Aug 25, 2009

မကာရ ရာသီ (CAPRICORN)

မကာရ ရာသီ (CAPRICORN)

ဒီဇင်ဘာလ (၂၂) ရက်မှ ဇန်န၀ါရီလ (၁၉) ရက်ကြားမွေးသော သူများကို မကာရရာသီဖွား “CAPRICORN” များဟုသတ်မှတ်ပါသည်….။ မြန်မာလ ပြာသိုလနှင့် နီးစပ်တူညီသည်….။

သော့ချက်ဗီဇ

သူတစ်ပါးအပေါ် မှီခိုလိုစိတ် မရှိ၊ လွတ်လပ်မှုကို အလွန်မြတ်နိုးသည်…။ သီးသန့်နေလိုစိတ် ပြင်းထန်သည်.. ။ သို့သော် အဆိုးမြင်သဘာဝဗီဇ ရှိသည်…..။ အရာရာတွင် မိမိက ပေးဆပ်ရမည်….။ တစ်ပါးသူ တိုးတက်မှုအတွက် ပါရမီဖြည့်ပေးရမည်….။ တစ်ပါးသူကို ကူညီရင်း မိမိပါ ထိတ်တန်းရောက်မည်…..။ သတိပြုရန်မှာ မိမိကို သူတစ်ပါးမှ ခုတုံး လုပ်တတ်သည်….။ လူမျိုး၊ ဘာသာ၊ မွေးရပ်မတူ ခြားနားသော သူများနှင့် ဖူးစားဆုံမည်….။

လက်သုံးဆောင်ပုဒ် MOTTO “I use”

ကိုယ်သုံးလေ့၊ လုပ်လေ့ရှိတဲ့ အနေအထားကတော့……

ချစ်ရေးဆို ရက်ကောင်းများ LUCKY DATES

လစဉ်လတိုင်း၏.............














56 8
141517
2324 26






ရက်နေ့များတွင် ချစ်ခွင့်ပန် ချစ်ရေးဆိုရန် အခါကောင်းပါသည်…..။

အချစ်အဖြေပေး ရက်ကောင်း LUCKY DAYS

ဗုဒ္ဓဟူးနေ့၊ သောကြနေ့၊ စနေနေ့များတွင် အချစ်အဖြေပေးရန် ရက်ကောင်းကျရောက်သည်…။

မကာရ အချစ်ဒဿန

မကာရရာသီဖွား “CAPRICORN” တို့ကို တစ်ပါးသူကောင်စားရေးအတွက် မိမိနှလုံးသား ဘ၀တစ်ခုလုံးအား အနစ်နာခံ ပေးဆပ်ရန် ၀န်မလေးသော အချစ်ပိုင်ရှင်များဟု ကမ္ဘာအ၀ှမ်း နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်…..။ ယစ်ပလ္လင်အထက်တွင် တဆတ်ဆတ် တုန်ခါလျှက် ချစ်သူအမည်ကို တမ်းတနေသည့် သွေးဖုံးလွှမ်းနေသော နှလုံးသားနှင့် နိမိတ်ကို ဖော်ကျူးထားသည်…..။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်….။ ကိုယ့်ချစ်ကို ဦးစားပေးမည်….။ နှလုံးသားကိုအခြေပြု၍ ဆုံးဖြတ်ချက်ချတတ်သည်…။ အလွန် သီးသန့်နေလိုသည်…။ မိမိ သီးသန့်ကမ္ဘာလေး အတွင်း၌ ထာဝရအဖော်မွန်တစ်ဦကို တောင့်တနေသော သဘာဝရှိသည်….။ မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်…..။ အထင်လွဲမှားမှုများအပေါ်၌လည်း အမြဲဖြေရှင်းနေရတတ်သည်။ သူတစ်ပါးက စိတ်မ၀င်စား ပစ်ထားသော အထီးကျန်သမားက ပို၍ မေတ္တာထားတတ်၊ စာနာ ချစ်လွယ်တတ်သည်…။ တစ်ပါးသူက ဆိုးသည် မကောင်းဟု ဆိုသော သူများအပေါ် ရွေးချယ်မေတ္တာမျှတတ်သည်….။ ချစ်သူကို အလုံးစုံ တိုးတက်စေရန် မိမိဘ၀အား ငြမ်းသဖွယ်၊ လှေကားသဖွယ်ခင်း၍ မြှင့်တင်ပေးမည်….။ ချစ်သူကို အလိုလိုက်၍လည်းကောင်း အသာစီး ပေးလွန်း၍ လည်းကောင်း တစ်စုံတစ်ရာ မြင့်မားလာသောအခါ သူကပင် မိမိအား ပစ်ခွာသွား၍ နောက်တစ်ယောက်ရှာတတ်သည်….။ ဘ၀တစ်လျှောက်တွင် မိမိကသာလျှင် ပေးဆပ်ရသော သဘာဝရှိသည်…..။ နှလုံးသားမှ လေးလေးနက်နက်ရှိသော်လည်း နှုတ်မှ ဝေေ၀ဆာဆာ လှလှပပ သကားဖုံး၍ မပြောတတ်ခြင်းကြောင့် မိမိဘ၀တွင် အပြောကောင်းသူများ မုသားမာယာရှင်များနှင့် ထိပ်တိုက်တွေ့ရသောအခါ အမြဲအရှုံးပေး ရတတ်သော သဘာဝရှိသည်….။ အချစ်လွန်ကဲခြင်း၊ နားလည်ခွင့်လွှတ်မှု လွန်ကဲခြင်းတို့ကို လျှော့သင့်သည်…။ တစ်ပါးသူက တစ်စုံတစ်ရာ တိုးတက်သွားအောင် အကြံစည်နှင့် မိမိနှလုံးသားကို ခုတုံးလုပ်သွားခြင်း ခံရတတ်သည်….။ အရာရာကို ထိန်းချုပ်နိုင်သော စိတ်ရှိသလောက် မေတ္တာတရားတွင် ထိန်းချုပ်နိုင်သော အင်းအားမရှိ…။ လူတစ်ဦး တစ်ယောက်ကို ဆက်ဆံသောအခါ မယုံသင်္ကာစိတ်ဖြင့် စတင် ဆက်ဆံတတ်သည်….။ တစစ ယုံစားလာသည် ဆိုကလည်း သူတစ်ပါးက လိမ်လည်ပြောဆိုသည်ကိုပင် ယုံကြည်တတ်သော စိတ်ရှိသည်…။ မနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်…။ မိမိကိုချစ်သည်ကတစ်ယောက် မိမိချစ်သူက တစ်ယောက်ဖြစ်တတ်သည်…။ သီးသန့်နေလေ တစ်ပါးသူက မိမိအား စိတ်ဝင်စားလေဖြစ်ပြီး မိမိအပေါ် သံယောဇဉ်ကြီးသူနှင့်တွေ့ကာ ပျော်ရွှင်သောဘ၀ကို ပိုင်ဆိုင်မည်….။ မိမိတွင်လိုနေသောအရာများနှင့် ခံစားနေသော အဆိုးများကျု အခြားသူတစ်ဦး တစ်ယောက်ပေါ်တွင် မဖြစ်စေလိုပေ…။ တစ်ပါးသူ လိုအပ်နေသော ကွက်လပ်များကိုလည်း မပြည့်စုံသော မိမိဘ၀လေးတစ်ခုဖြင့် ဖြည့်စွက်ပေးလိုက်ပြီး ထိုသူ၏ ဘ၀ကို ပြည့်စုံစေလိုသည်….။ ချစ်သူကို အရာရာပြည့်စုံစေလိုသည်…..။ မိမိဘ၀က သုည အဖြစ်ရှိနေသည့်တိုင်အောင် ချစ်သူအတွက် ပေးဆပ်သင့်သည် ဟု သတ်မှတ်မည်…။ အနိုင်ယူုသွားခြင်းအပေါ် ခွင့်လွှတ်ရန် အမြဲရှင်သန်နေသော အချစ်နှလုံးသား ဒဿနကို ပိုင်ဆိုင်ထားသည်….။

မကာရ အချစ်ဘဝ

မကာရ ရာသီဖွား “CAPRICON” များသည် ပေးဆပ်ခြင်း၊ အနစ်နာခံခြင်း၊ အရာရာစွန့်လွှတ်ခြင်းဖြင့် ပြည့်လျှမ်းနေသော အချစ်ဘ၀ကို ပိုင်ဆိုင်သည်….။ တစ်ပါးသူ စွန့်ပစ်နင်းခြေလိုက်သော ပန်းပွင့်ကလေးကိုမှ သနားစိတ်၊ စာနာစိတ်ဖြင့် မြတ်မြတ်နိုးနိုး ပန်ဆင်တတ်သော သူများဟု ဆိုသည်….။ အချစ်တစ်ခုတည်းနှင့် အရာရာကို ကောင်းစေအံ့ ဟူသော စိတ်မျိုးဖြင့် ပေးဆပ်ဆက်ဆံတတ်သောသူ ဖြစ်သည်…။ မိမိသည် အချိန်နှင့်အမျှ ကိုယ်ချစ်ရသူအပေါ် မည်သို့ကောင်းအောင် အဆင်ပြေအောင် ဆက်ဆံရမည်ကို အမြဲတွေးခေါ်နေမည်…။ ချစ်သူရပါကလည်း ချစ်သူအတွက်သာဆိုလျှင် မိမိငိုပြ၊ ရယ်ပြ၊ အသုံးတော်ခံပြီး ချစ်သူစေသမျှ နောက်မတွန့်သောစိတ်ဖြင့် ချစ်တတ်သော ချစ်သူဖြစ်မည်…။ သို့သော် မိမိက ကောင်းလွန်းသဖြင့် မကောင်းသောသူနှင့် တွေ့ရသည်ဟု ကမ္ဘာ့နက္ခတ် ပညာရှင်များက သတ်မှတ်သည်….။ မိမိကိုယ်မိမိ လိုသည်ထက်နှိမ့်ချလွန်းခြင်းသည်လည်း မိမိ၏ အချစ်ဘ၀တွင် ဒုက္ခပေးမည့် အမှားအယွင်း ဖြစ်မည်…။ ထို့အပြင် နှလုံးသားမှ ချစ်တတ် သလောက် မိမိနှုတ်ဖျားမှ စကားမဆိုတတ်…။ အချစ်မေတ္တာကို အဖော်ကျူးမသီကုံးတတ် ချစ်ပါသည်ဟု တစ်ကြိမ်းတစ်ခါပြောပြီးလျှင် လုံလောက်သည်ဟု ထင်နေသောသူဖြစ်သည်…။ ချစ်သူဘာသာဘာဝ နှစ်ဦးဆုံကြုံသောအခါ ချစ်သူက မိမိပခုံးလက်မောင်းတို့ကို လှုပ်ခါ၍ အားမလိုအားမရ “တစ်ကယ်ချစ်ရဲ့လား” ဟုမေးနေသည်ကိုပင် ပြန်ဖြေရမှာ ရှက်ရွံပြီး “တအုအု တအအ” နှင့် နှုတ်ဆွံ့နေမည့်သူဖြစ်သည်…..။ စကားလွှဲပစ်လိမ့်မည်….။ ထို့ကြောင့်လည်း အထင်လွဲခံ့ရ၊ ချစ်သူစွန့်ပစ်ခြင်း ခံရမည်….။ ချစ်တတ်သော်လည်း ဤရာသီဖွားများသည် အသက် (၁၉၊ ၂၁၊၂၃၊ ၂၆၊ ၃၁) များတွင် စိတ်မချမ်းသာမှုများ အသည်းကွဲ ဝေဒနာများကို ခါးသီးစွာ ခံစားရမည်….။ အချစ်ဦးသူနှင့် ဆုံစည်းရကိန်း အလွန်နည်းသည်…။ ဤရာသီဖွားများသည် ဘာသာ၊ လူမျိုး၊ ဓလေ့ မတူသူများနှင့် မေတ္တာမျှ အကြောင်းပါလျှင် အလွန်စိတ်ချမ်းမြေ့စရာများနှင့် ကြုံရမည်….။ ဤရာသီဖွားများသည် သူတို့ထားရှိသည့် ကြီးမြတ်သော နှလုံးသား မေတ္တာကြောင့် အိမ်ထောင်ရေးတွင် အလွန်ကံကောင်းမည်။ တွေ့ခဲ့ပြီးသော ချစ်ခဲ့ပြီးသော သူများနှင့် လားလားမှမတူ မိမိသဘာဝ၊ စိတ်ဓါတ်နှင့် ကိုက်ညီသောသူနှင့် အိမ်ထောင်ပြုရမည်…။ ဤကား အချစ်နတ်ဘုရား၏ ချစ်တတ်လွန်းသော မိမိအားပေးသည့် အချစ်ဆုလာဘ်ပင်ဖြစ်သည်….။ အေးချမ်းရိုးသား၍ မေးရိုး၊ ပါးရိုးမြင့်သော၊ အသားလတ်ပြီး ဆံပင်ဖြောင့်ကာ သွက်လက်သော အမူအရာရှိသူနှင့် ဖူးစာဆုံမည်….။

ကျန်ရှိနေသော ရာသီဖွားများအား ဆက်လက်ဖော်ပြပါမည်….။



အဖြူရောင် ညီမလေး

Aug 16, 2009

ဓနု ရာသီ

ဓနု ရာသီ

နိုဝင်ဘာလ (၂၂) ရက်မှ ဒီဇင်ဘာလ (၂၁) ရက်ကြားမွေးသောသူများကို ဓနုရာသီဖွားများ “SAGITTARIUS” များဟု သတ်မှတ်သည်…။ မြန်မာလ နတ်တော်လနှင့် နီးစပ်တူညီသည်။

သော့ချက်ဗီဇ

သနား စာနာလွယ်သော နူးညံ့သည့် နှလုံးသားရှိသည်…။ တဇွတ်ထိုး ပြောတတ် လုပ်တတ်သည်….။ လက်တွေ့သမား ဖြစ်သည်..။ အရာရာ ကိုယ်ချင်းစာနာပြီးမှ လုပ်တတ် ဆုံးဖြတ်တတ်သည်……။ ရည်မှန်းချက် အလွန်မြင့်သည်…။ နောက်လိုက် မလုပ်လို။ မိမိအား ထိခိုက်လာလျှင် နောက်မဆုတ် ဇွတ်ထိုးပြီး ပြန်လည်တုံ့ပြန်တတ်သည်….။ အပြိုင်အဆိုင် မနာလိုသူ အတိုက်အခံကြားမှ ကိုယ်ပိုင်အစွမ်းအစ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ဘ၀အောင်မြင်မှု ရရှိမည်…..။

လက်သုံးဆောင်ပုဒ် MOTTO “I see”

ကိုယ့် အမြင်ကတော့…….

ချစ်ေ၇းဆို ရက်ကောင်းများ “LUCKY DATES”

လစဉ်လတိုင်၏…


3

6

9

12

15

18

21

24

27

30

-

-

ရက်နေ့များတွင် မိမိ မျက်နှာပွင့် စကားအောင်ကိန်းရှိ၍ ထိုရက်များတွင် ချစ်ရေးဆိုရန် ကောင်း လှပါသည်….။

အချစ်အဖြေပေး ရက်ကောင်းများ “LUCKY DAYS”

အင်္ဂါနေ့၊ ကြာသာပတေးနေ့၊ သောကြာနေ့များသည် အလွန်အဆင်ပြေနိုင်ပြီး စကားတည်၊ ဆုံးဖြတ်ချက် မှန်နိုင်သဖြင့် ထိုနေ့များတွင် တုံးပြန်မေတ္တာ အချစ်အဖြေပေးသင့်လှပါသည်…။

ဓနု အချစ်ဒဿန

ဓနုရာသီဖွား “SAGITTARIUS” များ၏ နှလုံးသားသည် သနားလွယ် ယုံလွယ်၊ စိတ်ညွှတ်လွယ် တတ်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်….။ မီးတောက်မီးလျှံများ၊ တိုက်ပွဲများကြားတွင် အောင်ပွဲခံသော လေးညငိ့ကိုင်ဆွဲသည့် လေးသည်တော်၏ ရှုံးနိမ့်သော ရန်သူအပေါ် ခွင့်လွှတ်ညှာတာ ချမ်းသာပေးသည့် စိတ်ဓါတ်နှလုံးသားနှင့် ထပ်တူသည့် အချစ်မေတ္တာရှိသူဟု ဖော်ကျူးထားသည်…..။ ဘ၀တွင် အရာရာအောင်ပွဲခံနိုင်သလောက် အချစ်စစ်မျက်နှာတွင်မူ အမြဲအလံဖြူ ဝှေ့ရမ်း အရှုံးပေး ရမည်….။ ချစ်သူများတတ်သည်….။ ဤရာသီဖွား အမျိုးသားများသည် သုံးကြိမ် အနည်းဆုံး အသည်းကွဲပြီးမှ အချစ်ရေး အဆင်ပြေသွားမည်….။ အရာရာတွင် ရဲရင့်ချင်းရှိသလောက် အချစ်နှင့် ပက်သက်လာလျှင် အမြဲခွင့်လွှတ်၊ အရှုံးပေး၊ အနစ်နာခံရတတ်သည်….။ မူလချစ်သူ အပြင် နောက်ထပ်ချစ်သူသစ်ပေါ်၍ ဒွိဟ ဖြစ်ကာ သူ့ထက်သူပိုသာသယောင်ထင်ပြီး စိတ်အနှောက်အယှက်များ ကြုံရတတ်သည်…..။ ဤရာသီဖွာ အမျိုးသမီးများသည် သူတစ်ပါးအပေါ် အနိုင်ယူရမှ ကျေနပ်မည်….။ ထို့ကြောင့် အချစ်စိတ်ဓါတ်နှင့် ခံယူမူမှာ မိမိဆိုးသမျှ နွဲ့သမျှကို ခွင့်လွှတ်နားလည် နိုင်သောသူ၊ အနိုင်ယူနိုင်သော သူကိုသာ ချစ်မေတ္တာ ထားတတ်သည်…..။ မျက်နှာပွင့်လန်းပြီး လူချစ်လူခင်ပေါများသည်…။ ချစ်သူရည်းစားများမည် နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်မည်….။ ဆုံးဖြတ်ချက်ချပြီးမှ မိမိဆုံးဖြတ်သည့်အပေါ် မှားယွင်းသလို ခံစားရမည်… ။ နောက်ဆုံးတွင် အရင်ဆုံးချစ်သူထံ စိတ်ပြန်လည်သွားမည့် သဘာဝရှိသည်…. ။ ထူးခြားချက်မှာ ဤရာသီဖွားအားလုံးသည် အလွန်ခွင့်လွှတ်တတ်သည်။ မိမိကို တစ်စုံတစ်ရာ စိတ်ဒုက္ခပေသွားသောသူများအား ခွင့်လွှတ်ချစ်ခင်ရန်ဝန်မလေးပေ..။ ပတ်ဝန်းကျင်ကိုလည်း လုံးဝဂရုမစိုက်…။ အချစ်ကြောင့် ဇွတ်မိုက်ရမည်ကိုလည်း မနှောင့်နှေး။ တစ်စုံတစ်ယောက်ကိုမေတ္တာထားရမည်ဆိုကလည်း လေးညှို့မှ ပစ်သည့်မြားအလား တစ်ဟုန်ထိုး စူးစူးစိုက်စိုက် ချစ်တတ်သည်…။ တစ်စုံတစ်ယောက်သောသူကို အသည်းနှလုံးပုံပေး၍ ချစ်ခဲ့ပြီး နောက်တစ်ဦးတစ်ယောက်အား အလားတူထပ်တူထပ်မျှ တစ်ပြိုင်တည်း ချစ်နိုင်စွမ်းရှိသော နှလုံးသားကို ပိုင်ဆိုင်သည်….. ။ လုပ်ပြီးသော၊ ဆုံးဖြတ်ပြီးသော အရာတစ်ခုအား ချီတုံးချတုံ တစ်ဖန်ပြန်ဖြစ်တတ်သော သဘာဝရှိသည်…။ နှလုံးသားကို ဦးစားပေးလွန်းသူ ဖြစ်သည်…..။ မည်သို့ဆိုစေ ဤရာသီဖွားများ၏ မေတ္တာအပေါ် အမြင်သည် နှလုံးသား သွေးကလာပ်စည်းမှ ဦးနှောက်၏ အလွန်နက်ရှိုင်းသော ကလာပ်စည်း များဆီသို့ ပို့ဆောင်ကာ ဦးနှောက်၏ ဆုံးဖြတ်ချက်ကို နှလုံးသားမှ ပြန်လည်လက်ခံ၍ သေချာစွာ ဆုံးဖြတ်တတ်သည့်သဘာဝရှိသည်….။ မေတ္တာတရားအား ရုတ်ချည်းဆုံးဖြတ်မည်။ အချိန်ယူ၍ စဉ်းစားသော်လည်း ဆုံးဖြတ်ချက်ချရာ၌ မြန်ဆန်မည်…။ ချစ်သူများမည်…။ အိမ်ထောင်တစ်ဆက်တည်းမြဲရန်အတွက် အထူးအားစိုက် ဂရုထားရမည်….။ အောင်မြင်သော အိမ်ထောင်ရေးကို ရရှိမည်..။ လေးနက်သောနှလုံးသားနှင့် ချစ်မည်…။ ခွင့်လွှတ်တတ်သည်..။

ဓနုအချစ်ဘဝ

ဓနုရာသီဖွား “SAGITTARIUS” များ၏အချစ်ဘ၀သည် အလွန်နားလည်ရန်ခက်လှသည်…။ မိမိကု အနိုင်ရပြီး မိမိကိုအမြဲအရှုံးပေးမည့်သူအား ဦးနှောက်နှင့် နှလုံးသားပေါင်းစည်း၍ ချစ်သူအဖြစ် ရွေးချယ်လေ့ရှိသော အချစ်ဘ၀အားပိုင်ဆိုင်သည်….။ တဇွတ်ထိုး အချစ်သမားဖြစ်သည်….။ မိမိကို အလေးပေးမှုအား အလွန်လိုလားသည်…။ အလွန်သ၀န်တို တတ်သည်…။ ချစ်သူနှင့်တွေ့သောအခါ ပီယ၀ါစာ ချစ်စဖွယ် တီတီတာတာ မပြောပဲ ရန်ဖြစ် စိတ်ကောက် မနာလို၊ သ၀န်ကြောင်၊ မျက်နှာပုတ်၊ မျက်ရည်ကျ၊ ဆူဆောင့် အနိုင်ယူပြပြီး ချော့မော့ခံရန် စောင့်နေသောသူဖြစ်မည်…။ ကြာလာသောအခါ မိမိချစ်သူက မိမိအား တွေ့ရ၊ စကားပြောရမှာကိုပင် စိုးရိမ်လာမည်….။ တစ်ယောက်ယောက်ကို စိတ်မဆိုးရ၊ စိတ်မကောက်ရ၊ ရန်မဖြစ်ရ၊ အနိုင်မကျင့်ရလျှင် စားမ၀င်၊ အိပ်မပျော်တတ်သော မိမိသဘာဝသည် မိမိအသည်းနှလုံးအား ဟတ်တက်ကွဲစေမည်….။ ငြူစူစောင်းမြောင်း မြည်တွန်တောက်တီး၊ စိတ်ကောက်တတ်သူကို မည်သူက ဘ၀အဖော်အဖြစ် ဆက်ဆံလိုမည်နည်း။ ထိုအရာများကို ပြင်မှသာလျှင် အချစ်ဘ၀ အိမ်ထောင်သည်ဘ၀မှာ ဖြောင့်ဖြူးလိမ့်မည်….။မိမိသည် ချစ်သူပေါလိမ့်မည်…။ လူစွမ်းကောင်းလုပ်၍ မိမိဒဏ်ခံသူလဲ ဒုက္ခရောက်လိမ့်မည်…။ သို့သော် ထားခြားသည်မှာ ဤရာသီဖွားများက မျက်နှာသာ ပေးလိုက်လျှင် အားလုံးပြုံးပျော်ကြမည်…။ ဤရာသီဖွားများကို ချစ်သူများက တသသ စွဲလမ်း ချစ်ကြလိမ့်မည်…။

အဆိုးဖြစ်ခဲ့သမျှ အလုံးစုံမေ့ပျောက်သွားမည်…။ ထို့ကြောင့် ကမ္ဘာအ၀ှမ်း နက္ခတ်ပညာရှင်များက ဤရာသီဖွားများသည် “အချစ်နတ်ဆိုး၏ သင်ကြားပေးလိုက်သော မာယာပရိယာယ် တပ်ဆင်ပေးလိုက်သော မှော်မျက်ဝန်းအစုံ နှင့် နှလုံးသားကို ပိုင်ဆိုင်သည်.” ဟု ဆိုသည်….။ အချစ်ကဝေများဟုလည်း သတ်မှတ်သည်….။ အချစ်ကိုသော်လည်းကောင်း၊ ချစ်သူကိုသော်လည်းကောင်း အသုံးချ၍ ဘ၀ကို ထူးထောင်လိုသူဟု သတ်မှတ်သည်…။ အခန့်မသင့်က ချစ်သူများမည်…။ အိမ်ထောင်ဆက်များမည်…။ အားလုံးကလည်း မိမိကိုချစ်မည်…။ ဤအရာကို အခွင့်ကောင်းယူ၍ အချစ်သစ်စရာန်ဝန်မလေးပေ..။ ဤအချစ်ကဝေများလည်း အသည်းကွဲနိုင်သည်…။ အသက်( ၁၉၊ ၂၁၊ ၂၃၊ ၂၈၊ ၃၁၊ ၃၃၊ ၃၇) နှစ်များတွင်ဖြစ်သည်..။ အသားဝင်း၊ အသားလတ်၊ နှာတံပေါ်၊ ခန္ဓာကိုယ်သွယ်လျ မျက်နှာသွယ်၊ မျက်ဝန်းလင်းလက်ကာ စကားပြောမြန်၍ ခေါင်းမာတဇွတ်ထိုး လုပ်တတ်သော ဖူးစာရှင်နှင့် ဆုံစည်းမည်…..။


အဖြူရောင် ညီမလေး

Aug 13, 2009

လောလောဆယ် အဖြူရောင်ညီမလေး



အဖြူရောင် ညီမလေး

Aug 4, 2009

ဗြိစ္ဆာရာသီ (SCOPRIO)

ဗြိစ္ဆာရာသီ (SCOPRIO)

အောက်တိုဘာလ (၂၃) ရက်နေ့မှ နိုဝင်ဘာလ (၂၁) ရက်ကြား မွေးဖွားသော သူများကို ဗြိစ္ဆာရာသီဖွား “SCOPRIO” များဟု သတ်မှတ်သည်….။ မြန်မာလ တန်ဆောင်မုန်းလနှင့် နီးစပ်တူညီသည်…။

သော့ချက်ဗီဇ

အေးတိအေးစက် ထင်ရာစိုင်းတတ်သည်…။ လျှို့ဝှက်သည်…။ တစ်ပါးသူမသိအောင် အရာရာ လုပ်တတ်သည်…။ စိတ်ကြီးသည်…။ တဇွတ်ထိးလုပ်တတ်သည်။ စိတ်ကူးကောင်းသည်….။ ဥာဏ်ရည်ထက်မြက်သည်။ မိမိကမှန်သည်ထင်လျှင် ဘာကိုမှဂရုမစိုက်တတ်ဘဲ ရှေ့တိုးဆောင် ရွက်မည်…။ စိတ်ခံစားမှု ပြင်းထန်သည်..။ စိတ်အလိုလိုက်၍ အပြောင်းအလည်းများမည်..။ အသစ်အဆန်း အပြောင်းအလည်းကို အမြဲဖန်တီးသည်..။ အခက်အခဲ၊ အတိုက်အခံ၊ ပဋိပက္ခ ကြားမှ ထူးခြားသော အောင်မြင်မှု ရရှိမည်…။

လက်သုံးဆောင်ပုဒ် MOTTO “I desire”

ကိုယ့်ဆန္ဒကတော့……..

ချစ်ရေးဆို ရက်ကောင်းများ “LUCKY DATES”

လစဉ်လတိုင်း၏

4

7

9

13

16

18

22

25

27

31

-

-


ရက်နေ့များတွင် မိမိစကား အောင်မြင်မှုရှိမည်…။ အဆိုပါနေ့ရက်များတွင် မိမိစိတ်ဆန္ဒကို တစ်ပါးသူသိအောင် ပြောနိုင်မည်..။ ထို့ကြောင့် ချစ်ရေးဆိုရန် ကောင်းလှပါသည်..။

အချစ်အဖြေပေး ရက်ကောင်းများ “LUCKY DAYS”

တနင်္ဂနွေ၊ တနင်္လာနေ့ အင်္ဂါနေ့များတွင် ချမှတ်သော ဆုံးဖြတ်ခြင်းများ၊ သုံးသပ်ချက်များ ဘ၀ အတွက် မှန်ကန်မည်ဖြစ်ရာ အဆိုပါနေ့များတွင် မေတ္တာတုံ့ပြန် ဆုံးဖြတ်အဖြေပေး ခေါင်းညိတ် နိုင်မည်…။

ဗြိစ္ဆာ အချစ်ဒဿန

ဗြိစ္ဆာရာသီဖွား ‘SCOPRIO” များသည် အလွန်ချစ်တတ်သော၊ အလွန်မုန်းတတ်သော အချစ်ကို ပိုင်ဆိုင်ထားပြီး တစ်ပါးသူမဆိုထားနှင့် မိမိကိုယ်မိမိပင် နားမလည်နိုင်သော ထူးခြားသည့် နှလုံးသာပိုင်ရှင်များ ဖြစ်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတစ်ညွတ်တည်း အဆိုပြု ထားသည်..။ ကန္တာရအလယ် ပတ်ကြားအက်နေသည့် ကျောက်မြေကြားရှိ အလွန်အဆိပ်ပြင်း သော ကင်းမြီးကောက်တစ်ကောင်၏ ရင်ထဲမှ မွတ်သိပ်နေသော၊ နူးညံ့လွန်းသော၊ အချစ်ကြီး သော၊ အမျက်ကြီးသော နှလုံးသားမျိုးကို ပိုင်ဆိုင်သူဟု ဖော်ကျူးထားသည်…။ အကောင်းဆုံး နှင့် အဆိုးဆုံးကိုသာ လုပ်လိုသော သဘာဝရှိသည်..။ ကောင်း၊ ဆိုး၊ မှန်၊ မှား၊ လုပ်သင့်၊ မလုပ် သင့် စသည့် အစဉ်အလာရ သတ်မှတ်ထားချက်များကို လုံးဝလက်ခံခြင်း မရှိ။ မိမိရင်ထဲမှ ကောင်းသည်၊ မှန်သည်ဟုထင်လျှင် ခေါင်းအေးအေး သွေးအေးအေးနှင့် တဇွတ်ထိုး လုပ်တတ် သည်..။ မိမိခံစားချက် ခံယူချက်ကို ဦးစားပေးမည်…။ ကိုယ်ပိုင် အဘိဓမ္မာနှင့် အဖြစ်မနေ လုပ် တတ်သည်..။

မိမိစိတ်ထဲမှာ ရှိသော အရာများကို တစ်ပါူသူအား ဖွင့်ပြောတိုင်ပင်ခြင်း မရှိ…။ လျှို့ဝှက်စွာ သိုသိပ်၍ မဖြစ်မနေ လုပ်တတ်သော သဘာဝရှိသည်..။ တစ်စုံတစ်ယောက်သော သူကို ချစ်မိပြီဟု ဆုံးဖြတ်ချက်ချရန်အတွက် အလွန်အချိန်ယူတတ်သော်လည်း ဆုံးဖြတ်ပြီးပါ က လုံးဝပြန်မပြင်တတ်ပေ..။ ဝေဖန်မှုကို လုံးဝ ဂရုမစိုက်၊ ဥပေက္ခာ နှလုံးသားပိုင်ရှင်ဟု သတ် မှတ်နိုင်သည်…။ မိမိချစ်သူက အမှားအယွင်းတစ်စုံတစ်ရာ ပြုလုပ်ပါကလည်း ဒေါသအမျက် ပြင်းစွာဖြင့် လုံးဝခွင့်မလွှတ်တတ်၊ နှလုံးသားထဲမှ အပြီးအပိုင် ထုတ်ပစ်ပြီး ဥပေက္ခာ ပြုလိုက်မည်..။ ပင်ကိုသဘာဝတွင် အလွန်ထူးခြားသည်..။ ပြန်မပြော၊ နားမထောင်၊ တစ်ပါး သူတားဆီးသည့် ကိစ္စကိုမှ လုပ်လိုသည်..။ အားနည်းသောဘက်မှ ရပ်တည်မည်…။ အလွန် ကြောက်မက်ဖွယ်ကောင်းသည်မှာ မေတ္တာစိတ်ပြောင်းလွယ်သည်..။ ခံစားချက်ကို မျိုသိပ်တတ်သည်..။ မိမိဘက်မှ တတ်အားသ၍ ပေးဆပ်မည်..။ သည်းခံသည်..။ ခံနိုင်စွမ်း ကုန်သောအခါ အရွဲ့တိုက်မည်…။ အလွန်ချစ်ခဲ့သောသူကိုပင် စွန့်ပစ်မည်..။ ခွဲခွာသော အခါတွင်လည်း သံယောဇဉ်ကို လုံးဝမရှိတော့လောက်အောင်ပင် ဖြစ်မည်..။ အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ။ သို့သော် အချစ်ဆုံးသူနှင့် ပေါင်းရမည်..။ ချစ်သူခင်သူပေါများသည်…..။ အခိုက်မသင့်က အိမ်ထောင်ဆက်ပင်များသွားနိုင်သည်..။

သူတစ်ဦးတစ်ယောက်အား မေတ္တာ ရှိ၊ ချစ်ပြီဆိုကလည်း အခြားသေူသူများကဲ့သို့ မိတ်ဆွေအပေါင်းသင်းများကို ဖွင့်ပြောလေ့မရှိ..။ တစ်ဦးတည်.. လျှို့ဝှက်စွာ ကြိတ်ကြံတတ်သည်..။ မိမိအချစ်ကို နှုတ်မှ မပြောခင် ချစ်သူရှိရာသို့ အချိန်ရှိသ၍ တရစ်ဝဲ၀ဲ လုပ်နေတတ်သည်..။ ချစ်သူဘ၀ရောက်ပြန်လျှင်လည်း နှစ်ဦးတွေ့သော အခါတွင် ဖွယ်ဖွယ်ရာရာ ကြင်ကြင်နာနာပြောဆိုခြင်းမရှိ။ ခေါင်းကြီးငုံ့ ဘေးချင်းယှဉ်ထိုင်ကာ စကားမပြောဘဲ ဂွတိဂွကျ မပွင့်မလင်းနေတတ်သော သဘာဝအား ပိုင်ဆိုင်သည်..။ မိမိကို တစ်ကယ်ချစ်ရဲ့လားဟုပင် ချစ်သူက ထင်လောက်သည်။ စကားပြောဆိုပါကလည်း ချစ်သူက စိတ်ဝင်စားသည် မ၀င်စားသည်ကို ဂရုမစိုက်။ အချစ်နှကင့် မပက်သက်သော အရာများကို ကရားရေရွတ် ပြောတတ်သည်..။ မည်သို့ဆိုစေ ဗြိစ္ဆာရာသီဖွားများ၏ ချစ်ခြင်းမေတ္တာပေါ်အမြင်တွင် မတူသော ဆန့်ကျင်ဘက်နှစ်ဦးကို ပေါင်း ကူးဆက်ဆံပးနိုင်သော တစ်သားတည်းဖြစ်အောင်လုပ်ပေးနို်င်သော အရာသည် အချစ်ဖြစ် သည်ဟု သတ်မှတ်လိမ့်မည်…။

ဗြိစ္ဆာ အချစ်ဘဝ

ဗြိစ္ဆာရာသီဖွား “SCORPIO” များ၏အချစ်ဘ၀သည် မိမိကို ခွင့်လွှတ်နိုင်သူများ၊ မိမိက အသည်းခွဲ၍ ကြေကွဲသူများ ၀ိုင်းဝိုင်းလည်နေသော ဘ၀ပင်ဖြစ်သည်..။ တစ်ပါးသူမဆိုထားနှင့် မိမိကိုယ်မိမိပင် မချစ်တတ်သော တန်ဖိုးမထားတတ်သော အချစ်ကို ပိုင်ဆိုင်သည်…။ ပြုံးပြုံး လေးနှင့် ကိုယ်မဟုတ်သလို တဇွတ်ထိုးရက်စက်ခြင်း၊ ပါတ်ဝန်းကျင်က ပြောစကားမျာ၊ ဝေဖန်ခြင်းများကို လေးနက်စွာ နားထောင်နားယောင်၍ နာရီပိုင်း၊ မိနစ်ပိုင်းအတွင်း စိတ်ပြောင်းတတ်ခြင်း တို့သည် ဗြစ္ဆာရာသီဖွားတို့ အချစ်ဘ၀ဇာတ်လမ်း ဇာတ်ကွက်များပင် ဖြစ်သည်..။ မိမိက တစ်ပါးသူကို မည်မျှချစ်သူဟု ဆိုစေကာမူ အားလုံးက မိမိကို အချစ်ဗီလိန်၊ လူကြမ်းဟု သတ်မှတ်လိမ့်မည်..။ ဘယ်သူတွေ ဘာဘဲပြောစေ ကိုယ်စိတ်ချမ်းသာလိမ့်မည်..။ ကိုယ်မှန်မည်ထင်လျှင် ကိုယ့်ဘ၀နှင့်ကိုက်ညီသော သူအပေါ်ချစ်ရန်ဝန်မလေး..။ ချစ်သူရှိပါက သည်းသည်းလှုပ်ချစ်မည်..။ ချစ်သူထက်ပိုလာသောသူပေါ်လာက

“ခွင့်လွှတ်ပါ ဘ၀ခြင်းခြားနားနေမည် ဒီလိုဆုံးဖြတ်ပါဖို့ လုံးဝ..လုံးဝ စိတ်မကူးပါဘူး…………… ဒါပေမယ့်….ဒါပေမယ့်….ဒါပေမယ့်…..”

ဟူသောစကားများကို နောက်ဆုံးပြောပြီး ချစ်သူသစ်နောက်တကောက်ကောက်၊ ထိုချစ်သူ သစ်ထံမှ နောက်ချစ်သူသစ်ထံသို့လည်းပြောင်း၊ အချစ်ဘ၀သည် အပြောင်းအလည်းများလှ ပေသည်..။ မည်မျှချစ်သူများစေကာမူ နောက်ဆုံးအိမ်ထောင်ပြုလိုက်သူမှာ အထူးကောင်း သည်…။ အသည်းနှလုံးသည် မည်မျှ ပြောင်းလဲစေကာမူ ဦးနှောက်သည် တစ်သတ်မတ်တည်း ချစ်တိုင်းယူစရာမလို ညားစရာမလို ကိုယ့်အတွက်၊ ငါ့အတွက်၊ ဘ၀အတွက်၊ တစ်စုံတစ်ရာ အတိုင်းတာထ ပံ့ပိုးပေးနိုင်သော အချစ်ငတ်သူသည်သာ မိမိ၏ ချစ်သူဖြစ်ရမည်ဟု ယူဆတတ်သည်..။ ထိချစ်သူထံသို့ အလွန်ပြင်းထန်သော အချစ်ဆိပ်များ ထိုးသွင်း၍ ကကြိုး သဖွယ်ကိုင်တွယ်ကာမော့မော့လေး ၊ ပြုံးပြုံးလေး ဘ၀တွင်ထာဝရနေသွားရမည့်အချစ် ဘ၀ ပိုင်ရှင်ဖြစ်သည်.....။ထို့ကြောင့် ဤရာသီဖွားများ၏ အချစ်ဘ၀ကို ကံဆိုးသူဟူ၍လုံးဝမပြောနိုင် ကိုယ်ကသာ အသည်းခွဲသူ ဖြစ်မည်…..။ သို့သော် မေတ္တာဆူးတတ်သည်…။ ၀ဋ်လည်တတ် သည်…။

အသက် (၁၇၊ ၁၉၊ ၂၁၊ ၂၃၊ ၃၁၊ ၃၅၊ ၃၉၊ ၄၄၊ ၄၇) နှစ်များတွင် အချစ်ဝဋ် ခံရတတ် သည်…………..။ နှာတံပေါ်၍နှုတ်ခမ်းပါးသော အေးချမ်းရိုသားစွာနေတတ်သော သွက်လက် သော၊ မျက်လုံးဝိုင်းစက်လှပသော၊ နူးညံ့သိမ်မွေ့စွာ ပြောဆိုဆက်ဆံတက်သော၊ အိနြေ္ဒကြီး သောသူများနှင့် ဖူးစာဆုံမည်…………..။


ဆက်လက်ဖော်ပြပါမည်….။

အဖြူရောင် ညီမလေး

Jul 29, 2009

တူရာသီ (LIBRA)

တူရာသီ (LIBRA)

စက်တင်ဘာလ (၂၃) ရက်မှ အောက်တိုဘာလ (၂၂) ရက်ကြားမွေးသောသူများကို “LIBRA” များဟုသတ်မှတ်သည်…။ မြန်မာလ သီတင်းကျွတ်လနှင့် နီးစပ်တူညီသည်…။

သော့ချက်ဗီဇ

မျှမျှတတတွေးခေါ် လုပ်ကိုင်တတ်သည်…။ လူသားအချင်းချင်း စာနာတတ်သည်…။ နှလုံးသား နူးညံ့သလောက် စကားပြော ဘုကျ၊ ဂွပြော၊ မနူးညံ့၍ ရန်များတတ်သည်..။ မွေးရပ် အကျိုး မပေးပါ..။ စီးပွားရေးတွင် ငွေမမက်၍ ငွေမမြဲပါ..။ အများအပေါ်ဦးဆောင်ရမည်..။ ဘ၀တွင် မိမိက မျှတသလောက် မိမိကို မမျှမတ အနိုင်ယူသူ ပေါများမည်….။

လက်သုံးဆောင်ပုဒ် MOTTO “I balance”

ကိုယ် ချိန်ဆကြည့်လိုက်တော့….

ချစ်ရေးဆို ရက်ကောင်းများ “LUCKY DATES”

လစဉ်လတိုင်း၏…













1
3
6 9
10 12 15 18
19 21 24 27



ရက်နေ့များတွင် ချစ်ရေးဆို၊ ချစ်ခွင့်ပန်ရန် စကားအောင်မြင်မှု ကံပွင့်သော ရက်ကောင်းများ ဖြစ်သည်…။

အချစ်အဖြေပေး ရက်ကောင်းများ “LUCKY DATES”

သောကြာနေ့၊ ကြာသာပတေးနေ့၊ အင်္ဂါနေ့များတွင် မေတ္တာရေး အဖြေပေး ခေါင်းညိတ်ရန် ရက်ကောင်းများ ဖြစ်သည်…။

တူ အချစ်ဒဿန

တူရာသီဖွား “LIBRA” များသည် အသည်းမာ၍ တစ်ပါးသူအပေါ် ချစ်ရန်အလွန်ခက်ခဲတတ် သော အေးတိအေးစက် နှလုံးသားအချစ်ကို ပိုင်ဆိုင်ထားသူများဟု ကမ္ဘာ့ပညာရှင်ကြီးများ က အဆိုပြုထားသည်…။ ပေးဆပ်ခြင်းနှင့် ရယူခြင်းကို ချိန်ခွင် တစ်ဖက်တစ်ချက်တွင်တင်၍ အရာရာ

တွက်ချက်နေသော နှလုံးသားအချစ်ရှင်ဟုလည်း ဖော်ကျူးထားပြန်သည်…။

ဤရာသီဖွားများသည် မျှတသော သဘာဝ၊ နှစ်လိုသော အနေအထား ရှိလင့်ကစား နှလုံးသား မာလွန်း၍ မိမိကိုယ်မိမိသာ အချစ်ဆုံးဖြစ်သည်…။ သီးသန့်နေလိုစိတ် ပြင်းထန်မည်…။ချစ်ခဲပြီး အချစ်မြဲသည်..။ ထူးခြားချက်မှာ ဥာဏမြင့်သော ပညာအတတ်ထူးချွန်သော သူတို့ကို ဦးစား ပေး၍ချစ်တတ်သည်…။ အလွန်သိမ်မွေ့ အေးချမ်းမည်…။ မေတ္တာရေးတွင် အလွန်မျှတစွာ တွေးခေါ်တတ်သည်..။ ချင့်ချိန်တတ်သည်…။ နှလုံးသားသည် ကောင်းပြီဆိုကလည်း အလွန် ပရိယာယ် မာယာများစွာ သူတစ်ပါးထက် သာလွန်ဆိုးပြတတ်သည်…။ တစ်ပါးသူကိုဦးစားပေး တတ်သော်လည်းး မိမိက အနစ်နာခံရမည်ဆိုပါက ဘာကိုမှ မလုပ်…။ သာချင်းအတွင်း ကျန်းမာရေး မကောင်းသူ၊ ဆိုးသွမ်းသူများကြောင့် မိမိအချစ်ရေး၊ နှလုံးသားရေးတွင် အနှောက်အယှက် နည်းငယ်ရှိသည်…။ ပင်ကိုနှလုံးသားသည် နီးစပ်မှုအား အခြေတည်၍ အချစ်သံယောဇဉ် ဖြစ်တတ်သည်..။ အချစ်ပေါ် အမြင်သည် မိမိနှင့်အပေးယူညီမျှ၍ မိမိဘ၀ အား အထောက်အကူပြုနိုင်သော သူအပေါ် ချစ်သင့်သည်…။ သဘောထား မတိုက်ဆိုင်သော သူများကို ဥပေက္ခာပြုထားတတ်သည်…။ ချစ်ခြင်းမေတ္တာနှင့် ဥပေက္ခာ နှစ်မျိုးရှိ၍ အမုန်းတရား မရှိသော နှလုံးသားကို ပိုင်ဆိုင်သည်…။

ပင်ကိုအားဖြင့် မိမိကိုယ်မိမိသာ အချစ်ဆုံးဖြစ်၍ မိမိဘ၀နှင့် ထပ်တူနီးပါး တူညီပြီး အကျိုးပြုသော သူကို ဦးစားပေးချစ်တတ်သည်…။ ချစ်သင့်သည်ကတစ်ယောက် ချစ်မိသူက တစ်ဦးဖြစ်တတ်သည်.. ။ ဤရာသီဖွား အမျိုးသမီးများသည်..အလွန်သံယောဇဉ် ကြီးတတ် သည်..။ မိမိအား သဘောကျသောသူ အလွန်ပေါသဖြင့် ရွေးချယ်ရာတွင် တွေဝေဒွိဟ ဖြစ်ရတတ်သည်…။ အဆုံးတွင် နှလုံးသားကို ဦးစားပေးလိမ့်မည်..။ နီးစပ်မှု အရှိဆုံးသူကို ရွေးမည်…။ အစပိုင်းတွင် တစ်ပါးသူတို့က မိမိလူရွေးမှားပြီဟဟု ဝေဖန်ကြလိမ့်မည်..။ ရွေးလိုက်သောသူသည် မိမိလက်ထဲရောက်မှ ထက်မြတ်လာမည်…။ ထိုအခါ အများဝန်းကျင် ကအရွေးကောင်းလေစွဟု ပြောကြလိမ့်ဦးမည်…။။။

ဤရာသီဖွား အမျိုးသားများသည်..ပညာအတတ်ရှိသူကို သံယောဇဉ် တွယ်တာမည်။ချစ်ခြင်း မေတ္တာသည်..အထင်ကြီးမှု လေးစားမှုအပေါ် အခြေတည်၍ ပေါ်ပေါက်မည်။ဘ၀လမ်းကြောင်း တွင် ၅၂၈ နှင့် ၁၅၀၀ မေတ္တာနှစ်ခုကြားတွင် လွန်ဆွဲနေရမည်…။ အဆုံးသတ်တွင် မိမိအကြိုက် မိဘပတ်ဝန်းကျင် နှစ်ခုစလုံး နှစ်သက်မှု ရှိသူကို နှလုံးသားမှ ဆုံးဖြတ်၍ ဘ၀အဖော်ဖြစ် ရွေးမည်…။ မည်သို့ဆိုစေ ဤရာသီဖွား အားလုံး၏ အချစ်၊ မေတ္တာအပေါ်ထားရှိသော ဒဿန သည် “ပေးဆပ်ခြင်း၊ ရယူခြင်း၊ တုံ့ပြန်ခြင်း၊ ခွင့်လွှတ်ခြင်းတို့ ပေါင်းစည်းထားသည့် အလွန်တန်ဖိုးရှိသော အရာသည် အချစ်ဖြစ်သည်” ဟူ၍ ဖြစ်သည်…။

တူ အချစ်ဘဝ

တူရာသီဖွား “LIBRA” များ၏ အချစ်ဘ၀သည်..အကောင်းအဆိုးများ ရောထွေးနေသည်။ ချင့်ချင့်ချိန်ချိန် ပရိယာယ်များဖြင့် အပေးအယူပြုသော အချစ်ဘ၀ကို ပိုင်ဆိုင်မည်..။ မိမိကိုယ် ကို မိမိချစ်သော အချစ်ထဲမှ အချို့တစ်ဝက်ကို တစ်ပါးသူသို့ ပေးမျှချစ်သော အချစ်ဘ၀အား ပိုင်ဆိုင်သည်..။ ပင်ကိုဘ၀သည်.. အရာရာပြီးပြည့်စုံပြီး ဖြစ်လိမ့်မည်...။ မိမိ၏ ထက်မြတ်သော စိတ်ကူးဥာဏ်ရည်၊ ကျယ်ပြန့်သော အသိုင်းအ၀ိုင်း၊ ချင့်ချိန်တတ်သော ဥာဏ် ရည် အလုံးစုံသည် မိမိအတ္တမာနကို တစ်စစကြီထွားစေမည်.. ။ ဤဘ၀ ဤမာနကို ထိပါးလာ သည့် မည်သည့် အရာမဆို မိမိမဆောင်ရွက်…။

ဤရာသီဖွား အမျိုးသမီးများသည် ၀ိုင်းဝိုင်းလည်နေသော ကမ်းလှမ်းသူများ၊ ချစ်သူများအကြား မိမိအချစ်သည် မျက်နှာ ပန်းလှပေသည်..။

“စဉ်းစားပါရစေဦး…..။ အခင်အမင်လေး မပျက်စေချင်ဘူး..၊ ဒီလိုလေး ဆက်ဆံရင် တော်ရောပေါ့..။ အချစ်တစ်ခုရောက်ရင်တော့ စဉ်းစားတာပေါ့”

စသည့် စကားများဖြင့် အားလုံးသောသူများအပေါ် နှစ်သိမ့်၊ ချွေးသိမ့်၍ မြွေမသေ၊ ထုတ်မကျိုး အချစ်မျိုးနှင့် ရှေ့လည်းမတိုးသာ၊ နောက်လည်းမဆုတ်သာအောင် ပရိယာယ် မာယာနှင့် ချည် နှောင်မှု ပြုလိမ့်မည်…။ တစ်စစ မိမိကြိုးရှည်ရှည်နှင့် လှန်ထားမှန်းသိ၍ နောက်ပိုး ပိုးသူများ တဖြည်းဖြည်းနည်းပါးသွားချိန် “ငါ့ အခက်ရချေရဲ့” ဟုသုံးသပ်မိကာ အလျဉ်းသင့်သလို မီရာ အဆင်ပြေရာကို “အကောင်းဆုံးမဟုတ်လင့်ကစား အကောင်းဆုံးနီးပါးတော့ ရှိလေရဲ့” ဟု တွက်ချက် ချိန်ဆပြီး ဘ၀ရှေ့ဆက်ရလိမ့်မည်…။

ဤရာသီဖွား အမျိုးသားများတွင်မူ မိမိစိတ်ကြိုက် တစ်ပါးသူအမြင်နှင့် မတူသော ရှုတောင့်မှ ရွေးမည်..။ ရွေးချယ်လိုက်သော ချစ်သူသည် မိမိဝန်းကျင်နှင့် အံဝင်ခွင်ကျမဖြစ်။ အရွေးမှား သည်ဟု ၀ိုင်းဝန်းဝေဖန်ကြလိမ့်မည်..။ မိမိလက်တွင်း ရောက်လာမှ အလွန်ထက်မြက်မည်..။ အခိုက်မသင့်က သူမသည် မိမိကို အသည်းခွဲလိမ့်မည်…။ အချုပ်ဆိုသော် ဤရာသီဖွားများ၏ အချစ်ဘ၀သည် ဦးနှောက် မြော်အမြင်တွက်ချက်မှု၊ ချိန်ဆမှု၊ တွေးဆမှု များလွန်း၍ ရတာမလို လိုတာမရ ဖြစ်မှုများကြောင့် အသက်(၂၀၊ ၂၂၊ ၂၅) နှစ်များတွင် အချစ်ဆုံးဖြတ်ချက် မှားတတ် သည်..။ ထိုကာလသုံးခုမှတစ်ပါး အခြားကာလများတွင် ဆုံးဖြတ်ပါက အချစ်ဘ၀ချော လိမ့်မည်…။

ပညာတတ်၊ ဥာဏ်ကြီး၊ စကားပြောကောင်း၊ အကြွားအ၀ါကောင်း၊ ဟန်ကောင်းပြီး မျက်နှာ လေးတောင့် နှာတံပေါ်၍ မျက်ရစ်မပါသော (သို့မဟုတ်) မျက်လုံးမှေး၍ အမြဲ ပြုံးနေသောသူ နှင့် ဖူးစာဆုံမည်..။


ဒီရာသီဖွားကတော့ ဖြူလေးကိုယ်တိုင်ပါပဲ …..အကြောင်းအရာတော်တော်များများ တိုက်ဆိုင် လွန်းပါတယ်…ဆရာကြီး စံ-ဇာဏီဘို ရဲ့ဟောချက်တွေကတော့ အရမ်းမှန်ပါတယ်….။ဘယ်လို လူမျိုးနဲ့ ဖူးစာဆုံမလည်းဆိုတာတော့ ရင်ခုန်စွာစောင့်စားနေပါတယ်…..


ဆက်လက်ဖော်ပြပါမည်...။

အဖြူရောင် ညီမလေး

Jul 28, 2009

ကန်ရာသီ (VIRGO)

ကန်ရာသီ (VIRGO)

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) ရက်ကြား မွေးသောသူကို “VIRGO” ကန်ရာသီ ဖွားများဟု သတ်မှတ်သည်….။ မြန်မာလ တော်သလင်းလနှင့် နီးစပ်တူညီသည်….။

သော့ချက်ဗီဇ

ဆင်ခြင် တွေးခေါ်မှုကောင်သည်…။ စည်းစနစ် ကျနမှုနှင့် ဘ၀တွင် အောင်မြင်မှုများ ထူးခြားစွာ ရရှိပေလိမ့်မည်….။ ပြောင်းလဲမှု၊ လှုပ်ရှားမှုများကို အခြေခံ၍ ဘ၀တိုးတက် တည်ငြိမ်မည်…။ အရွဲ့တိုက်ခြင်း၊ ကလဲ့စားခြေခြင်း သဘာဝကို လျော့ပစ်သင့်သည်..။ လုပ်ငန်း နှင့် ပညာတွဲ၍ ဘ၀တိုးတက်မည်…။ ဥဏ်ရည်အတက်ပညာကို သုံး၍ ဘ၀တိုးတက်မည်…။

လက်သုံးဆောင်ပုဒ် MOTTO “I analyze”

ကိုယ်သုံးသပ်မိသလောက်တော့.........

ချစ်ရေးဆို ရက်ကောင်းများ “LUCKY DATES”

လစဉ်လတိုင်း၏


5

6

9

14

15

18

23

24

27






ရက်နေ့များတွင် မိမိစကား အောင်မြင်မည်ဖြစ်သဖြင့် ယင်းရက်များတွင် ချစ်ရေးဆို ချစ်ခွင့်ပန် ရန် ရက်ကောင်းများဖြစ်သည်…။

အချစ်အဖြေပေး ရက်ကောင်းများ “LUCKY DAYS”

ဗုဒ္ဓဟူးနေ့၊ သောကြာနေ့၊ အင်္ဂါနေ့ များတွင် တုံ့ပြန်မေတ္တာ အဖြေပေး၊ ခေါင်းညိတ်ခြင်းကို ပြုလုပ်ဆောင်ရွက်နိုင်ပါသည်….။

ကန်အချစ်ဒဿန

ကန်ရာသီဖွား “VIRGO” များသည် အလွန်ထိခိုက်ခံစားလွယ်သည့် သဲသဲလှုပ် နှလုံးသားအချစ် ကို ပိုင်ဆိုင်ထားသောသူများဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်…။ အလွန်သန့်စင်လှပသော ကညာစင်တစ်ဦးက သူမဦးခေါင်းထက် ပန်ဆင်ရန် ရွေးချယ်ထားသည့် ဖြူလွလွ ပန်းပွင့်နှင့်တူသော နှလုံးသားနှင့် အချစ်ကို ပိုင်ဆိုင် သောသူများဟု ဖော်ကျူးထားသည်…။ ခွဲခြမ်းစိတ်ဖြာလေ့လာပြီးမှ စနစ်တကျ ချစ်တတ်သည်။ အလွန်စိတ်ထိခိုက် ခံစားလွယ်သည်…။ နူးညံ့ သိမ်မွေ့လွန်းသော နှလုံးသားကို ပိုင်ဆိုင်သည်။ မာမာပြောဆိုဆက်ဆံလျှင် ....

မိမိအတွက် အကျိုးရှိသော စကားပင်ဖြစ်လင့်ကစား လက်မခံ၊ အချော့ကြိုက်၊ အပျော့ကြိုက် မိမိအား ဦးစားပေးဆက်ဆံမှုကို လိုလားသော အချစ်ပိုင်ရှင်ဖြစ် သည်..။ တိုက်ရိုက် (သို့) သွယ်ဝိုက်၍ မိမိအား ဝေဖန်လာလျှင် တစ်ပါးသူထက်ပို၍ ခံစားတုံ့ ပြန်တတ်သည်..။ ဝေဖန်လာသူကို မုန်းတီးပစ်မည်…။ မိမိအားနည်းချက်ကို မိမိသိ၍ ပြင်မည်။ တစ်ပါးသူက ထောက်ပြလာ၍ ပြင်ရသည်ဟူသော အနေအထားကို လုံးဝ လက်မခံတတ်ပေ..။ ဘ၀ရည်မှန်းချက် ကြီးမားစွာရှိသည်..။ ရည်မှန်းချက် အောင်မြင်ရန်အတွက် မိမိနှလုံးသားကို မိမိကိုယ်တိုင် ခုတုံးလုပ်ချနင်းပစ်ရန် ၀န်မလေး……….။ မိမိဘ၀ တိုးတက်မှုကို ပံ့ပိုးပေးသူများ အပေါ် အချစ်မေတ္တာထားမည်..။ ချစ်သူပင်ဖြစ်လင့်ကစား ဘ၀ရည်မှန်းချက် တိုးတက်မှုကို ဆန့်ကျင် တားဆီးလာပါက မုန်းတီးဆန့်ကျင် တိုက်ခိုက်ဖယ်ရှားရန် ၀န်မလေးသောသူ ဖြစ်သည်..။ လူချစ်ခူခင်ပေါပြီး သူတစ်ပါး၏ အမူအရာစကားတို့ အပေါ် အကျကောက်တတ် သောကြောင့် ပဋိပက္ခ များတွေ့ရတတ်သည်…။ စိတ်ကြည်နေသောချိန် ပြုံးရွှင်နေသော အချိန် တွင် သူတစ်ပါးကို သဘောထားကြီး ခွင့်လွှတ်တတ်သလောက် အငြိုးထားမိသော ကာလတွင် သဲကြီးမဲကြီး အပြစ်ရှာ၍ တိုက်ခိုက်တတ်သည်…။ ဆတ်ဆတ်ထိမခံ စကားကုန်သုံး တိုက်ခိုက် ရမှကျေနပ်သည်…။ အမျိုးသမီးများ အချစ်ရေးတွင် ရုတ်တရက် ဆုံးဖြတ်လိမ့်မည်..။ နီးစပ်မှု ကြောင့် အချစ်ပေါ်ပေါက်မည်…။ နောက်ဆုံးအထိ အရွေးရခက်အောင် ဒွိဟဖြစ်မည်….။ ပတ်ဝန်းကျင်မှ အနှောက်အယှက်ပြုချင်းကို မိမိနှင့် ချစ်သူကြား ကြုံမည်…။ ဘ၀ကို အနစ်နာခံ စွန့်လွှတ်၍ ချစ်တတ်သည်…။ အသိုင်းအ၀ိုင်း၊ ဘ၀မတူသော သူနှင့် ချစ်မည်..။ ယုံစားလွယ်၍ မေတ္တာလှည့်စားခံရမည်…။

အမျိုးသားများသည်.. ဘ၀တိုးတက်ရန် အတွက် တစ်စုံတစ်ယောက်ကို ခုတုံးလုပ်ရန် ၀န်မလေး။ တစ်ပါးသူ အသည်းခွဲရန် ၀န်မလေး၊ ကိုယ်တိုင်အသည်း ကွဲရမည်ကိုလည်း ဂရုမစိုက်တတ်…။ ချစ်ခြင်းမေတ္တာဟူသည်ကား မိမိက ထားရှိရန်မလို။ မိမိကို ချစ်လာသော သူအား အခြေအနေကိုလိုက်၍ လိုအပ်သလို တုံ့ပြန်ရန်သာ ဖြစ်သည်…ဟူသော နှလုံးသား ဒဿနနှင့် စိတ်ဓါတ်ရှိသည်…။ထို့ကြောင့် ဤရာသီဖွားများသည် အချစ်ရေးတွင် မတည်ငြိမ် သော်လည်း အိမ်ထောင်ရေးတွင် ဦးနှောက်၏ ဆုံးဖြတ်မှုကြောင့် ရုပ်ဝထ္ထုပစ္စည်း ကြွယ်ဝပြီး ငွေပုံပေါ်ထိုင်ရမည်….။ ဘ၀တွင် အသက်လတ်ပိုင်းရောက်မှ နှလုံးသားသည် နိုးကြားလာကာ အချစ်စစ်ကို တောင့်တလာမည်…။ ရွှေပုံ၊ ငွေပုံ၊ ဓနဂုဏ်ဖြင့် စံနေရာမှ အထီးကျန်စွာနှင့် မချစ်တတ်သော နှလုံးသားအပေါ် အပြစ်ဖို့၊ နောင်တ ရင်မှာပိုက်နေရသော ဘ၀ကို ပိုင်ဆိုင်မည်…။ ဤကား ကန်ရာသီဖွားတို့၏ အချစ်ဒဿနပင် ဖြစ်သည်….။

ကန် အချစ်ဘဝ

ကန်ရာသီဖွား “VIRGO” များ၏ အချစ်ဘ၀သည် ဆွတ်ပျံ့ဖွယ်ကောင်းလှပေသည်…။ရွှေပုံပေါ် စံလျှက် ခြွေရံသင်းပင်းများ အကြား အထီးကျန် အသည်းကွဲဒဏ် ခံစားနေကြရသော သူအများ စုသည် ကန်ရာသီဖွားများ ဖြစ်သည်… ။ အချစ်ကိုယုံစားမည်။ ၀ိုင်းဝိုင်းလည်နေသော သူများ အကြားမှ အချစ်ဆုံးသူကို ရွေးမည်… ။ အချစ်ခရီးလမ်းသည် အလွန်လှပမည်..။ ချစ်သူ၏ စကား၊ ချစ်သူ၏ ကတိ၊ ချစ်သူ၏ မိမိအပေါ် ထားရှိသော ယုယမှုများသည် အနှိုင်းမဲဖြစ်မည်…။ တစ်ပါးသူများက မိမိကို အချစ်ကံကောင်းလေစွဟု ပြောကြမည်…။ မိမိကိုအားကျလိမ့်မည်…။ စံတင်ခံရသော အတွဲလေးဟု အသိမှတ်ပြုလိမ့်မည်..။ မိမိကလည်း ချစ်သူလိုအင်မှန်သမျှ ဖြည့်စွမ်းပေးမည်…။ အတိတ်ဘ၀မှ မိတ်ဆွေများ ၊ အသိုင်းအ၀ိုင်းများ၊ မိမိအား အလွန်မြတ်နိုး သော ချစ်သူများ….အားလုံး၊ အားလုံးကို စွန့်ပစ်၊ မေ့ပစ်၍ သူနှင့် မိမိတစ်ဘ၀ တည်ဆောက် မည်..။ သူခေါ်ဆောင်ရာ ပတ်ဝန်းကျင်၊ သူ့ဘ၀၊ သူ့အသိုင်းအ၀ိုင်း သို့ဝင်ရောက်မည်..။ အရာရာပေးအပ်၍ ဘ၀ပုံအပ်မည်..။ အလွန်ပျော်ရွှင်မည်…။ ချစ်သူကတည်ဆောက်ပေးသော ဘ၀သည် အရာရာလိုအင်ဆန္ဒမှန်သမျှ ပြီးပြည့်စုံ လိမ့်မည်….။

ထို့နောက် ကံဇာတ်ဆရာသည် အချစ်ဘ၀တစ်ခုလုံးကို ဖျက်ဆီးလိမ့်မည်…။ ချစ်သူက အချစ်သစ်ရှာလိမ့်မည်…။ အပြစ်တစ်စုံတစ်ရာ မှ မရှိသော၊ ပြောစရာ ဆိုစရာ တစ်လုံးတစ်ပါဒ မျှမရှိသော မိမိအား အကြွင်းမဲ့ ဥပက္ခာပြု ပစ်ခွာစွန့်ပစ်မည်…။ ဂုဏ်၊ စည်းစိမ်၊ ခြွေရံတို့ အားလုံး ထားပေးခဲ့လျှက် အရာရာပြည့်စုံစေလျှက် မိမိရင်ထဲမှ နှလုံးသားတစ်ခုကိုသာလျှင် ထုတ်ယူနင်းခြေ တစ်စစီဖဲ့ခြွေခြင်းကို ခံစားရမည်…။ပြန်လည် စိတ်လည်လာနိုးနှင့် တစ်စစ အချစ်ဘ၀သည် အိုမင်းရင့်ရော်လာပြီး အထီးကျန်ဆန်သော ဘ၀ကိုရောက်မည်..။ အချစ်ဆို သောအရာတွင် ဦးနှောက်တွက်ချက်မှု ပါခဲ့မိသော အမှားကို ရင်ဝယ်ပိုက်၍ အချစ်စစ်ကိုမှ အစဉ်းစား မဝေဖန်တတ်သော ဦးနှောက်နှင့် နှလုံးသားအပေါ် အပြစ်ဖို့နေရမည်..။ လူအများက သူ အချစ်ဘ၀ကံခေလိုက်တာဟု ပြောကြလိမ့်မည်…။

မည်သို့ဆိုစေ ဤရာသီဖွားများသည် အသက်(၁၈၊ ၂၀၊ ၂၃၊ ၂၅၊ ၂၇) နှစ်များတွင် အိမ်ထောင်ပြုခြင်း၊ အချစ်ရေးဆုံးဖြတ်ချင်းများ မပြုပါနှင့်…။ထိုကာလများတွင် စတင်လိုက် သောအချစ်၊ အိမ်ထောင်သည် မတည်ငြိမ်၊ မတည်မြဲ…။ အသက် (၂၆၊ ၂၉၊ ၃၀) များတွင် အချစ်ဘ၀သည် အလွန်အေးချမ်းမည်…။ အသက် (၂၃) နှစ်မှ (၃၇) နှစ်ကြား အချစ်ဘ၀သည် တစ်ဖန် မအေးချမ်းပေ..။ ထိုအသက်နောက်ပိုင်းတွင် အညံ့မရှိတော့ပါ..။

နှုတ်ခမ်းပါး၍ စကားတတ်သော ဖူးစာရှင်နှင့် တွေ့မည်…။ သွယ်သွယ် ပါးပါးလှပ်လှပ်၊ အေးတိအေးစက် နေတတ်၍ မျက်လုံးမျက်ခုံးကောင်းသော သောသူနှင့် ဖူးစာဆုံပါမည်…။

ဆက်လက်ဖော်ပြပါမည်….။


အဖြူရောင် ညီမလေး

Jul 21, 2009

သိဟ်ရာသီ (LE0)

သိဟ်ရာသီ (LE0)
SmileyCentral.com
ဇူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်ကြားမွေးသော သူများကို သိဟ်ရာသီ “LEO” များဟုသတ်မှတ်၏..။ မြန်မာလ ၀ါခေါင်လနှင့် နီးစပ်တူညီသည်…။

သော့ချက်ဗီဇ

ရည်ရွယ်ချက်၊ ရည်မှန်းချက် မြင့်မားသည်..။အလွယ်နှင့်အလျှေမပေးတတ်..ဆုံးဖြတ်ပြီးလျှင် မဖြစ်မနေ လုပ်တတ်သည်..။အရာရာ မိမိဆန္ဒကို ဦးစားပေးမည်…။ဇွဲကြီးသည်...။ စည်းစနစ် ကြီးသည်..။နှလုံးရည်သမား ဖြစ်သည်။ ရောက်သည့်နေရာတွင် ဦးဆောင်ရသော သဘာဝ ရှိသည်.။ ဘ၀တစ်လျှောက် အတိုက်အခံ၊ အနှောက်အယှက်၊ အခက်အခဲကြား များကြားမှ ထူးခြားစွာ အရည်အသွေးပြနိုင် အောင်မြင်နိုင်သည်…။

လက်သုံးဆောင်ပုဒ် MOTTO “I will”
ကိုယ်လုပ်ရမယ့်….
SmileyCentral.com

ချစ်ရေးဆို ရက်ကောင်းများ LUCKY DATES
လစဉ်လတိုင်း၏….













1 2 4 7
10 11 14 17
19 21 25 28




များသည် ချစ်သူအား ချစ်ကြောင်းပြော၊ ချစ်ခွင့်ပန်ရန်၊ ရက်ကောင်းများဖြစ်၏…။
SmileyCentral.com
အချစ်အဖြေပေး ရက်ကောင်းများ LUCKY DAYS


တနင်္ဂနွေနေ့၊ တနင်္လာနေ့၊ သောကြာနေ့များတွင် မိမိကို ချစ်ရေးဆိုလာသူအား အဖြေပေး ခေါင်းညိတ်ရန် လျော်ကန်သင့်မြတ်ပါသည်…။

သိဟ် အချစ်ဒဿန

သိဟ်ရာသီဖွား “LEO”များကို ဂုဏ်ဥိက္ခာရှိသော စိတ်ဓါတ်အကျင့်သီလနှင့် ကြီးမြတ်သော သဘောထား၊ မြင့်မြတ်သော နှလုံးသားများကို ပိုင်ဆိုင်စေလျှက်လူ့ဘုံလောကသို့ ဖန်ဆင်းရှင် မှမွေးဖွားစေလွှတ်လိုက်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ် ထားသည်….။
SmileyCentral.com
တိုက်ပွဲများ၊ မီးလျှံများ ကြားမှ အလွန်ရဲရင့်သော ကေသရာဇာခြင်္သေ့မင်း၏ နှလုံးသားနှင့် ဤရာသီဖွားများ၏ နှလုံးသားကို ထပ်တူပြု၍ ဖော်ကျူးထားသည်..။ အလွန် တည်ငြိမ်မြင့်မြတ်သော နှလုံးသားပိုင်ရှင်များ ဖြစ်သည်..။ အချစ်မေတ္တာအပေါ် လေးနက်စွာ ခံယူကျင့်သုံးသည်..။ တစ်ပါးသူတို့ အဆင်ပြေအောင်မြင်နေရေး အတွက် မိမိ၏ အချစ်၊ မိမိ၏ ဘ၀ကို ပေးဆပ်ရန် ၀န်မလေး..။ ပေးဆပ် ခွင့်လွှတ်တက်သော သဘောထားကြီးသော နှလုံးသားကို ပိုင်ဆိုင်လင့်ကစား ခေါင်းမာခြင်း၊ မာနရှိခြင်းကြောင့် .....

ဘ၀အဖော်ကောင်းများ ဆုံးရှုံးတတ်သည်…။ မိမိ၏ နှလုံးသားမှ အချစ်နှင့် ဦးနှောက်မှ စေစားလာသော မာနတရားတို့ အမြဲလွန်ဆွဲနေသော အနေအထား ကို ဘ၀တစ်လျှောက်လုံး ကြုံတွေ့ရမည်..။ မာနကို လျှော့လိုက်ပါ…။ ဤရာသီဖွားများ အမျိုးသမီးများသည် နှလုံးသားကို ဦးစားပေး၍ အမျိုးသား များသည် ဦးနှောက်ကို ဦးစာေးပးမည့် သဘောရှိသည်…။ ဘ၀အဖော် ချစ်သူရွေးချယ်သော အခါတွင် ဦးနှောက်၏ ဆုံးဖြတ်ချက်ကိုပါ ထည့်သွင်းတတ်သည်…။ အချစ်မေတ္တာ ဟူသော အရာသည် နှလုံးသားနှင့် ဦးနှောက် ပေါင်းစပ်ဆုံးဖြတ်ရသော အခြင်းအရာဖြစ်သည် ဟူသော ဒဿနအား ပိုင်ဆိုင်သည်…။ အလွန်သံယောဇဉ်ကြီးတတ်သည်..။ ငယ်ချစ်ကို ဦးစားပေးတတ် သည်..။ သတိပေးလိုသည်မှာ မိမိသည် အလွန်မျက်နှာပွင့် စန်းပွင့်သော သူဖြစ်မည်..။တစ်ဦး ထက်ပိုသော ချစ်သူရည်းစားများ ထားရလိမ့်မည်…။ ချစ်သူများခြင်းသည်လည်းကောင်း ဘ၀ ၏ အနှောက်အယှက်များ ဖြစ်ပေလိမ့်မည်…။ မိမိအပေါ် နားလည် ခွင့်လွှတ်ခြင်း၊ ပုံပိုးကူညီခြင်း၊ အဖော်အဖြစ်ရပ်တည်ခြင်း ပြုမည့်သူကို ဘ၀ကြင်ဖော်အဖြစ် ရွေးချယ်လိမ့်မည် ကံခေသည်မှာ ဤရာသီဖွားများသည်..အချစ်ဆုံးသူနှင့် ပဋိပက္ခဖြစ်နေဆဲ၊ အားနာ သနားခွင့် လွှတ်တတ်သော မိမိသဘာဝကို အခြားသောသူက အခွင့်အရေးယူ၍ အညှာကိုင်ကာ လက်ထပ်ရန် တိုက်တွန်းခံရတတ်သည်..။အချစ်ဆုံးသူက တစ်ယောက်၊ လက်ထပ်ဆုံးစည်းသူ ကတစ်ယောက် ဖြစ်တတ်သည်…။ အသက်(၁၆) နှစ်မှ (၂၂) ကြား မေတ္တာကံခေတတ်သည်။ အသက်(၂၂) နှစ်ကျော်မှ မိမိနှလုံးသားသည် ရင့်ကျက်လာမည်…။ အသက်(၂၄) နှစ်ကျော်မှ လေးနက်သော အားမာန်ဖြင့် သူတ်စပါးကို ချစ်ခြင်းမေတ္တာထားလိမ့်မည်…။မိမိသံယောဇဉ် ကြီးသော သူ၏စကားနှင့် ပြောသမျှ အလုံးစုံအား မျက်စိမှိတ် ယုံတတ်သော သဘာဝရှိသည်။ ချစ်ခြင်းမေတ္တာ တရားသည် မိမိဘ၀တစ်ခုလုံးကို တစ်စုံတစ်ရာ တိုးတက်စေရန် ဖန်တီးနိုင် သည့် စွမ်းအားတစ်ရပ်ဖြစ်သည်…ဟူသော သဘောထားအား ရင်မှာ ထာဝရ ပိုက်ထွေးထား သောသူများဖြစ်သည်…။ ဤကား သိဟ်ရာသီဖွား တို့၏ အချစ်ဒဿန ပေတည်း….။

သိဟ် အချစ်ဘဝ
SmileyCentral.com

သိဟ်ရာသီဖွား “LEO”များ၏ ချစ်ဘ၀သည်…အလွန်ပကာသန ဆန်လှသည်…။ခန့်ထည်သော ကျောရိုးဇာတ်လမ်းပေါ်တွင် ဂုဏ်၊ ရာထူး၊ အသိုင်းအ၀ိုင်း၊ ဓန၊ အလုံးစုံ ပြည့်နှက် နေသည်..။ ထို့အပြင် ယင်းတို့၏ အချစ်ဘ၀သည်.. သဘာဝဆန်လှသည်..။ အချစ်ကို တန်ဖိုးထားမည်..။ ရင်ထဲမှ အချစ်ကို အချစ်နှင့်သာ တန်ဖိုး ဖြတ်မည်…။ ရုပ်ဝထ္ထု၊ ဂုဏ်ပကာသန နှင့်မလဲလှယ် ထို့ကြောင့် ဤရာသီဖွားများ အားလုံးသည်.. အများက အံ့သြစေလောက်အောင်ပင် ပကာသန ၀န်းကျင်ဝိုင်းဝိုင်းလည်နေသည့် ကြားမှ တစ်ပါးသူ မထင်မှတ်ထားသည့် မိမိ ထက်နိမ့်သော မိမိကို ချစ်လွန်းသော သူအား ဘ၀အဖော်အဖြစ်ရွေးချယ်မည်…။ အချစ်ဘ၀တွင် ချစ်သူဘ၀ ရောက်၊ ထို့နောက် တစ်ယောက်နှစ် တစ်ယောက် ကွဲပြီးမှ ပြန်လည်အဆင်ပြေသော ကွာစေ့ ဇာတ်လမ်းများ ကြုံရမည်…။ မိမိ ခွင့်လွှတ်တတ်ခြင်းအပေါ် ချစ်သူက အခွင့်အရေးယူမှု များလွန်းသောကြောင့် ဝေးကွာ ခွဲခွာကြရပြီး မာနပြိုင်နေရာမှ နှလုံးသား၏ အချစ်စိတ်စေစားမှု ကြောင့် နောက်ဆုံး ပြန်ဆုံကြရမည်…။

အသက်(၁၇၊ ၁၉၊ ၂၀၊ ၂၁၊ ၂၃၊ ၂၄၊၂၇၊ ၂၉၊ ၃၂၊ ၃၇) နှစ်များတွင် နှလုံးသား မေတ္တာရေးတွင် အလွန်စိတ်ရှုတ် ဖွယ်ရာများကို ကြုံတွေ့ရမည်..။.အခြားသော ကာလများတွင် ကြီးမားသော အညံ့မရှိပါ…။အသက်(၂၅)နှစ်မှ (၂၉)ကြား၊ (၃၀)နှစ်မှ (၃၂) နှစ်ကြား ကာလများတွင် အလွန် ကောင်းသော ခိုင်မာသော ဘ၀များကို အချစ်ထံမှ ရယူထားသော စွမ်းအင်နှင့် တည်ဆောက် နိုင်ပေမည်…။သိဟ်ရာသီဖွား အများစုသည် ပတ်ဝန်းကျင် ရိုက်ဖတ်မှု ဂယက်ကို ဂရုမထား သော်လည်း မိမိဘ၀၊ မိမိမာန ကိုထိပါးလာလျှင် လည်းကောင်း၊ မိမိအချစ်အား တန်းဖိုးမထား၊ မိမိပေးသည်ကိုပင် အရနည်းသည်ဟု ယူဆသောသူနှင့် တွေ့ပါကလည်း အချစ်ကိုအမုန်းဘက် သို့ ချက်ခြင်းပြောင်းလဲတတ်သည်…။ အလွန်စိတ်ကြီးခြင်း မာနရှိခြင်းကြောင့် အချစ်ဘ၀တွင် ရံဖန်ရံခါ အသည်းကွဲရ ချစ်လျှက်နှင့် ခွဲရတတ်ပြန်သည်…။

အသားဝါ၀င်း၍ အမြဲတမ်း ပြုံးနေသော အလွန်မျက်နှာချိုသော်လည်း မာနရှိ၍ ပြတ်သားသော မေးရိုးပါးရိုး နှင့် နှာတံပေါ်၍ ခေတ်ဆန်ဆန် ၊သွက်သွက်လက်လက် ပါးပါးလှပ်လှပ် ပညာဥာဏ် ရှိသောသူနှင့် ဖူးစာဆုံမည်…။

SmileyCentral.com
ဆက်လက်ဖော်ပြပါမည်…..။

အဖြူရောင် ညီမလေး

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger