှာလဲ ဖတ်လို့ရတယ်...
http://koluuhtwe.blogspot.com/2009/07/blog-post_11.html
းဝ)
အင်း ... ခေါင်းမာတယ် ၊ တဇွတ်ထိုးတယ် ၊ အနိုင်လိုချင်တယ် ဆိုတာတော့ မှန်တယ်ဗျ ...
Post a Comment