
ဟုတ်ကဲ့ စာဖတ်သူ သူငယ်ချင်းများရှင် ဒီတစ်ခါတော့ ဖြူလေးက တစ်ယောက်တည်း ခေါင်းစား မခံတော့ဘူး ဟဲဟဲ သူငယ်ချင်းတို့ပါ တတ်နိုင်တယ် ဆိုခေါင်းစားသွားလို့ရတယ်…။ မေးခွန်းလေးတွေ မေးမယ် ဖြေကြည့်ပါ တကူးတက လာဖတ်တဲ့သူပဲ ဖြစ်ဖြစ် ကြုံလို့လာတဲ့သူပဲ ဖြစ်ဖြစ် အောက်မှာ ကွန်မန့်လေး ရေးပြီး အဖြေလေးတွေ ပေးခဲ့နော်……။ ဖြေကြည့်ပါ (၁) ကော်ဖီကောင်းကောင်း တစ်ခွက်ရဘို့ အချိန် ခုနှစ်နှစ်စောင့်ရတယ် ၀ီစကီကောင်းကောင်း တစ်ခွက်ရဘို့ အနှစ်နှစ်ဆယ် စောင့်ရတယ် ကန်စွန်းပလိန်း တစ်ပွဲရဘို့ ဆယ့်ငါးမိနစ် စောင့်ရတယ် နှလုံးသားအတုကို တွေ့ဘို့ မျက်တောင်တစ်ခတ်စာ စောင့်ရတယ် အချစ်စစ်ကို တွေ့ဘို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ……? ဟဲဟဲ တစ်ခါတည်းနဲ့ ခေါင်းအများကြီးစားသွားမှာဆိုးလို့...