Oct 28, 2009

ခေါင်းစားကြမယ်



ဟုတ်ကဲ့ စာဖတ်သူ သူငယ်ချင်းများရှင် ဒီတစ်ခါတော့ ဖြူလေးက တစ်ယောက်တည်း ခေါင်းစား မခံတော့ဘူး ဟဲဟဲ သူငယ်ချင်းတို့ပါ တတ်နိုင်တယ် ဆိုခေါင်းစားသွားလို့ရတယ်…။ မေးခွန်းလေးတွေ မေးမယ် ဖြေကြည့်ပါ တကူးတက လာဖတ်တဲ့သူပဲ ဖြစ်ဖြစ် ကြုံလို့လာတဲ့သူပဲ ဖြစ်ဖြစ် အောက်မှာ ကွန်မန့်လေး ရေးပြီး အဖြေလေးတွေ ပေးခဲ့နော်……။



ဖြေကြည့်ပါ (၁)



ကော်ဖီကောင်းကောင်း တစ်ခွက်ရဘို့

အချိန် ခုနှစ်နှစ်စောင့်ရတယ်

ဝီစကီကောင်းကောင်း တစ်ခွက်ရဘို့

အနှစ်နှစ်ဆယ် စောင့်ရတယ်

ကန်စွန်းပလိန်း တစ်ပွဲရဘို့

ဆယ့်ငါးမိနစ် စောင့်ရတယ်

နှလုံးသားအတုကို တွေ့ဘို့

မျက်တောင်တစ်ခတ်စာ စောင့်ရတယ်

အချစ်စစ်ကို တွေ့ဘို့

ဘယ်လောက်ကြာအောင် စောင့်ရမလဲ……?


ဟဲဟဲ တစ်ခါတည်းနဲ့ ခေါင်းအများကြီးစားသွားမှာဆိုးလို့ ဖြေကြည့်ပါ (၁) ပဲစရသေးတယ်နော် နောက်ထပ်လာဦးမယ် မကြာမှီ လာဦးမည် မျှော်




အဖြူရောင် ညီမလေး

7 အမှတ်တရပြောသွားတာ:

သူရိန် said...

မဂ်လာပါ (အာဇာနည် အော်သလိုမျိုး)

ညီမလေး Rapper၊ နှလုံးသားအတုကို တွေ့ ဘို့  မျက်တောင်တခတ်စာ စောင့်ရသလို၊ အချစ်စစ်ကို တွေ့ ဘို့ လည်း မျက်တောင်တခတ်စာပါပဲ ညီမလေး Rapper ၊ (အချစ်စစ်၊ အချစ်တု)Rocker လည်းမသိဘူး ညီမလေး (လျှောက်ပြော)

Thank you ညီမလေး (လေးဖြူ အော်သလိုမျိုး)

သူရိန်(ခ) Rocker

Anonymous said...

ပြောရတော့ ခက်သားဗျ... မထင်မှတ်ဘဲ ဖြစ်တတ်တာချည်းပါပဲ၊ ဘယ်ဟာမှ ပုံသေကားချ တွက်မရပါဘူး၊ အချစ်က ပိုတောင်တွက်မရသေးတယ်၊ တချို့လဲ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရှိသလို၊ ဘီလူးခေါင်း ဆောင်းထားတဲ့ မင်းသားလဲရှိတာပဲ၊ ဆိုတော့ကာ.... မိမိခံစားချက်က အဓိကလို့ ထင်တာပဲ၊ ကိုယ်တိုင်က တကယ်မချစ်ဘဲနဲ့တော့ အချစ်စစ် ဖြစ်မလာနိုင်ပါဘူး။

သြော် ဒါနဲ့မေးပို့တာ ရတယ်။ ပြန်ပို့မယ် သိလား အခုလောလောဆယ် စက်ကြီးက ဂိမ်သွားလို့ ပြဿာနာ အစရှာမရဖြစ်နေလို့ ပြင်တုန်းမို့ ကောင်းသွားတာနဲ့ ပို့လိုက်ပါ့မယ်။ အကုန်နီးပါ တူတယ်သိလား..ဟီး

Unknown said...

ကျွန်တော့်အမြင်ပြောမယ်နော်..စိတ်ရှည်ပါ...စိတ်ရှည်လက်ရှည်နဲ့စောင့်ပါ..လက်ရှိအချစ်ဟာ အချစ်စစ်လား အချစ်တုလားသိဖို့ စိတ်ရှည်ရှည်ထား.. ဆုံးဖြတ်ချက်ချမှားလို့ အချစ်စစ်နဲ့လွဲတတ်တယ်..ကိုယ်တွေ့..ဟီးဟီး

အရုပ်ကလေး said...

လူသားအားလုံး အချစ်စစ်ဆိုတာကို ခံစားဖို့ ခဲယဉ်းသလို ရှားပါး ပါတယ် ...။
တစ်ကယ် အချစ်စစ်နဲ့ ချစ်တဲ့ သူတွေလည်း ရှိပါတယ် ..။
အချစ်စစ်ဆိုတာ.. သူ့အတွက်အားအင်တွေနဲ့ အလင်းနေ့သစ်တွေဖြစ်ထွန်းစေသလို ပါရမီဖြည့်ဘက်အဖြစ် ထာဝရတစ်ယောက်ထဲကိုပဲ ဖြည့်ဆည်းပေးပြီး နားလည်မှု မျှတစွာ ရှိတဲ့လူသာ အချစ်စစ်ကို ပေးစွမ်းသူ ပိုင်ဆိုင်သူလို့သာ ဆိုနိုင်ပါတယ် ..


အချစ်စစ်ကို တွေ့ဖို့ရာ အချိန် မလိုပါ ...။

ကိုချူချာ said...

ပူစူး...
လူဆိုတာ ကောင်းသည် ဆိုးသည် ခွဲခြားဖို့ အချိန်စောင့်ရတယ်.. ဘယ်အချိန်ထိလဲဆိုတော့ အဲ့ဒီလို သေသွားတဲ့ အချိန်မှာ ဆုံးဖြတ်ရတယ်... မသေခင်မှာ ဘယ်လောက်ပဲ ကောင်းနေပါစေ.. သေခါနီးမှာ ဆိုးသွားရင် ဆိုးတယ်လို့ သတ်မှတ်ကြတာပဲ... မသေခင် ဆိုးနေပြီးမှ သေခါနီးမှာ ကောင်းသွားရင် ကောင်းတယ်လို့ သတ်မှတ်လိုက်ကြတာပဲ... ယခင် အကောင်းအဆိုးအားလုံးကို ခဝါချလိုက်တာပဲ... ဒီလိုပဲ ... ရှေ့မှာပြောခဲ့တဲ့ အစ်ကို အစ်မ ညီ ညီမ များပြောခဲ့သလိုပါပဲ... အချစ်စစ်ဆိုတာ စောင့်စရာမလိုပါဘူး... အချိန်မလိုပါဘူး... အချစ်ဆိုတာ စစ်တာ တုတာ မရှိပါဘူး... အဓိက ကိုယ့်စိတ်နဲ့ ဆိုင်တာပါ... ကိုယ့်စိတ်က စစ်တယ်ဆိုရင် စစ်နေမှာပါ... တုတယ်ဆိုရင် တုနေမှာပါ...
အဓိက ငါဆိုတဲ့ အစွဲလေး မထားနဲ့ပေါ့... ငါပေးဆပ်လိုက်သလို ငါ့ဆီပြန်မလာတာ ဒါ သူ့ဖက်က အချစ်မစစ်ဘူးလို့ ထင်တတ်ကြတယ်... သိပ်မပြောချင်တော့ဘူး... လူတတ်ကြီးလုပ်တယ်ထင်မှာစိုးလို့...
ညီမလေး ... ပူစူး..... အချစ်ဆိုတာ ဝေးဝေးမရှာပါနဲ့... ကိုယ်နဲ့ လက်တကမ်းမှာရောက်နေပါတယ်... ကိုယ်လိုချင်တဲ့ အချစ်မျိုးရဖို့ အချိန်အကြာကြီးမစောင့်ပါနဲ့... အရာအားလုံးဟာ သူ့နေရာနဲ့သူ ဖြစ်လာဖို့ ပါလာပြီးသားပါ...
ညီမလေးရဲ့ ချစ်တဲ့ အစ်ကိုကြီး.... ချူချာ..

chit loon thu said...

အချစ်စစ်ကို တွေ့ဖို့ဆိုတာ မျက်တောင်တစ်ခေတ်စာပဲ
စောင့်ဖို့လိုပါတယ် .. နှစ်လုံးသားချင်း မျက်လုံးကတဆင့် ဘာသာပြန်ပြီး နှလုံးသားခြင်းနားလည်နိုင်မှာပါ

မီးတောက် said...

အဂျစ်ကလေးရေ အတိုကတော့ အချစ်ထစ်ကို လိုက်ရှာနေတုန်းဆိုတော့ သိသေးဘူးနော် ...

Pages 51234 »
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger