Jun 21, 2009

အချစ်ဘယ်နှစ်မျိုးရှိလည်း သိချင်လား

အချစ်လေးမျိုးရှိတယ်တဲ့....

1. ego love
2. one sided love
3. blind love
4. true love Ego love

ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ ရပါတယ်....

အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့...ကိုယ်ချစ်တဲ့သူကို...ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်... မျက်စိအောက်ကအပျောက်မခံချင်ဘူး... သ၀န်တိုနေတယ်...ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်.... အဲဒါ ego love ဖြစ်နေပါပြီ...အဲဒီလိုလူတွေက...ချစ်သူကို စိတ်ဆိုးလွယ်တယ်...သူက ငါ့ကို ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး..ခဏခဏ၀င်တတ်ပါတယ်...အမှားဆိုရင် သေးသေးလေးတောင် သည်းမခံတတ်ကြပါဘူး....အချစ်ကြီးပြီး အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့...
One sided love ဒီအမျိုးအစားက...ကိုယ်ကပဲချစ်နေချင်တယ်...အရာရာပေးဆပ်နေချင်တယ်...အကောင်းဆုံးတွေလုပ် ပေးချင်နေတယ်... ဒါပေမယ့် တစ်ဖက်လူက...ကိုယ်လုပ်ပေးနေတာတွေကိုလိုချင်ရဲ့လားဆိုတာ...ဘယ်တော့မှမစဉ်းစားပါဘူး... အဲဒါကြောင့် တစ်ခါတစ်ခါ...တစ်ဖက်လူက

စိတ်ကျဉ်းကျပ်တာတွေ...စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်...အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့..မကြာခင်မှာဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်...

Blind love ဒီလိုအချစ်အမျိုးအစားကို...စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်... အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့...အရာရာကို ရင်ဆိုင်ရဲလာမယ်....သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်...ဒါဆိုရင် blind love ဖြစ်နေပါပြီ...ဖြစ်သင့်မဖြစ်သင့်...လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ...ဒါပေမယ့် ဒီလိုအချစ်မျိုးကကြာကြာမခံပါဘူး...အချစ်တွေပျောက်သွားတဲ့အချိန်မှ... ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်..
Truelove နောက်ဆုံးအမျိုးအစားပါ....မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့..... အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်...ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး....ရယူလိုခြင်းအတွက်လဲ မပူလောင်ရတဲ့အချစ်မျိုးပါ....ဒီလိုအချစ်မျိုးကတော့....အင်မတန်ရှားပါတယ်... လူတစ်ယောက်ကို....တစ်ခြားဘာကိုမှမကြည့်ပဲ....သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ.... အသဲကွဲတယ်ဆိုတာလဲမရှိဘူး....သူနဲ့မပေါင်းရလဲ...ဘာမှမဖြစ်ပဲ...တစ်သက်လုံး...စိတ်ထဲမှာ ထားပြီး....ချစ်သွားနိုင်တဲ့အချစ်မျိုးပါ....အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်....အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုးမှာ ego love နဲ့ one sided love
ကနည်းနည်းဆင်ပါတယ်...တစ်ချို့က တစ်ခါတစ်လေ...blind love ကို true love
နဲ့လဲမှားတတ်ကြပါတယ်...ဆင်တာကိုး...မတူကတော့... blind love ကလွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး... true love ကတော့ နှစ်တွေ ဘယ်လောက်ကြာကြာ မပျောက်သွားတတ်ပါဘူး...

အဲဒါကြောင့်...သူငယ်ချင်းတွေလဲချစ်မိပြီဆိုရင်... ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန်သုံးသပ်နိုင်ပြီး...ရင်ဆိုင်ရမယ့်ပြသနာတွေကိုဖြေရှင်းနိုင်ကြပါစေ...

1 အမှတ်တရပြောသွားတာ:

kyalkalay said...

i like it niceeeeeeeeeeeeeeeeeeee

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger