Oct 28, 2009

ခေါင်းစားကြမယ်



ဟုတ်ကဲ့ စာဖတ်သူ သူငယ်ချင်းများရှင် ဒီတစ်ခါတော့ ဖြူလေးက တစ်ယောက်တည်း ခေါင်းစား မခံတော့ဘူး ဟဲဟဲ သူငယ်ချင်းတို့ပါ တတ်နိုင်တယ် ဆိုခေါင်းစားသွားလို့ရတယ်…။ မေးခွန်းလေးတွေ မေးမယ် ဖြေကြည့်ပါ တကူးတက လာဖတ်တဲ့သူပဲ ဖြစ်ဖြစ် ကြုံလို့လာတဲ့သူပဲ ဖြစ်ဖြစ် အောက်မှာ ကွန်မန့်လေး ရေးပြီး အဖြေလေးတွေ ပေးခဲ့နော်……။



ဖြေကြည့်ပါ (၁)



ကော်ဖီကောင်းကောင်း တစ်ခွက်ရဘို့

အချိန် ခုနှစ်နှစ်စောင့်ရတယ်

ဝီစကီကောင်းကောင်း တစ်ခွက်ရဘို့

အနှစ်နှစ်ဆယ် စောင့်ရတယ်

ကန်စွန်းပလိန်း တစ်ပွဲရဘို့

ဆယ့်ငါးမိနစ် စောင့်ရတယ်

နှလုံးသားအတုကို တွေ့ဘို့

မျက်တောင်တစ်ခတ်စာ စောင့်ရတယ်

အချစ်စစ်ကို တွေ့ဘို့

ဘယ်လောက်ကြာအောင် စောင့်ရမလဲ……?


ဟဲဟဲ တစ်ခါတည်းနဲ့ ခေါင်းအများကြီးစားသွားမှာဆိုးလို့ ဖြေကြည့်ပါ (၁) ပဲစရသေးတယ်နော် နောက်ထပ်လာဦးမယ် မကြာမှီ လာဦးမည် မျှော်




အဖြူရောင် ညီမလေး

Oct 26, 2009

အသစ်

အဟမ်း အဟမ်း ကြွရောက်လာ ကြတဲ့ စာဖတ်သူ ဧည့်ပရိတ်သတ်အပေါင်း မင်္ဂလာ အပေါင်းနဲ့ ခငြောင်းကြပါစေလို့ ဒီနေရာကနေ ဦးစွာပထမ နှုတ်ခွန်းဆက်လိုက်ပါတယ်....။
အခုတစ်လော အင်တာနက်လိုင်းတွေက မကောင်းတာနဲ့ (ပျင်းနေတာပါ...အဟိ) ဖြူလေးလည်း စာတွေကြိုးစားပမ်းစား ရေးထားပါတယ်....။ (လိမ်နေတာလေ...အဟိ) ။ စာဖတ်တာ အင်မတန်မှ ၀ါသနာပါတဲ့ ဘော်ဒါအရင်းကြီးတွေကကော မေလ်းထဲက သူငယ်ချင်းတွေကလည်း အသစ်တင်ပါဦးတဲ့ ။ အယ် တစ်ချို့ကလည်း အသစ်လာရှာတယ်တဲ့....။ ပုံစံအမျိုးမျိုးပေါ့လေ...။ နည်းမျိုးစုံနဲ့ ဖြူလေးဆီကို လာပြောကြတယ်....။ ဖြူလေးကလည်း အခုတစ်လောမှ မအားတာနဲ့ ခေါင်းစားမယ့် ကိစ္စတွေကလည်း ပေါ်နေတာနဲ့ အသစ်မတင်ဖြစ်သေးတာပါ....။ အခုလို့ တစ်ခဲနက်ကြီး အသစ်ကို ဖတ်ချင်ပါတယ်ဆိုပြီး လာပြောကြတော့...ဖြူလေးလည်းတော်ေ
တ်ာမှ ကိုခေါင်းစားသွားတယ်.....။ ငါဘယ်လိုများတင်ပေးရပါ့ပေါ့နော်....။ဒါပေမယ့် အားလုံးဆန္ဒပြည့်ဝအောင် အသစ်ကို တင်ဖြစ်အောင် တင်ပေးလိုက်ပါတယ်.....အားလုံးပဲစောင့်စားနေတဲ့ အသစ်မိုက်မိုက်ကလေးကို ဒီနေရာလေးမှာလာရှုစားပေးကြပါလို့ပြောချင်ပါတယ်....။ cbox မှာ တကူးတက လာရောက် အသစ်တောင်း သွားတဲ့ အိမ်ဖောင်းဖောင်းလေး နဲ့ အရုပ်လူကြီး တို့လည်း စိတ်ကျေနပ်လိမ့်မယ်လို့ မျှောင်လင့်ပါတယ်နော့်......။ နောက်များ နောက်များမှာလည်း အသစ် လာတောင်းမယ် ဆို အဖြူရောင်ညီမလေးက အတိုင်းထက်အလွန်ပဲ ၀မ်းသာပျော်ရွှင်စွာနဲ့ အသစ်လေးတွေ အများကြီး တင်ပေးဦးမှာပါလို့ ပြောကြားရင်း အသစ်တင်ခြင်း အစီအစဉ်လေး အောင်မြင်စွား ပြီးဆုံးသွားကြောင်း ကြေငြာအပ်ပါတယ်ရှင်......


ဖျောက်ထားမည့်စာ


အဖြူရောင် ညီမလေး

Oct 15, 2009

ညီမလေး မွေးနေ့

ညီမလေး မွေးနေ့မှာ ညီမလေးဘလော့ကို ရောက်လာသူအပေါင်း ပျော်ရွှင် ချမ်းမြေ့စွာနှင့်

တည်ခင်းဧည့်ခံသော မုန့်ပဲသရေစာများကို မြိန်ရှက်စွာ သုံးဆောင်နိုင်ကြပါစေရှင်............

ခင်မင်လေးစားလျှက်


အဖြူရောင်ညီမလေး










သီချင်းဆိုပြီးဆုတောင်းပေး


ဒါကတယောက်သောသူပေးထားတာ(မေးနဲ့ ပြောဘူး)









မွေးနေ့ကိက်ကဒီမှာ




စားကြမယ်ဟေ့ကောင်းကောင်း























cheers








ကဲကြမယ် ဟေ့











အဖြူရောင် ညီမလေး

မိန်ရာသီ (PISCES)

ဖေဖေါ်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်ကြားမွေးဖွားသောသူများကို မိန်ရာသီဖွား “PISCES” များဟု သတ်မှတ်သည်….။ မြန်မာလ တပေါင်းလနှင့် နီးစပ်တူညီသည်….။

သော့ချက်ဗီဇ

စိတ်ရှည်သည်းခံခြင်း၊ ခံနိုင်ရည်ရှိခြင်းနှင့် ပြည့်စုံသည်….။ သို့သော် ပြတ်ပြတ်သားသား ပြောတတ်၊ လုပ်တတ်သော အနေအထားလုံးဝမရှိ။ အရာရာ မသေမချာ၊ မရေမရာ တွေဝေဒွိဟဖြစ်တတ်သော သဘာဝရှိသည်…။ တစ်ပါးသူအပေါ် အနစ်နာခံပြီး ကူညီတတ်သော သဘောထား ပိုင်ဆိုင်သည်…။ ဘ၀တွင် အမြဲရွေးရခက်အောင် အခွင့်အရေးနှစ်မျိုး တစ်ပြိုင်တည်း ပေါ်တတ်သည်….။ မွေးရပ်ကိုကျော်၍ တိုင်းတစ်ပါးအထိ ရောက်ရှိအောင်မြင်မည်….။

လက်သုံးစကား ဆောင်ပုဒ် MOTTO “I believe”

ကိုယ်ယုံကြည်တာကတော့……..

လစဉ်လတိုင်း၏

3 ၊ 7၊ 9၊ 12၊ 16၊ 18 ၊ 21၊ 25 ၊27 ၊ 30

ရက်များသည် မိမိ ပြောဆိုဆောင်ရွက်မှုများအပေါ် တစ်ပါးသူက လေးလေးနက်နက် အသိမှတ်ပြုခံရမည့် ရက်ကောင်းများ ဖြစ်သည်….။ ထိုရက်များတွင် ချစ်ခွင့်ပန်ရန် အခါကောင်း ကျရောက်ပါသည်….။

အချစ်အဖြေပေး ရက်ကောင်းများ

တနင်္လာနေ့၊ အင်္ဂနေ့၊ ကြာသာပတေးနေ့များသည် မိမိမေတ္တာ တုံ့ပြန်အဖြေပေးရန် အထူးကောင်းသော နေ့များဖြစ်ပါသည်….။

မိန် အချစ်ဒဿန

မိန်ရာသီဖွား “PISPES” များသည် အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက်ရှိသည့် အချစ်တတ်ဆုံးသော မေတ္တာနှလုံးသားကို ပိုင်ဆိုင်ထားသည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက အဆိုပြုထားသည်…..။ နက်ရှိုင်းသော ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်ပေါ်တွင် သဲများလွှမ်းနေသည့် ကမာခွံအကြားရှီ ပုလဲရတနာနှင့်တူသော နှလုံးသားဟု ဖော်ကျူးထားသည်….။ မေတ္တာရေးတွင် ပေးဆပ်မှုကို ဦးစားပေးမည်….။ အလွန်အေးချမ်း မြင့်မြတ်သော အချစ်ပိုင်ရှင် ဖြစ်သည်…။ လွန်လွန်ကဲကဲ သံယောဇဉ်ကြီး၍ တစ်ပါးသူအပေါ် အလွန်နားလည် ခွင့်လွှတ်တတ်သော မေတ္တာရှင် ဖြစ်သည်…။ အခိုင်အမာဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သော သဘာဝရှိသည်….။ ဘ၀တွင် တစ်ပါးသူအတွက် မိမိဘ၀ ရှင်သန်ခြင်းဖြစ်မည်….။ အချစ်အတွက်ဆိုပါက အရာရာ ရင်ဆိုင်ဝံ့သော နှလုံးသားပိုင်ရှင် ဖြစ်သည်…။ အရှက်အကြောက်ကြီးခြင်း၊ တစ်ပါးသူက ဝေဖန်မည်ကို စိုးရွံ့ခြင်းကြောင့် အမှန်တကယ် ချစ်သူအပေါ် ဖွင့်ဟမပြောရဲ လက်မတွဲရဲတတ်ခြင်းသည် မိမိ၏ ပကတိ အားနည်းချက်ဖြစ်၏…။ ထို့အပြင် မိမိအချစ်ကို ပြောဆိုရန်၊ ၀န်ခံရန် အလွန်ရှက်တတ်သဖြင့် ချစ်သူ၏ အထင်လွဲမှုကို အမြဲခံရမည်…။ အေးချမ်းစွာ သီးသန့်နေတတ်၍ မသိသူများက မိမိအား မချစ်တတ်သောသူ ဟူ၍ ထင်ယောင်ထင်မှား အဖြစ်ခံရမည်….။ အမြဲရွေးရခက်အောင် အခွင့်အလမ်းနှစ်မျိုး ပေါ်တတ်သည်….။ အတ္တကို ဦးစားပေး၍ မရွေးသင့်….။ မိမိအား အလွန်နားလည်သော သူနှင့် လက်တွဲသင့်ပေသည်….။ ဤရာသီဖွားများသည် မေတ္တာရေး၊ အချစ်ရေးအပေါ်တွင် အလွန်နက်နက်နဲနဲ ခံယူတတ်သည်။ မေတ္တာရေးကို နားလည်ခြင်း၊ ခွင့်လွှတ်တတ်ခြင်း သဏ္ဍန်နှင့်ပိုင်ဆိုင်ထားသည်….။ လူတစ်ဦးတစ်ယောက်အပေါ် မိမိအချစ်သက်ရောက်ပါက ထိုသူအတွက် မိမိတတ်စွမ်းသမျှ အရာရာပေးဆပ်ရမည် ဟူသောသဘောကို လက်ကိုင်ထားသောသူ ဖြစ်သည်….။ ဤရာသီဖွားများသည် အလွန် စန်းပွင့်သော်လည်း ချစ်သူများရန် ၀န်လေးသည်…။ ဘ၀လမ်းကြောင်းတွင် မိမိနှင့် မွေးရပ်၊ ဘာသာ၊ ဓလေ့ဝန်းကျင် မတူခြားနားသော သူများနှင့် အချစ်ဆုံစည်းတတ်သည်…။ မတူသော အရာတို့ ပေါင်းစည်းသော အချစ်အနေအထား ရှိပေသည်….။ ကမ္ဘာပေါ်တွင် ဤရာသီဖွားများကို အချစ်တတ်ဆုံးသူများဟု နက္ခတ်ဗေဒ ပညာရှင်အားလုံးက ယနေ့ထက်တိုင် တညီတညွတ်တည်း လက်ခံသတ်မှတ်ထားပါသည်…။ ဤရာသီဖွားများနှင့် မေတ္တာသက်ဝင်၊ အချစ်ရေးကြုံသူများသည် အလွန်ကံကောင်းသော သူများဖြစ်သည် ဟူ၍လည်း အများက သတ်မှတ်သည်….။ နှုတ်မှ ချစ်ခြင်းမေတ္တာစကား စာဖွဲ့ခြင်းမရှိ။ လက်တွေ့ကျကျ ဆောင်ရွက်မှုများနှင့် အနုစိတ် မိမိအချစ်ကို ပုံဖော်တတ်သည့် အချစ် အနုပညာသည်များ ဖြစ်သည်…။ သူတစ်ပါးပြောလာသည် ဝေဖန်လာသည်ကို လုံးဝ ဂရုမစိုက်…။ မှန်သည်ထင်သည်ကို လုပ်၍ ချစ်သူဘက်မှ ထာဝရ ရပ်တည်သော နှလုံးသား ဒဿန ပိုင်ရှင်များဖြစ်သည်….။ဤကား မိန် အချစ်ဒဿနပင် ဖြစ်သည်…။

မိန်အချစ်ဘဝ

မိန်ရာသီဖွား (၁၉) ရက်မှ မတ်လ (၂၀) ရက်ကြားမွေးသော မိန်ရာသီဖွား “PISCES” များ၏ အချစ်ရေး ဘ၀လမ်းကြောင်းသည် မချောမွေ့ပါ…..။ ကမ္ဘာပေါ်တွင် အချစ်တတ်ဆုံးသော လူသားများဘွဲ့ ခံယူထားသော မိန်ရာသီဖွားများ ချစ်လွန်း၍ အချစ်မွှန်းရတတ်သည်…။ မိမိကောင်းခြင်းအပေါ် အခွင့်ကောင်းယူသူများကို တွေ့တတ်သော အနေအထား ကြုံမည်…။

အချစ်ကို ဦးစားပေးတတ်သော သဘာဝရှိသည်….။ အချစ်လမ်းကြောင်း၏ အသက် (၁၅၊ ၁၇၊ ၁၉၊ ၂၁၊ ၂၃) နှစ်များတွင် မချောမွေ့ပါ….။ ထိုကာလများတွင် အဆင်ပြောချောမွေ့နေသော အချစ်လမ်းပေါ်၌ မှန်းမထား၊ စိတ်ကူးထဲပင်ထည့်မထားသော အဆိုးများ ၀င်ရောက်လာပြီး ချစ်သူနှင့် ကွေကွင်းရတတ်သည်…။ အသက် (၂၅) နှစ်ကျော်မှ တစ်စစ မေတ္တာရေးလမ်းကြောင်းသည် ချောမွေ့သွားမည်…။ မိမိအချစ်ဘ၀လမ်းကြောင်းတွင် အရှက်အကြောက်ကြီးခြင်း၊ မပွင့်လင်းခြင်းများကြောင့် ချစ်ရေးမဆိုဝံ့ဖြစ်ခြင်း၊ ဖွင့်မပြောဝံ့ခြင်း၊ ရှက်တတ်၍ ရည်းစားစကား မပြောဝံ့ခြင်းများကြောင့် လက်သွက်သောသူနောက် မိမိရည်မှန်းသူ ပါသွားတတ်ခြင်းသည် ဤရာသီဖွားလူငယ်များအဖို့ မဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်သည်….။ ဤရာသီဖွား အမျိုးသမီးများသည်လည်း အေးချမ်းစွာ နေတတ်သဖြင့် သူတစ်ပါးက မိမိအား သဘောကျလင့်ကစား ချစ်စကားမပြောဝံ့၊ ချစ်ကြောင်းမေတ္တာ ဆိုလာပါလျှင် မိမိကသဘောကျသော်လည်း မလိုလားအပ်သော နှောင့်နှေးခြင်းများ၊ ဝေးကွာခြင်းများ ဖြစ်တတ်သည်…။ အစအလွန်နှေးသော်လည်း ပွင့်ပွင့်လင်းလင်း ချစ်ကြသောအခါတွင် အလွန်လေးနက်စွာ ချစ်တတ်ပြီး ချစ်သူအတွက် အမြဲအဖော်မွန်သဖွယ် လိုရာအကြံပေးပြီး ဘ၀အထောက်အကူပြုတတ်သည်…။ မေတ္တာရေးတွင် အမြဲရွေးရ ခက်လောက်အောင် လမ်းနှစ်သွယ်ကြား ကျရောက်တတ်သည်…။ ဤရာသီဖွား အများစုသည် ပြည်ပ၊ ရေခြားမြေခြား အခြေချရခြင်း၊ ကာလရှည် နေရခြင်းများကြောင့် လူမျိုး ဓလေ့ မတူသူများနှင့် အကြောင်းပါမည်…။ သို့တည်းမဟုတ်ကလည်း ချစ်သူနှင့် မကြာခဏ ခွဲနေရတတ်သော အချစ်ဘ၀ကို ပိုင်ဆိုင်မည်…။ အချစ်ဘ၀လမ်းကြောင်းတွင် အပြိုင် အနှောင့်အယှက်များတတ်သည်…။ ချစ်သူနှင့် ပေါင်းရန် နောက်ဆုံးအချိန်တွင် တတိယ အပြိုင်လူ အမြဲဝင်လာတတ်သော အနေအထားကြုံမည်…။

ဆံပင်ထူပွပွ၊ ခန္ဓာကိုယ်သွယ်လျ၍ မျက်ဝန်းအလွန်လှသော၊ စကားပြောလျှင် ပါးစပ်ကို ပိတ်၍ပြောသော၊ သွားစွယ်၊ သွားတက်ရှိ၍ ပင်ကိုအေးချမ်းပြီး ဥာဏ်ပညာရှိသော သူနှင့် ဖူးစာဆုံမည်……။

ပြီးပါပြီ……………။ ။


အဖြူရောင် ညီမလေး

Oct 7, 2009

ကုမ်ရာသီ

ကုမ်ရာသီ

ဇန်န၀ါရီလ (၂၀) ရက်မှ ဖေဖော်ဝါရီလ (၁၈) ရက်ကြားမွေးသောသူများကို
ကုမ်ရာသီဖွား “AQUARIUS” များဟု သတ်မှတ်သည်…။ မြန်မာလ တပို့တွဲလနှင့်
နီးစပ်တူညီသည်…။
သော့ချက်ဗီဇ
အစဉ်အလာ လမ်းရိုးဟောင်းမှ ခွဲထွက်၍ ဘ၀တိုးတက်မည်…။
ထိပ်တိုက်ရင်ဆိုင်မှုများ၊ ပဋိပက္ခများမှ အောင်မြင်မှု အသီးအပွင့်ရရှိမည်….။
အေးတိအေးစက်နှင့် ဖြစ်လိုရာ၊ ဆန္ဒရှိရာကို ဖြစ်အောင် လုပ်တတ်သည်…။
အကောင်အထည် ဖော်တတ်သည်..။ မေတ္တာ၊ ခံစားချက် ပြင်းထန်သည်…။ ဘ၀တွင်
ဦးတည်ချက် သုံးကြိမ်ပြောင်းပြီး ထူးခြားစွာ အောင်မြင်ချမ်းသာမည်……။
လက်သုံးဆောင်ပုဒ် MOTTO “I know”
ကိုယ်သိနေတယ်လေ…..
ချစ်ရေးဆိုရက်ကောင်းများ LUCKY DATES
လစဉ်လတိုင်း၏...................















4
7 8
10 13 17
25 26 31





ရက်နေ့များတွင် ချစ်ရေးဆို ချစ်ခွင့်ပန်ရန် ကောင်းလှပါသည်…..။
အချစ်အဖြေပေး ရက်ကောင်းများ

စနေနေ့၊ တနင်္ဂနွေညနေ၊ တနင်္လာညနေ ကာလာများသည် ချစ်ရေးဆိုလာသူအား တစ်စုံတစ်ရာ
အဖြေပေးဆုံးဖြတ်ရန် ကောင်းသော ကာလဖြစ်ပါသည်….။
ကုမ် အချစ်ဒဿန
ကုမ်ရာသီဖွား “AQUARIUS” များသည် အစွဲအလမ်းကြီးပြီး ပေးဆပ်မှုကို
ဦးစားပေးတတ်သော နှလုံးသားကို ပိုင်ဆိုင်သည်ဟု ကမ္ဘာ့ နက္ခတ်ပညာရှင်များက
တညီတညွတ်တည်း သတ်မှတ်ထားသည်…..။ ရေအိုးထဲမှ ရေကို သွန်းလောင်းပြီး
ရေငတ်သူအား ပေးသကဲ့သို့ နှလုံးသားမှ အေးချမ်းမြင့်မြတ်သည့် အချစ်ရေစင်အား
ပက်ဖျန်းနေသော ပုံနိမိတ်ဖြင့် ဤရာသီဖွားများ၏ အချစ်ကို ဖော်ကျူးထားသည်….။
ပကတိ ရိုးသားတည်ကြည်သည်…။ သစ္စာကြီးသည်။ ဖြောင့်မှန်ရိုးသား၍
အမှန်တရာဘက်မှ ရပ်တည်သော နှလုံးသားပိုင်ရှင်ဖြစ်သည်…။ တစ်ပါးသူအပေါ်
မာယာများရန်၊ စဉ်းလဲ၊ လိမ်ညာကောက်ကျစ်ရန် ၀န်လေးသည်။ သန့်စင်သော
နှလုံးသားနှင့် ချစ်တတ်သည်။ ရိုးရိုးဖြောင့်ဖြောင့်သမားဖြစ်သည်….။
အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်းကျလွန်းခြင်း များကြောင့် နှလုံးသားရေးရာ
အချစ်ဒုက္ခတို့ ကြုံတတ်သည်…။ သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ်
မေတ္တာထားလင်းကစား ကံဇာတ်ဆရာမှ မိမိအား အလွမ်း၊ အဆွေးသမား ဖြစ်အောင်
ဖန်တီးမည်….။ အဆင်ပြေ ချော့မွေ့နေသော အချစ်ရေးလမ်းကြောင်းတွင်
မှန်းဆမထားသော အဆိုးများ ၀င်ရောက်မည်….။ ကာလအတန်ကြာ လွမ်းမော၍
ချစ်ရမည့်ကိစ္စကို ကြောက်လန့်နေမည်….။ ပြီးမှ တည်ငြိမ်အေးချမ်းသော
မေတ္တာရှင်နှင့် တွေ့ပြီး ဘ၀တွင် အေးချမ်းသွားမည်….။ မေတ္တာရေးတွင်
လေးလေးနက်နက် သစ္စာရှိရှိနေတတ်သည်….။ ချစ်သူအပေါ် အခွင့အရေးမယူ။
အနိုင်မယူတတ်။ မိမိကသာ အနစ်နာခံ တတ်သည် …။ ရံဖန်ရံခါတွင် လက်တွေ့ဘ၀ထက်
စိတ်ကူးယဉ်ဘက် ရောက်သွားတတ်…။ မိမိအရည်အချင်းများရှိလျက် မိမိထက်
နိမ့်သောသူကို အမြဲဦးစားပေးတတ်သော သဘာဝရှိသည်…..။ ဂုဏ်အနိမ့်အမြင့်
မတူသော ချစ်သူနှစ်ဦးမှ နိမ့်သောသူကို ပို၍ ဦးစားပေး ရွေးတတ်သည်….။
ထို့အပြင် ချစ်သူကို မိမိထက် မြှင့်တင်ပေးမည်….။ အလိုလိုက်
အကြိုက်ဆောင်ထားသော မိမိတင်သည့် ရွှေမင်းသမီးမှ မိမိကို
အသည်းခွဲသွားတတ်သော အနေအထားအားကြုံတွေ့ရမည်….။ ဤရာသီဖွား
အမျိုးသမီးများသည် မေတ္တာရေးတွင် လေးလေးနက်နက်ရှိမည်…။ အမြင်ကျယ်မည်။
သဘောထားကြီးမည်…။ နူးညံ့သိမ်မွေ့သော နှလုံးသားကို ပိုင်ဆိုင်မည်…။
မေတ္တာရေးတွင် နက်နက်နဲနဲ တွေးခေါ်တတ်၍ ဘ၀ကို ပေးဆပ်ထားမည်…။ မေတ္တာကို
စာမဖွဲ့တတ်၊ နူးညံ့ပျော့ပျောင်းစွာ နှုတ်ခမ်းဖျား၊ လျှာဖျားမှ မပြောတတ်
ရိုးရိုးကြီး လက်တွေ့ကျကျ လုပ်ဆောင်ပြီး အချစ်ကို ဖော်ညွှန်းတတ်သော
သဘာဝရှိသည်…။ ချစ်သူအပေါ် အလေးထားသည်….။ ရံဖန်ရံခါတွင် ချစ်သူဘက်မှ
သွေးသား ဆွေမျိုးများက မိမိအပေါ် နှိမ့်ချခြင်း၊ စကားတင်း ပြောခံခြင်းများ
ကြုံရမည်….။ သို့ရာတွင် အံ့သြလောက်အောင် မိမိ၏ သဘောထားကို ပြသနိုင်မည်….။
ဤရာသီဖွား အမျိုးသားများသည် စိတ်လှုပ်ရှားမှုနှင့် ဆန်းသစ်သည့်
အတွေ့အကြုံကို လိုလားသော နှလုံးသားကို ပိုင်ဆိုင်သည်….။ သို့သော်
ဦးနှောက်နှင့် နှလုံးသားကြား အမြဲ ဒွိဟဖြစ်တတ်၊ တွေဝေတတ်သည်…..။
မေတ္တာရေးနှင့် ပက်သက်၍ စိတ်ဓါတ် တက်လွယ် ကျလွယ်သည်….။ မိမိနှလုံးသားသည်
သူတစ်ပါး အပေါ် အဆင်ပြေ ချမ်းမြေ့ အေးချမ်းခြင်းကို ပေးလိုသည်……။
ဤရာသီဖွား များ၏ မေတ္တာအပေါ် ထားရှိသော ဒဿနသည် အလွန်တရာ တန်ဖိုးကြီးသော
ပေးဆပ်ခြင်းနှင့် လိုက်လျောခြင်း၊ တစ်ပါးသူအပေါ် လေးနက်စွာ
ဆက်ဆံခြင်းနှင့် သစ္စာတည်မြဲခြင်းတို့ ပေါင်းစည်းသော အရာတစ်ခု ဖြစ်သည်ဟု
ယူဆကြသည်….။
ကုမ် အချစ်ဘဝ
ကုမ်ရာသီဖွား “AQUIARIUS” များ၏ အချစ်ဘ၀သည် ပျော်ရွှင်စရာများ၊
လွမ်းမောစရာများ၊ မမျှော်လင့်သော ဖြစ်ရပ်များ၊
တစ်ဆစ်ချိုးအပြောင်းအလဲများနှင့် ပြည့်နှက်နေသည်….။ ဘ၀ဇာတ်ခုံပေါ်တွင်
အလွမ်းသမား အဆွေးသမားနေရာမှ ကပြတက်ဆက်ရန် လူ့ဘ၀သို့ ရောက်ရှိ
မွေးဖွားလာသည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်……။
အလွန်ချစ်တတ်သလို အလွန် ချစ်မက်ဖွယ်ကောင်းသောသူနှင့် ချစ်သူဘ၀ကို
ရောက်မည်….။ လက်တွေ့ဘ၀ထက် စိတ်ကူးယဉ်ဘက်သို့ ရောက်သွားရင်း
အချစ်ဘ၀လမ်းကြောင်းတွင် လက်တွေ့ဘ၀ လောကဓံ၏ ရိုက်ခတ်မှုကြောင့် ချစ်သူနှင့်
ကွေကွင်းရတတ်သည်…..။ အလွန်သစ္စာကြီးသည် ။ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာဟူသော
ဆိုရိုးစကာသည် ဤရာသီဖွားများအတွက် ဖြစ်သည်…။ သို့သော် ချစ်သူနှင့်
ကွေကွင်းရခြင်းသည် ဖြစ်ခဲသော အနေအထားဖြစ်သည်…။ ဖြစ်ပေါ်လာကလည်း မိမိဘက်မှ
တစ်စုံတစ်ရာမရှိ….။ ကံစီမံ၍သာ ဖြစ်မည်…..။ အခန့်မသင့်
အသည်းကွဲခံလိုက်ရပါကလည်း ချစ်သူအပေါ် အပြစ်မမြင် နားလည်ခွင့်လွှတ်တတ်သော
သူဖြစ်၏….။ ဤရာသီဖွားများ၏ အချစ်ဘ၀တွင် အသက်(၁၆၊ ၁၇၊ ၁၉၊ ၂၁၊ ၂၅၊ ၂၆၊ ၃၁)
နှစ်များ၌ အဆိုးအညံ့များ မမျှော်လင့်ပဲ ခံစားရမည်…..။ အသက် (၁၈၊ ၂၂၊ ၂၃၊
၂၄၊ ၂၈၊ ၂၉) နှစ်များတွင် မေတ္တာရေး အချစ်ရေးဘ၀၌ ချောမွေ့မှုများရှိမည်….။
သို့သော် ဤရာသီဖွားအများစုသည် အသက်(၂၅) နှစ်မတိုင်မီ အထင်သေးခံ၊
အနှိမ်ခံရပြီး မိမိကို အရည်အသွေးမရှိသူ ပေါ့ပေါ့ဆဆ၊ လက်ကြောမတင်းသောသူဟူ၍
ချစ်သူပါတ်ဝန်းကျင်မှ ကောက်ချက်ချခြင်း ခံရမည်….။ မခံခြင်စိတ်နှင့်
ကြိုးစားရင်း ဘ၀မြင့်မားလာသောအခါ ချစ်သူက မိမိကို
စိတ်ပြောင်းလဲသွားခြင်းကြုံမည်….။ ကာလအတန်ကြာ လွမ်းမောရင်း အချစ်မရှိသော
ဘ၀ကို အထီးကျန် ဖြတ်သန်းရမည်….။ ထပ်ချစ်ရ မည်ကိုပင် စိုးရွံ့နေမည်…..။
ဘ၀တိုးတက်မှုကိုသာ ဦးတည်နေ၍ တစ်စစမြင့်မားလာမည်…။ သစ်လွင်တောက်ပနေသော
မိမိဘ၀တွင်း စစ်မှန်သော ဖူးစာရှင်ကို ကံဇာတ်ဆရာက တွဲဖက်ရန်
ဖန်တီးပေးလိုက်မည်….။ ငတ်မွတ်နေသော အချစ်အား ပေးစွမ်းခြင်းဖြင့်
ခြောက်သွေ့နေသော မိမိဘ၀ကို ပြန်လည်စိုပြည် ရှင်သန်အောင်
ပြုစုသူနှင့်တွေ့ပြီး ဘ၀အေးချမ်းသွားမည်…။ တရွံ့ရွံ့ဖြင့် ရှေ့သို့
မရဲတရဲနှင့် အချစ်ဘ၀၏ ကောင်းခြင်းသို့ တစ်စစရောက်ရှိမည်….။
ကိုယ်လုံးကိုယ်ဟန် လှပတင့်တယ်၍ မျက်ဝန်းအလွန်လှပပြီး
မျက်လုံးမျက်ခုံးကောင်းသော ဆံပင်ဖြောင့်ဖြောင့် ပါးပါး၊ နဖူကျယ်ပြန်၍
အလွန်အေးချမ်းချိုသာစွာ ပြောတတ် နေတတ်သော သူနှင့် ဖူးစာဆုံမည်……။

ကျန်ရှိသော ရာသီဖွားတစ်ခုအား ဆက်လက်ဖော်ပြပါမည်………….။


အဖြူရောင် ညီမလေး

Aug 25, 2009

မကာရ ရာသီ (CAPRICORN)

မကာရ ရာသီ (CAPRICORN)

ဒီဇင်ဘာလ (၂၂) ရက်မှ ဇန်န၀ါရီလ (၁၉) ရက်ကြားမွေးသော သူများကို မကာရရာသီဖွား “CAPRICORN” များဟုသတ်မှတ်ပါသည်….။ မြန်မာလ ပြာသိုလနှင့် နီးစပ်တူညီသည်….။

သော့ချက်ဗီဇ

သူတစ်ပါးအပေါ် မှီခိုလိုစိတ် မရှိ၊ လွတ်လပ်မှုကို အလွန်မြတ်နိုးသည်…။ သီးသန့်နေလိုစိတ် ပြင်းထန်သည်.. ။ သို့သော် အဆိုးမြင်သဘာဝဗီဇ ရှိသည်…..။ အရာရာတွင် မိမိက ပေးဆပ်ရမည်….။ တစ်ပါးသူ တိုးတက်မှုအတွက် ပါရမီဖြည့်ပေးရမည်….။ တစ်ပါးသူကို ကူညီရင်း မိမိပါ ထိတ်တန်းရောက်မည်…..။ သတိပြုရန်မှာ မိမိကို သူတစ်ပါးမှ ခုတုံး လုပ်တတ်သည်….။ လူမျိုး၊ ဘာသာ၊ မွေးရပ်မတူ ခြားနားသော သူများနှင့် ဖူးစားဆုံမည်….။

လက်သုံးဆောင်ပုဒ် MOTTO “I use”

ကိုယ်သုံးလေ့၊ လုပ်လေ့ရှိတဲ့ အနေအထားကတော့……

ချစ်ရေးဆို ရက်ကောင်းများ LUCKY DATES

လစဉ်လတိုင်း၏.............














56 8
141517
2324 26






ရက်နေ့များတွင် ချစ်ခွင့်ပန် ချစ်ရေးဆိုရန် အခါကောင်းပါသည်…..။

အချစ်အဖြေပေး ရက်ကောင်း LUCKY DAYS

ဗုဒ္ဓဟူးနေ့၊ သောကြနေ့၊ စနေနေ့များတွင် အချစ်အဖြေပေးရန် ရက်ကောင်းကျရောက်သည်…။

မကာရ အချစ်ဒဿန

မကာရရာသီဖွား “CAPRICORN” တို့ကို တစ်ပါးသူကောင်စားရေးအတွက် မိမိနှလုံးသား ဘ၀တစ်ခုလုံးအား အနစ်နာခံ ပေးဆပ်ရန် ၀န်မလေးသော အချစ်ပိုင်ရှင်များဟု ကမ္ဘာအ၀ှမ်း နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်…..။ ယစ်ပလ္လင်အထက်တွင် တဆတ်ဆတ် တုန်ခါလျှက် ချစ်သူအမည်ကို တမ်းတနေသည့် သွေးဖုံးလွှမ်းနေသော နှလုံးသားနှင့် နိမိတ်ကို ဖော်ကျူးထားသည်…..။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်….။ ကိုယ့်ချစ်ကို ဦးစားပေးမည်….။ နှလုံးသားကိုအခြေပြု၍ ဆုံးဖြတ်ချက်ချတတ်သည်…။ အလွန် သီးသန့်နေလိုသည်…။ မိမိ သီးသန့်ကမ္ဘာလေး အတွင်း၌ ထာဝရအဖော်မွန်တစ်ဦကို တောင့်တနေသော သဘာဝရှိသည်….။ မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်…..။ အထင်လွဲမှားမှုများအပေါ်၌လည်း အမြဲဖြေရှင်းနေရတတ်သည်။ သူတစ်ပါးက စိတ်မ၀င်စား ပစ်ထားသော အထီးကျန်သမားက ပို၍ မေတ္တာထားတတ်၊ စာနာ ချစ်လွယ်တတ်သည်…။ တစ်ပါးသူက ဆိုးသည် မကောင်းဟု ဆိုသော သူများအပေါ် ရွေးချယ်မေတ္တာမျှတတ်သည်….။ ချစ်သူကို အလုံးစုံ တိုးတက်စေရန် မိမိဘ၀အား ငြမ်းသဖွယ်၊ လှေကားသဖွယ်ခင်း၍ မြှင့်တင်ပေးမည်….။ ချစ်သူကို အလိုလိုက်၍လည်းကောင်း အသာစီး ပေးလွန်း၍ လည်းကောင်း တစ်စုံတစ်ရာ မြင့်မားလာသောအခါ သူကပင် မိမိအား ပစ်ခွာသွား၍ နောက်တစ်ယောက်ရှာတတ်သည်….။ ဘ၀တစ်လျှောက်တွင် မိမိကသာလျှင် ပေးဆပ်ရသော သဘာဝရှိသည်…..။ နှလုံးသားမှ လေးလေးနက်နက်ရှိသော်လည်း နှုတ်မှ ဝေေ၀ဆာဆာ လှလှပပ သကားဖုံး၍ မပြောတတ်ခြင်းကြောင့် မိမိဘ၀တွင် အပြောကောင်းသူများ မုသားမာယာရှင်များနှင့် ထိပ်တိုက်တွေ့ရသောအခါ အမြဲအရှုံးပေး ရတတ်သော သဘာဝရှိသည်….။ အချစ်လွန်ကဲခြင်း၊ နားလည်ခွင့်လွှတ်မှု လွန်ကဲခြင်းတို့ကို လျှော့သင့်သည်…။ တစ်ပါးသူက တစ်စုံတစ်ရာ တိုးတက်သွားအောင် အကြံစည်နှင့် မိမိနှလုံးသားကို ခုတုံးလုပ်သွားခြင်း ခံရတတ်သည်….။ အရာရာကို ထိန်းချုပ်နိုင်သော စိတ်ရှိသလောက် မေတ္တာတရားတွင် ထိန်းချုပ်နိုင်သော အင်းအားမရှိ…။ လူတစ်ဦး တစ်ယောက်ကို ဆက်ဆံသောအခါ မယုံသင်္ကာစိတ်ဖြင့် စတင် ဆက်ဆံတတ်သည်….။ တစစ ယုံစားလာသည် ဆိုကလည်း သူတစ်ပါးက လိမ်လည်ပြောဆိုသည်ကိုပင် ယုံကြည်တတ်သော စိတ်ရှိသည်…။ မနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်…။ မိမိကိုချစ်သည်ကတစ်ယောက် မိမိချစ်သူက တစ်ယောက်ဖြစ်တတ်သည်…။ သီးသန့်နေလေ တစ်ပါးသူက မိမိအား စိတ်ဝင်စားလေဖြစ်ပြီး မိမိအပေါ် သံယောဇဉ်ကြီးသူနှင့်တွေ့ကာ ပျော်ရွှင်သောဘ၀ကို ပိုင်ဆိုင်မည်….။ မိမိတွင်လိုနေသောအရာများနှင့် ခံစားနေသော အဆိုးများကျု အခြားသူတစ်ဦး တစ်ယောက်ပေါ်တွင် မဖြစ်စေလိုပေ…။ တစ်ပါးသူ လိုအပ်နေသော ကွက်လပ်များကိုလည်း မပြည့်စုံသော မိမိဘ၀လေးတစ်ခုဖြင့် ဖြည့်စွက်ပေးလိုက်ပြီး ထိုသူ၏ ဘ၀ကို ပြည့်စုံစေလိုသည်….။ ချစ်သူကို အရာရာပြည့်စုံစေလိုသည်…..။ မိမိဘ၀က သုည အဖြစ်ရှိနေသည့်တိုင်အောင် ချစ်သူအတွက် ပေးဆပ်သင့်သည် ဟု သတ်မှတ်မည်…။ အနိုင်ယူုသွားခြင်းအပေါ် ခွင့်လွှတ်ရန် အမြဲရှင်သန်နေသော အချစ်နှလုံးသား ဒဿနကို ပိုင်ဆိုင်ထားသည်….။

မကာရ အချစ်ဘဝ

မကာရ ရာသီဖွား “CAPRICON” များသည် ပေးဆပ်ခြင်း၊ အနစ်နာခံခြင်း၊ အရာရာစွန့်လွှတ်ခြင်းဖြင့် ပြည့်လျှမ်းနေသော အချစ်ဘ၀ကို ပိုင်ဆိုင်သည်….။ တစ်ပါးသူ စွန့်ပစ်နင်းခြေလိုက်သော ပန်းပွင့်ကလေးကိုမှ သနားစိတ်၊ စာနာစိတ်ဖြင့် မြတ်မြတ်နိုးနိုး ပန်ဆင်တတ်သော သူများဟု ဆိုသည်….။ အချစ်တစ်ခုတည်းနှင့် အရာရာကို ကောင်းစေအံ့ ဟူသော စိတ်မျိုးဖြင့် ပေးဆပ်ဆက်ဆံတတ်သောသူ ဖြစ်သည်…။ မိမိသည် အချိန်နှင့်အမျှ ကိုယ်ချစ်ရသူအပေါ် မည်သို့ကောင်းအောင် အဆင်ပြေအောင် ဆက်ဆံရမည်ကို အမြဲတွေးခေါ်နေမည်…။ ချစ်သူရပါကလည်း ချစ်သူအတွက်သာဆိုလျှင် မိမိငိုပြ၊ ရယ်ပြ၊ အသုံးတော်ခံပြီး ချစ်သူစေသမျှ နောက်မတွန့်သောစိတ်ဖြင့် ချစ်တတ်သော ချစ်သူဖြစ်မည်…။ သို့သော် မိမိက ကောင်းလွန်းသဖြင့် မကောင်းသောသူနှင့် တွေ့ရသည်ဟု ကမ္ဘာ့နက္ခတ် ပညာရှင်များက သတ်မှတ်သည်….။ မိမိကိုယ်မိမိ လိုသည်ထက်နှိမ့်ချလွန်းခြင်းသည်လည်း မိမိ၏ အချစ်ဘ၀တွင် ဒုက္ခပေးမည့် အမှားအယွင်း ဖြစ်မည်…။ ထို့အပြင် နှလုံးသားမှ ချစ်တတ် သလောက် မိမိနှုတ်ဖျားမှ စကားမဆိုတတ်…။ အချစ်မေတ္တာကို အဖော်ကျူးမသီကုံးတတ် ချစ်ပါသည်ဟု တစ်ကြိမ်းတစ်ခါပြောပြီးလျှင် လုံလောက်သည်ဟု ထင်နေသောသူဖြစ်သည်…။ ချစ်သူဘာသာဘာဝ နှစ်ဦးဆုံကြုံသောအခါ ချစ်သူက မိမိပခုံးလက်မောင်းတို့ကို လှုပ်ခါ၍ အားမလိုအားမရ “တစ်ကယ်ချစ်ရဲ့လား” ဟုမေးနေသည်ကိုပင် ပြန်ဖြေရမှာ ရှက်ရွံပြီး “တအုအု တအအ” နှင့် နှုတ်ဆွံ့နေမည့်သူဖြစ်သည်…..။ စကားလွှဲပစ်လိမ့်မည်….။ ထို့ကြောင့်လည်း အထင်လွဲခံ့ရ၊ ချစ်သူစွန့်ပစ်ခြင်း ခံရမည်….။ ချစ်တတ်သော်လည်း ဤရာသီဖွားများသည် အသက် (၁၉၊ ၂၁၊၂၃၊ ၂၆၊ ၃၁) များတွင် စိတ်မချမ်းသာမှုများ အသည်းကွဲ ဝေဒနာများကို ခါးသီးစွာ ခံစားရမည်….။ အချစ်ဦးသူနှင့် ဆုံစည်းရကိန်း အလွန်နည်းသည်…။ ဤရာသီဖွားများသည် ဘာသာ၊ လူမျိုး၊ ဓလေ့ မတူသူများနှင့် မေတ္တာမျှ အကြောင်းပါလျှင် အလွန်စိတ်ချမ်းမြေ့စရာများနှင့် ကြုံရမည်….။ ဤရာသီဖွားများသည် သူတို့ထားရှိသည့် ကြီးမြတ်သော နှလုံးသား မေတ္တာကြောင့် အိမ်ထောင်ရေးတွင် အလွန်ကံကောင်းမည်။ တွေ့ခဲ့ပြီးသော ချစ်ခဲ့ပြီးသော သူများနှင့် လားလားမှမတူ မိမိသဘာဝ၊ စိတ်ဓါတ်နှင့် ကိုက်ညီသောသူနှင့် အိမ်ထောင်ပြုရမည်…။ ဤကား အချစ်နတ်ဘုရား၏ ချစ်တတ်လွန်းသော မိမိအားပေးသည့် အချစ်ဆုလာဘ်ပင်ဖြစ်သည်….။ အေးချမ်းရိုးသား၍ မေးရိုး၊ ပါးရိုးမြင့်သော၊ အသားလတ်ပြီး ဆံပင်ဖြောင့်ကာ သွက်လက်သော အမူအရာရှိသူနှင့် ဖူးစာဆုံမည်….။

ကျန်ရှိနေသော ရာသီဖွားများအား ဆက်လက်ဖော်ပြပါမည်….။



အဖြူရောင် ညီမလေး

Aug 16, 2009

ဓနု ရာသီ

ဓနု ရာသီ

နိုဝင်ဘာလ (၂၂) ရက်မှ ဒီဇင်ဘာလ (၂၁) ရက်ကြားမွေးသောသူများကို ဓနုရာသီဖွားများ “SAGITTARIUS” များဟု သတ်မှတ်သည်…။ မြန်မာလ နတ်တော်လနှင့် နီးစပ်တူညီသည်။

သော့ချက်ဗီဇ

သနား စာနာလွယ်သော နူးညံ့သည့် နှလုံးသားရှိသည်…။ တဇွတ်ထိုး ပြောတတ် လုပ်တတ်သည်….။ လက်တွေ့သမား ဖြစ်သည်..။ အရာရာ ကိုယ်ချင်းစာနာပြီးမှ လုပ်တတ် ဆုံးဖြတ်တတ်သည်……။ ရည်မှန်းချက် အလွန်မြင့်သည်…။ နောက်လိုက် မလုပ်လို။ မိမိအား ထိခိုက်လာလျှင် နောက်မဆုတ် ဇွတ်ထိုးပြီး ပြန်လည်တုံ့ပြန်တတ်သည်….။ အပြိုင်အဆိုင် မနာလိုသူ အတိုက်အခံကြားမှ ကိုယ်ပိုင်အစွမ်းအစ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ဘ၀အောင်မြင်မှု ရရှိမည်…..။

လက်သုံးဆောင်ပုဒ် MOTTO “I see”

ကိုယ့် အမြင်ကတော့…….

ချစ်ေ၇းဆို ရက်ကောင်းများ “LUCKY DATES”

လစဉ်လတိုင်၏…


3

6

9

12

15

18

21

24

27

30

-

-

ရက်နေ့များတွင် မိမိ မျက်နှာပွင့် စကားအောင်ကိန်းရှိ၍ ထိုရက်များတွင် ချစ်ရေးဆိုရန် ကောင်း လှပါသည်….။

အချစ်အဖြေပေး ရက်ကောင်းများ “LUCKY DAYS”

အင်္ဂါနေ့၊ ကြာသာပတေးနေ့၊ သောကြာနေ့များသည် အလွန်အဆင်ပြေနိုင်ပြီး စကားတည်၊ ဆုံးဖြတ်ချက် မှန်နိုင်သဖြင့် ထိုနေ့များတွင် တုံးပြန်မေတ္တာ အချစ်အဖြေပေးသင့်လှပါသည်…။

ဓနု အချစ်ဒဿန

ဓနုရာသီဖွား “SAGITTARIUS” များ၏ နှလုံးသားသည် သနားလွယ် ယုံလွယ်၊ စိတ်ညွှတ်လွယ် တတ်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်….။ မီးတောက်မီးလျှံများ၊ တိုက်ပွဲများကြားတွင် အောင်ပွဲခံသော လေးညငိ့ကိုင်ဆွဲသည့် လေးသည်တော်၏ ရှုံးနိမ့်သော ရန်သူအပေါ် ခွင့်လွှတ်ညှာတာ ချမ်းသာပေးသည့် စိတ်ဓါတ်နှလုံးသားနှင့် ထပ်တူသည့် အချစ်မေတ္တာရှိသူဟု ဖော်ကျူးထားသည်…..။ ဘ၀တွင် အရာရာအောင်ပွဲခံနိုင်သလောက် အချစ်စစ်မျက်နှာတွင်မူ အမြဲအလံဖြူ ဝှေ့ရမ်း အရှုံးပေး ရမည်….။ ချစ်သူများတတ်သည်….။ ဤရာသီဖွား အမျိုးသားများသည် သုံးကြိမ် အနည်းဆုံး အသည်းကွဲပြီးမှ အချစ်ရေး အဆင်ပြေသွားမည်….။ အရာရာတွင် ရဲရင့်ချင်းရှိသလောက် အချစ်နှင့် ပက်သက်လာလျှင် အမြဲခွင့်လွှတ်၊ အရှုံးပေး၊ အနစ်နာခံရတတ်သည်….။ မူလချစ်သူ အပြင် နောက်ထပ်ချစ်သူသစ်ပေါ်၍ ဒွိဟ ဖြစ်ကာ သူ့ထက်သူပိုသာသယောင်ထင်ပြီး စိတ်အနှောက်အယှက်များ ကြုံရတတ်သည်…..။ ဤရာသီဖွာ အမျိုးသမီးများသည် သူတစ်ပါးအပေါ် အနိုင်ယူရမှ ကျေနပ်မည်….။ ထို့ကြောင့် အချစ်စိတ်ဓါတ်နှင့် ခံယူမူမှာ မိမိဆိုးသမျှ နွဲ့သမျှကို ခွင့်လွှတ်နားလည် နိုင်သောသူ၊ အနိုင်ယူနိုင်သော သူကိုသာ ချစ်မေတ္တာ ထားတတ်သည်…..။ မျက်နှာပွင့်လန်းပြီး လူချစ်လူခင်ပေါများသည်…။ ချစ်သူရည်းစားများမည် နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်မည်….။ ဆုံးဖြတ်ချက်ချပြီးမှ မိမိဆုံးဖြတ်သည့်အပေါ် မှားယွင်းသလို ခံစားရမည်… ။ နောက်ဆုံးတွင် အရင်ဆုံးချစ်သူထံ စိတ်ပြန်လည်သွားမည့် သဘာဝရှိသည်…. ။ ထူးခြားချက်မှာ ဤရာသီဖွားအားလုံးသည် အလွန်ခွင့်လွှတ်တတ်သည်။ မိမိကို တစ်စုံတစ်ရာ စိတ်ဒုက္ခပေသွားသောသူများအား ခွင့်လွှတ်ချစ်ခင်ရန်ဝန်မလေးပေ..။ ပတ်ဝန်းကျင်ကိုလည်း လုံးဝဂရုမစိုက်…။ အချစ်ကြောင့် ဇွတ်မိုက်ရမည်ကိုလည်း မနှောင့်နှေး။ တစ်စုံတစ်ယောက်ကိုမေတ္တာထားရမည်ဆိုကလည်း လေးညှို့မှ ပစ်သည့်မြားအလား တစ်ဟုန်ထိုး စူးစူးစိုက်စိုက် ချစ်တတ်သည်…။ တစ်စုံတစ်ယောက်သောသူကို အသည်းနှလုံးပုံပေး၍ ချစ်ခဲ့ပြီး နောက်တစ်ဦးတစ်ယောက်အား အလားတူထပ်တူထပ်မျှ တစ်ပြိုင်တည်း ချစ်နိုင်စွမ်းရှိသော နှလုံးသားကို ပိုင်ဆိုင်သည်….. ။ လုပ်ပြီးသော၊ ဆုံးဖြတ်ပြီးသော အရာတစ်ခုအား ချီတုံးချတုံ တစ်ဖန်ပြန်ဖြစ်တတ်သော သဘာဝရှိသည်…။ နှလုံးသားကို ဦးစားပေးလွန်းသူ ဖြစ်သည်…..။ မည်သို့ဆိုစေ ဤရာသီဖွားများ၏ မေတ္တာအပေါ် အမြင်သည် နှလုံးသား သွေးကလာပ်စည်းမှ ဦးနှောက်၏ အလွန်နက်ရှိုင်းသော ကလာပ်စည်း များဆီသို့ ပို့ဆောင်ကာ ဦးနှောက်၏ ဆုံးဖြတ်ချက်ကို နှလုံးသားမှ ပြန်လည်လက်ခံ၍ သေချာစွာ ဆုံးဖြတ်တတ်သည့်သဘာဝရှိသည်….။ မေတ္တာတရားအား ရုတ်ချည်းဆုံးဖြတ်မည်။ အချိန်ယူ၍ စဉ်းစားသော်လည်း ဆုံးဖြတ်ချက်ချရာ၌ မြန်ဆန်မည်…။ ချစ်သူများမည်…။ အိမ်ထောင်တစ်ဆက်တည်းမြဲရန်အတွက် အထူးအားစိုက် ဂရုထားရမည်….။ အောင်မြင်သော အိမ်ထောင်ရေးကို ရရှိမည်..။ လေးနက်သောနှလုံးသားနှင့် ချစ်မည်…။ ခွင့်လွှတ်တတ်သည်..။

ဓနုအချစ်ဘဝ

ဓနုရာသီဖွား “SAGITTARIUS” များ၏အချစ်ဘ၀သည် အလွန်နားလည်ရန်ခက်လှသည်…။ မိမိကု အနိုင်ရပြီး မိမိကိုအမြဲအရှုံးပေးမည့်သူအား ဦးနှောက်နှင့် နှလုံးသားပေါင်းစည်း၍ ချစ်သူအဖြစ် ရွေးချယ်လေ့ရှိသော အချစ်ဘ၀အားပိုင်ဆိုင်သည်….။ တဇွတ်ထိုး အချစ်သမားဖြစ်သည်….။ မိမိကို အလေးပေးမှုအား အလွန်လိုလားသည်…။ အလွန်သ၀န်တို တတ်သည်…။ ချစ်သူနှင့်တွေ့သောအခါ ပီယ၀ါစာ ချစ်စဖွယ် တီတီတာတာ မပြောပဲ ရန်ဖြစ် စိတ်ကောက် မနာလို၊ သ၀န်ကြောင်၊ မျက်နှာပုတ်၊ မျက်ရည်ကျ၊ ဆူဆောင့် အနိုင်ယူပြပြီး ချော့မော့ခံရန် စောင့်နေသောသူဖြစ်မည်…။ ကြာလာသောအခါ မိမိချစ်သူက မိမိအား တွေ့ရ၊ စကားပြောရမှာကိုပင် စိုးရိမ်လာမည်….။ တစ်ယောက်ယောက်ကို စိတ်မဆိုးရ၊ စိတ်မကောက်ရ၊ ရန်မဖြစ်ရ၊ အနိုင်မကျင့်ရလျှင် စားမ၀င်၊ အိပ်မပျော်တတ်သော မိမိသဘာဝသည် မိမိအသည်းနှလုံးအား ဟတ်တက်ကွဲစေမည်….။ ငြူစူစောင်းမြောင်း မြည်တွန်တောက်တီး၊ စိတ်ကောက်တတ်သူကို မည်သူက ဘ၀အဖော်အဖြစ် ဆက်ဆံလိုမည်နည်း။ ထိုအရာများကို ပြင်မှသာလျှင် အချစ်ဘ၀ အိမ်ထောင်သည်ဘ၀မှာ ဖြောင့်ဖြူးလိမ့်မည်….။မိမိသည် ချစ်သူပေါလိမ့်မည်…။ လူစွမ်းကောင်းလုပ်၍ မိမိဒဏ်ခံသူလဲ ဒုက္ခရောက်လိမ့်မည်…။ သို့သော် ထားခြားသည်မှာ ဤရာသီဖွားများက မျက်နှာသာ ပေးလိုက်လျှင် အားလုံးပြုံးပျော်ကြမည်…။ ဤရာသီဖွားများကို ချစ်သူများက တသသ စွဲလမ်း ချစ်ကြလိမ့်မည်…။

အဆိုးဖြစ်ခဲ့သမျှ အလုံးစုံမေ့ပျောက်သွားမည်…။ ထို့ကြောင့် ကမ္ဘာအ၀ှမ်း နက္ခတ်ပညာရှင်များက ဤရာသီဖွားများသည် “အချစ်နတ်ဆိုး၏ သင်ကြားပေးလိုက်သော မာယာပရိယာယ် တပ်ဆင်ပေးလိုက်သော မှော်မျက်ဝန်းအစုံ နှင့် နှလုံးသားကို ပိုင်ဆိုင်သည်.” ဟု ဆိုသည်….။ အချစ်ကဝေများဟုလည်း သတ်မှတ်သည်….။ အချစ်ကိုသော်လည်းကောင်း၊ ချစ်သူကိုသော်လည်းကောင်း အသုံးချ၍ ဘ၀ကို ထူးထောင်လိုသူဟု သတ်မှတ်သည်…။ အခန့်မသင့်က ချစ်သူများမည်…။ အိမ်ထောင်ဆက်များမည်…။ အားလုံးကလည်း မိမိကိုချစ်မည်…။ ဤအရာကို အခွင့်ကောင်းယူ၍ အချစ်သစ်စရာန်ဝန်မလေးပေ..။ ဤအချစ်ကဝေများလည်း အသည်းကွဲနိုင်သည်…။ အသက်( ၁၉၊ ၂၁၊ ၂၃၊ ၂၈၊ ၃၁၊ ၃၃၊ ၃၇) နှစ်များတွင်ဖြစ်သည်..။ အသားဝင်း၊ အသားလတ်၊ နှာတံပေါ်၊ ခန္ဓာကိုယ်သွယ်လျ မျက်နှာသွယ်၊ မျက်ဝန်းလင်းလက်ကာ စကားပြောမြန်၍ ခေါင်းမာတဇွတ်ထိုး လုပ်တတ်သော ဖူးစာရှင်နှင့် ဆုံစည်းမည်…..။


အဖြူရောင် ညီမလေး

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger