Jul 14, 2009

ဆယ့်နှစ်ရာသီအချစ်ဟောစတမ်းများ.....

ဒါကတော့

ဆရာကြီး.. စံ-ဇာဏီဘိုရဲ့.. ဆယ့်နှစ်ရာသီအချစ်

ဟောစာတမ်းထဲက အချစ်အကြောင်းအရာလေးတွေကို

ကောက်နှုတ် တင်ပြထားတာပါ…။

ရာသီဖွား တစ်ခုဆီ၏ အချစ်ဒဿန၊ အချစ်ဘ၀များကို ဖော်

ပြ ပေးထားပါသည် အကုန်လုံးကို တစ်ပြိုင်နက်ထဲ မတင်နိုင်

ပေမယ့် ရာသီဖွားတစ်ခုဆီကို တစ်ရက်နှုန်းနဲ့ ဖော်ပြပေးသွား

ပါမယ်။ တော်တော်မှန်တဲ့ ဗေဒင်လေးမို့လို့ သူငယ်ချင်းအားလုံး

အားပေးကြပါဦးနော်


မိဿရာသီ


မတ်လ(၂၁)မှ ဧပြီလ(၁၉)ရက်ကြား မွေးနေ့တည်ရှိသော

သူများကို "ARIES" မိဿရာသီဖွားများဟု သတ်မှတ်သည်။

မြန်မာလတန်ခူးလနှင့် နီးစပ်တူညီသည်။

သော့ချက်ဗီဇ

အငြိမ်မနေတတ်၊ လွတ်လပ်မှုကို မြတ်နိုးသည်။

တစ်ပါးသူ မလုပ်လိုသော အရေးကိစ္စများကို

ဆောင်ရွက် အောင်မြင်နိုင်စေသော အစွမ်းအစရှိသည်။

အစဉ်အလာလမ်းရိုးအတိုင်း မလုပ်လို။

အရာရာ ကိုယ်ပိုင်ဟန်နှင့် ဆောင်ရွက်တတ်သည်။

စိတ်ကြီးသည်။ ဇွဲကြီးသည်။ အလွယ်တကူ လက်မလျှော့တတ်။

အတိုက်အခံ၊ အခက်အခဲများအား ကျော်လွှားပြီး

ထူးခြားသော အောင်မြင်မှုကို ရရှိမည်။

လက်သုံးဆောင်ပုဒ်....MOTTO'I...am'

ကိုယ်ကတော့………

ချစ်ရေးဆိုရက်ကောင်းများ"LUCKYDATE"

လစဉ်လတိုင်း၏

3

6

7

9

10

15

18

21

24

27

30


နေ့များတွင် ချစ်ရေးဆိုရန် အခါကောင်းပါသည်။

ဤကားမိဿရာသီဖွားတို့၏စန်းကောင်းရက်များဖြစ်ပေသည်။

အချစ်အဖြေပေးရက်ကောင်းများ"LUCKYDAYS"

အင်္ဂါနေ့၊ ကြာသာပတေးနေ့၊ သောကြာနေ့များတွင်

မိမိကို ချစ်ရေးဆိုသူအား မိဿရာသီဖွားများမှ

အဖြေပေးရန် ကောင်းလှပါသည်။

မိဿအချစ်ဒဿန


မိဿရာသီဖွား "ARIES" တို့၏နှလုံးသားသည်

အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။

နှလုံးသားစစ်ပွဲများ၊ ဒဏ်ရာဒဏ်ချက်များ၊

မီးတောက်မီးလျှံများကြားမှ အလွန်ချစ်တတ်သော

နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော အချစ်ရှိသူ

ဟု ဖော်ကျူးထားသည်။

အပြင်ပုံစံတွင်ကြမ်းတမ်းသည်ဟုထင်ရသော်လည်း၊

အတွင်းစိတ်မှာ နူးညံ့သည်။

မေတ္တာရေးတွင် ရယူချင်းထက် ပေးဆပ်ချင်းကို ဦးစားပေးမည်။

တစ်ဦးတစ်ယောက်ကို ချစ်မိလျှင် မျက်စိအောက်က

အပျောက်မခံ။ မုန်းမိလျှင်လည်း မမေ့နိုင်။

သံယောဇဉ် တနွယ်နွယ် ဖြစ်တတ်သည်။

သဘောထား ကြီးမြတ်မည်။ သည်းခံခွင့်လွှတ်တတ်သော

အချစ်နှင့် နှလုံးသားကို ပိုင်ဆိုင်သည်။

အလွန်အချစ်ခံလိုသော အချစ်ကို ပိုင်ဆိုင်ထားသည်။

အချစ်အား လိုလားသည်။ မိမိအပေါ် အေးအေးချမ်းချမ်း၊

သိမ်သိမ်မွေ့မွေ့၊ နူးနူးညံ့ညံ့ အလေးပေး၍ဆက်ဆံ

သူအား လိုလားသည်။ ထို့အပြင် သနားချစ်၊ အားနားချစ်

ကို ဦးစားပေးတတ်သည်။ အချစ်ရေးရာကိစ္စ၊ အိမ်ထောင်ရေးရာ

ကိစ္စများတွင် ဦးနှောက်ကို ဦးစားမပေး၊ နှလုံးသားနှင့် ဆုံးဖြတ်တတ်

သည်။ အချစ်အတွက် ဘာမဆိုပေးဆပ်ရဲသောသတ္တိရှိသည်။

တဇွတ်ထိုးလုပ်ခြင်း၊ စိတ်ဒေါသကြီးခြင်းများ ရှိလင့်ကစား

မေတ္တာဘ၀လမ်းကြောင်းတွင် အနှောက်အယှက်ဖြစ်

လောက်အောင်အထိ အနှောက်အယှက် မကျရောက်နိုင်ပါ။

ဤရာသီဖွားများသည်မျက်နှာများလိမ့်မည်။

နောက်ဆုံးအိမ်ထောင်ပြုသောအခါတွင်နီးစပ်မှု

အရှိဆုံးသူနှင့်သာအိမ်ထောင်ကျမည်။

အချစ်ဦနှင့်ဆုံဆည်းကိန်းမရှိပါ။သို့သော်အိမ်ထောင်ပြု

ပြီးသောအခါအိမ်ထောင်တစ်ဆက်တည်းနှင့်မြဲစေရန်

အမြဲထိန်းသိမ်းတက်သည်။ကြိုးစားမည်။

မိမိသည်နာမည်ပျက်ရှိသူ(သို့)တစ်စုံတစ်ရာဘ၀တွင်

အချစ်ကံခေခဲ့သူအားပို၍တိမ်းညွှတ်ချစ်တတ်သော

နှလုံးသားကိုပိုင်ဆိုင်သည်။အချစ်ကိုဦးစားပေးမည်။

ချစ်သူကြောင့်မိမိပတ်ဝန်းကျင်တွင်အပြောအဆိုခံရမည်။

သို့သော်ထိုးအချစ်သည်ပင်မိမိအားပျော်ရွှင်ချမ်းမြေ့မှုကိုပေးလိမ့်မည်

ဤရာသီဖွားများ၏အချစ်ဒဿနမှာအသကိအရွယ်ကို

လိုက်၍ကွားခြားသွားသည်။အသက်(၁၅)နှစ်မှ(၁၉)နှစ်အတွင်း

လူငယ်များသည်အချစ်ကိုရင်ခုန်စရာ၊စိတ်လှုပ်ရှားမှု

တစ်ခုဟုသတ်မှတ်မည်။အသက်(၂၀)နှစ်မှအသက်(၂၅)

ကြားအရွယ်သည်အချစ်ကိုကြေကွဲစေခြင်းဝမ်နည်းစေခြင်း၊

နှလုံးသားအားနာကြာင်စေချင်းဟုသတ်မှတ်သည်။

အသက်(၂၅)မှ(၃၀)ကြားအရွယ်သည်အချစ်ကိုပေးဆပ်ချင်းဟု

ယူဆသောဒဿနရှိသည်။အသက်(၃၀)အထက်တွင်မူချစ်ခြင်း

မေတ္တာသည်မိမိကပေးမှသာလျှင်တစ်ပါးသူထံမှပြန်လည်ရရှိမည်

ဟူသောဒဿနကိုရင်ဝယ်ထားရှိမည်။အသက်(၄၀)အထက်တွင်မူ

တစ်ပါးသူကမိမိအားသံယောဇဉ်ထားခြင်း၊အလိုလိုက်ခြင်းနှင့်

ချစ်မြတ်နိုးမှုကိုအလွန်တောင့်တမည်။

ဤကားမိဿရာသီဖွားတို့၏အချစ်ဒဿနပင်တည်း….။


မိဿအချစ်ဘဝ


မိဿရာသီဖွား"ARIES"များ၏အချစ်ဘ၀လမ်းသည်

အလွန်ကြမ်းတမ်းလှသည်။အခက်အခဲများ၊

အတိုက်အခံများ၊ဘ၀တိုက်ပွဲများကိုအဆင့်ဆင့်ကျော်

လွှားရပေလိမ့်မည်။အဓိကအားဖြင့်အသက်(၁၉)နှစ်

မတိုင်မှီအထိအချစ်ကိုကစာစရာ၊ရင်ခုန်စရာတစ်ခုအဖြစ်

သတ်မှတ်မိ၍စိတ်အနှောက်အယှက်များကြုံရမည်။

အသက်(၂၀)နှစ်မှ(၂၃)နှစ်ကြားတွင်မိမိချစ်သောသူက

တစ်ယောက်၊မိမိအပေါ်ချစ်သူကတစ်ယောက်အဖော်မဲ့

နေ၍သနားချစ်နှင့်လက်တွဲပေးနေရသူတစ်ဦးဆိုသကဲ့သို့

မေတ္တာလမ်းကြောင်းများရှုတ်ထွေးနေမည်။

အသက်(၂၀)နှင့်(၂၃)နှစ်များတွင်မိမိဘ၀၏တစ်ဆစ်ချိုး

အပြောင်းအလဲများကြုံပြီးမိမိချစ်သူများနှင့်မိမိအကြား

ဘ၀ကွာဟမှုများရှိမည်။အသက်(၂၃)နှစ်မှ(၂၅)နှစ်ကြား

နှစ်လုံးသားချင်းထာဝရလက်တွဲနိုင်သူများရှိလာမည်။

အချစ်ဦးမဟုတ်လင့်ကစားအချစ်ဆုံးကိုတွေ့လိမ့်မည်။

အချစ်နှင့်အချစ်စစ်ကိုခွဲခြားသိရှိ၍လာလိမ့်မည်။

အသက်(၂၆)နှစ်နောက်ပိုင်းမေတ္တာရေးလမ်းကြောင်း

သည်တစ်စတစ်စချောမွေ့လာလိမ့်မည်။အသက်အရွယ်

ငယ်စဉ်ကချစ်သူများကိုကြိုးစားမေ့ဖျောက်ရင်း…

အိမ်ထောင်သည်ဘ၀ကိုတစ်ပါးသူများနှောက်ယှက်

သည့်ကြားမှချစ်သူနှင့်မရရအောင်ပေါင်းစည်းပေးသော

ကံဇတ်ဆရာ၏စီမံမှုကိုပျော်ရွှင်စွာခံယူရမည်။

ဤရာသီဖွားများ၏(၇၅)%သည်မည်မျှအဆင်ပြေသော

အနေအထားရှိစေကာမူနှစ်ဦးသဘောတူလက်ထပ်ပြီးမှ

မိဘတို့၏စီစဉ်ပေးမှုနှင့်လက်ထပ်ပွဲကျင်းပရမည်။

ဤရာသီဖွားများသည်ပညာအတတ်ရှိ၍စိတ်ကောင်း

ရှိသော်လည်းဘုဂွပြောတတ်ကာ၊ပျော်ပျော်နေတတ်သော

သူများနှင့်ဖူးစာဆုံမည်။အသားလတ်လတ်နှာတံပေါ်၍

မျက်ဝန်းအိအိမျက်ရစ်ပါသည်ဆိုရုံလေးပါ၍မျက်လုံး၊

မျက်ခုံးကောင်းကာဆံပင်ပါးပါးဖြောင့်ဖြောင့်၊နှုတ်ခမ်းတွင်

မှဲ့ပါသောသူနှင့်ဖူးစာဆုံမည့်အချစ်ဘ၀အားပိုင်ဆိုင်ထားသည်။


ဆက်လက်ဖော်ပြပါမည်...။

Jul 12, 2009

ချစ်သူနှစ်ဦးကြားချစ်သက်တမ်းကြာကြာဖြစ်ချင်သလား..၊

ကဲသူငယ်ချင်းတို့ဒီအချက်ကလေးတွေကိုသာဂရုတစိုက်
နဲ့စမ်းသပ်ကြည့်နော်....
ဖြူလေးကတော့ချစ်ချစ်မရှိတော့မစမ်းသပ်ဘူးဘူး
စမ်းသပ်တာအောင်မြင်တယ်ဆိုပြောပြနော်


1. နာမည်ခေါ်ဝေါ်သုံးစွဲတာမလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန်နဲ့အခြားအစိတ်အပိုင်းများကိုမလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီးအကျင့်စာရိတ္တကိုမဝေဖန်ပါနှင့်
4. စကားပြောနေစဉ်အခြားသူတစ်ဦးနာမည်ကိုမကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ်အခြားသူတစ်ယောက်နှင့်လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့်ကိစ္စကိုမငြင်းပါနှင့်
7. ဖြစ်ပြီးသားပြသနာများကိုပြန်မပြောဖြစ်အောင်ကြိုးစားပါ
8. ဖြစ်ပျက်သမျှကိုသူငယ်ချင်းများကိုမပြောပါနှင့်
9. သူကြိုက်သည့်အရာများကိုမမုန်းပါနှင့်
10.အချို့ကိစ္စများကိုမသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့စကားမပြောပါနှင့်
12. စကားများတိုင်းသူပြောတာကိုနားထောင်ပေးပြီးစဉ်းစားပါ
13. သူစကားပြောနေစဉ်မကြာခဏဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကိုပြီးဆုံးသည်အထိမဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှမအော်ပါနှင့်
16. သူသာသင့်အတွက်အလိုအပ်ဆုံးဆိုတာသူသိပါစေ
17. ချစ်သူကချောလား၊လှလားမေးတိုင်းပြုံးသာပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်းသင်ကသာငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင်အခြားသူများကိုသိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရဖြစ်ရပ်များကိုသတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင်ချစ်သူ၏
မွေးနေ့နှင့်ရည်းစားစဖြစ်သည့်နေ့ကိုမှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကိုသင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်းမယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများမကြာခဏပေးပါ။ ။

(သားသားနေ.....စမ်းကြည့်နော်)

Jul 10, 2009

သူငယ်ချင်းမသိတဲ့အချစ်....

သူငယ်ချင်းအားလုံး*ဖြူလေး*အရမ်းကြိုက်တဲ့သီချင်းလေးကို
ခံစားပေးပါဦးးနော်.......


တို့နှစ်ယောက်ရဲ့ဘ၀ဝေးခဲ့ဘူးတယ်.....
မတွေ့ရတော့မှလွမ်းမှန်းသိတယ်
ရိုးရိုးလေးဘဲတို့ချစ်ခဲ့တယ်....သူငယ်ချင်းရယ်



မင်းနှုတ်ခမ်းလေးထဲစွဲလမ်းဘူးတယ်
ဝေးခဲ့ရတော့တမ်းတမိတယ်
ရိုးရိုးလေးဘဲတို့ချစ်ခဲ့တယ်..သူငယ်ချင်းလေ..



မင်းအနားမှာဘဲနေချင်တယ်...
မင်းရဲ့ပုံရိပ်လေးဘဲတမ်းတဆဲ
သူငယ်ချင်းလို့ပြောနေပေမယ့်လည်း..
ငါ့ရင်ထဲကချစ်နေတယ်..


အဆိုးဆုံးတွေကိုလည်းမြင်နေတယ်
ဝေးရမှာကြိုသိတဲ့ငါ့ရင်ထဲ
သူငယ်ချင်းလို့ပြောနေပေမယ့်...
ရင်ထဲ..ငါ့ရင်ထဲကချစ်နေတယ်...


အလွမ်းကြောင့်စီးတဲ့ငါ့ရဲ့မျက်ရည်...
မင်းနဲ့ဝေးတဲ့ငါ့ရဲ့ညတွေ
စည်းခြားထားတဲ့တို့ရဲ့အချစ်တွေ..သူငယ်ချင်းရေ..


ငါပေးဆပ်ခဲ့သမျှအချစ်ရဲ့သက်သေ
မင်းမသိခဲ့တဲ့ငါ့ရဲ့အချစ်တွေ
ရိုးရိုးလေးဘဲတို့ချစ်ခဲ့တယ်..သူငယ်ချင်းလေးးးး....

သင်ကောဘယ်သူ့ကိုအလိုအပ်ဆုံးလည်း......?

အမေရိကားရှိတက္ကသိုလ်တစ်ခုမှာဖြစ်ပျက်ခဲ့တယ်
လို့ဖတ်ရဖူးတဲ့ပုံပြင်လေးတစ်ပုဒ်ပါ။


တစ်ခါကတက္ကသိုလ်တခုတွင်ကျောင်းဆင်းခါနီးဆရာက ....


"ကစားနည်းတခုကစားရအောင်..ဆရာနဲ့အတူဘယ်သူပါဦးမလဲ"


ကျောင်းသူတဦးထရပ်ပြီးစတိတ်စင်ပေါ်တက်လိုက်သည်။

ဆရာက.....

"သင်ပုန်းပေါ်မှာကိုယ့်နဲ့အရင်းနှီးဆုံးလူ(၂၀)ဦးရဲ့နာမည်ကို
ရေးလိုက်ပါ"


သူမကဆရာပြောသည့်အတိုင်းအိမ်နီးချင်း၊သူငယ်ချင်း၊
ဆွေမျိုးသားချင်း၊မိသားစုနာမည်များကိုရေးချလိုက်သည်။
ထို့နောက်ဆရာက


"အဲဒီနာမည်တွေထဲကမရှိလဲဖြစ်တယ်၊မလိုအပ်ဘူးလို့
ထင်တဲ့နာမည်ကိုဖျက်လိုက်ပါ"


အိမ်နီးချင်းတစ်ယောက်၏နာမည်ကိုသူမဖျက်လိုက်သည်။


"နောက်တစ်ယောက်ထပ်ဖျက်လိုက်ပါဦး"


သူငယ်ချင်းတစ်ယောက်၏နာမည်ကိုဖျက်လိုက်ပြန်သည်။

ဆရာပြောတိုင်းသူမကတစ်ယောက်ပြီးတစ်ယောက်ဖျက်လိုက်နှင့်

နောက်ဆုံးသင်ပုန်းပေါ်တွင်လူသုံးဦးသာကျန်ခဲ့သည်။

ထိုသူများမှာ...မိဘ၊လင်ယောက်ျားနှင့်သားသမီးဖြစ်သည်။
ကျောင်းသားများအားလုံးစိတ်ဝင်တစားသင်ပုန်းကိုသာ
စူးစိုက်ကြည့်နေကြသည်။
စာသင်ခန်းတစ်ခုလုံးမှာတိတ်ဆိတ်နေပြီးကစားနည်း
တစ်ခုကစားနေတာနှင့်ပင်မတူတော့ပေ။
ဆရာကတည်ငြိမ်သောအသံဖြင့်နာမည်တစ်ခုထပ်ဖျက်ခိုင်းပြန်သည်။
သူမမှာအရွေးရခက်သောဟန်ဖြင့်အကြာကြီးစဉ်းစားပြီးမှ
မိဘဆိုသည့်နာမည်ကိုကြက်ခြေခတ်ဖျက်ချလိုက်သည်။

"နောက်တယောက်ထပ်ဖျက်လိုက်"

ဘေးမှဆရာ၏အသံကထပ်မံထွက်လာပြန်သည်။
ဒီတစ်ခေါက်သူမဖျက်ချဖို့လက်မြှောက်ရာတွင်ပင်အင်အားကုန်ခမ်း
နေဟန်တူသည်။လက်ကိုဖြေးဖြေးချင်းမြှောက်ပြီးသားသမီးဆိုသည့်
နာမည်ကိုဖျက်ချသည်နှင့်တစ်ပြိုက်နက်စိတ်ထိခိုက်သောအသံဖြင့်
ချုံးပွဲချငိုကြွေးလေတော့သည်။
ဆရာကသူမအားနှစ်သိမ့်ပြီး....

"ကိုယ့်ရဲ့အလိုအပ်ဆုံးနဲ့အရင်းဆုံးလူဟာမိဘနဲ့
သားသမီးဖြစ်သင့်ပါတယ်။
မိဘကကိုယ့်ကိုကြီးပြင်းလာတဲ့အထိကျွေးမွေးစောင့်ရှောက်ခဲ့တယ်။
သားသမီးကကိုယ့်ဝမ်းနဲ့လွယ်ပြီးမွေးထားရတဲ့သူတွေဖြစ်တယ်။
သူတို့ကအစားပြန်မရနိုင်တဲ့လူတွေဖြစ်တယ်။
လင်ယောက်ျားကနောက်တစ်ယောက်ထပ်ယူလို့ရပါလျှက်နဲ့
ဘာဖြစ်လို့မဖျက်ဘဲချန်ထားခဲ့ရသလဲ"

ဟုမေးလေသည်။ကျောင်းသားများကလည်းသူမ၏
အဖြေကိုစိတ်ဝင်တစားစောင့်မျှော်နေကြသည်။

သူမက ...


"အချိန်တွေတရွေ့ရွေ့ကုန်ဆုံးသွားတဲ့အမျှမိဘတွေက
ကျွန်မကိုထားပြီးအရင် ထွက်သွားကြလိမ့်မယ်။
သားသမီးတွေကလဲကြီးပြင်းလာရင်
ကျွန်မကိုခွဲပြီးသွားကြလိမ့်မယ်။
အဲဒီအချိန်မှာကျွန်မဘေးမှာတသက်လုံး
ကူညီဖေးမမဲ့သူဟာကျွန်မခင်ပွန်းသာ
ဖြစ်ပါတော့မယ်။
ဒါကြောင့်သူ့ကိုမဖျက်ဘဲချန်ထားခဲ့ရခြင်းဖြစ်တယ်"

ဟုတည်ငြိမ်စွာပြန်ဖြေလေသည်။

ဘ၀မှာအလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?

"အသွားမတော်တလှမ်း၊အစားမတော် တလုတ်"

ဆိုသလို

"အယူမတော်တသက်"

လို့ရောပြောလို့ရနိုင်မလား...ဒါမှမဟုတ်.....

"အိမ်ထောင်မှု၊ဘုရားတည်
ဆေးမှင်ရည်စုတ်ထိုး
ဤသုံးမျိုးချက်မပိုင်လျှင်
နောင်ပြင်ရန်ခက်လိမ့်မည် "

ဆိုတဲ့အတိုင်းမြန်မာလူမျိုးတွေအတွက်တော့
ဆရာပြောသလို
မကောင်းရင်နောက်တယောက်ပြောင်းလို့ဖြစ်ပါ့မလား..
ကျွန်မကိုမေးခဲ့ရင်
ပြန်ဖြေဖို့တော်တော်ခက်ပါလိမ့်မယ်။
နောက်ဆုံးအဖြေကိုပိုင်ပိုင်နိုင်နိုင်နဲ့
ဖြေခဲ့တဲ့အဲဒီကျောင်းသူကတောင်မိဘနဲ့သားသမီးကို
ဖျက်တဲ့အချိန်မှာတုံ့ဆိုင်းနေခဲ့သေးတယ်။
ကျွန်မလိုဖြေဖို့အဖြေတောင်မရှိတဲ့လူကတော့
အဲနေရာမှာတင်မူးလဲသွားမလားမပြောတတ်ပါဘူး။


*အခုတော့အဖေ့ဘေးမှာအမေပဲကျန်ပြီး
အမေ့ဘေးမှာအဖေပဲကျန်နေခဲ့တဲ့**


လူတွေကိုမေးရင် ဘာများပြန်ဖြေလိမ့်မလဲ......?

သူငယ်ချင်းတို့ကောဘယ်သူ့ကိုအလိုအပ်ဆုံးလည်း
ဒီစာလေးဖတ်ပြီးရင်တော့အောက်မှာအဖြေလေးတစ်ခုခု
ထားခဲ့ပေးနော်...။

Jul 3, 2009

ချင်းမလေးကပေးတဲ့စာ

ရိုးရိုးရှင်းရှင်းရေးထားတဲ့ရည်းစားစာလေးတစ်ခု
ဖတ်မိလို့ဝေငှလိုက်ပါတယ်နော်....

ရန်ကုန်မှာအလုပ်လုပ်နေတဲ့ကိုလုံးတစ်ယောက်
သူ့ချစ်သူတောင်ပေါ်မလေးဆီကစာကိုရတော့..၀မ်းသာအားရဖြစ်ပြီးး
စာကိုဖောက်ဖတ်တာပေါ့....စာထဲမှာပါတဲ့စာလုံးပေါင်းသတ်ပုံအမှားတွေကြောင့်
စိတ်ညစ်ညစ်နဲ့ရယ်ရမလိုငိုရမလိုဖြစ်သွားလေရဲ့
(သူ့ကောင်မလေးကစကားဝဲ့တဲ့အတိုင်းရေးထားတာလေ..)
နောက်ဆုံးကိုလုံးလည်းအမြင်ကတ်ကတ်နဲ့သူ့ရည်းစားရဲ့စာကိုဘဲ
ပြင်သင့်တာပြင်ပြီးပြန်စာအဖြင့်အောက်ကအတိုင်းပြန်ထည့်ပေးလိုက်တယ်..။

ဟိတ်.. သူငယ်ချင်းတို့မရီရဘူးနော်...

ကိုယ်လုံး....
(စတာနဲ့မှားပြီ"ယပက်လက်သတ်"ကမလိုဘဲလျှာရှည်ပြီးထည့်တယ်.။)
ကိုယ်လုံးမရှိဲကမီးအလွမ်းဂျီးလွမ်းနေရတယ်
(နင်ကခေါင်းပြတ်နေလို့လားး)
ကိုယ်လုံးဖားခေါင်းကိုဂျားညှပ်ပြီး
(ဖာကိုခေါင်းကြားညှပ်တာဟေ့..)
မျိုသွားပြီဆိုတာသိတော့
(မြို့သွားတာပါဟာ..ငါလည်းဘာကောင်ကြီးဖြစ်မှန်းမသိ)
မီးလေးဆိတ်ဆင်းရဲပြီးဆားမရအိမ်မရဖြစ်နေတာ
(ဆိတ်တွေကော၊ဆားတွေကော၊အိမ်တွေကောရှုတ်နေတာဘဲ)
မီးအရင်လိုခြစ်တုန်းပါဘဲ..
(ဂတ်စ်လည်းအတော်ကုန်လောက်ပြီ)
ကိုယ်လုံးလည်းမီးမရှီရင်မနေတတ်တာသိပါတယ်
(အဲ့ဒါကြောင့်မီးမပျက်တဲ့နိုင်ငံခြားတောင်သွားမလားလို့)
မီးကိုအရင်လိုဘဲဆွဲလှန်နေတုန်းဘဲလားဟင်
(အမ်..?)
မီးလည်းတစ်နေ့တစ်နေ့မြက်ရေနဲ့မြက်ခွက်ဘဲ..
ဒါနဲ့စဂါးမစပ်..ပြီးခဲ့တဲ့လကဘုရားပွဲလုပ်တယ်..အားပါးအရမ်းဆီကာဘဲ..
(ဆီတွေဒီမှာဈေးတက်နေလို့ပို့လိုက်စမ်းပါ။။)
မီးသွားကြည့်တာမပျော်ဘူး..ဒဂယ်..
(နင်ခေါင်းကြီးဘဲသွားကြည့်တာကိုဘယ်လိုလုပ်ပြီးပျော်မှာလည်း)
ကျားပေါက်တွေ၊ဆင်ပေါက်တွေဆိုတော့မီးကထလိပ်ဆန်တွေမြက်လှည့်ပြတာထင်တာပေါ့လေ..
(မြက်လှည့်ပြတာတော့ငါတောင်တတ်တယ်။)
ဟိုေ၇ာက်တော့ကျားပေါက်ဆိုတာလူကောင်ကြီးဖြစ်ပေါ့..ဝေ။
အဲ့ဒီကောင်ဟာလည်းအော်လိုက်တာအတံကပြဲသကိုးတော်ရေးးး
(အသံ..အသံ..ဟင်းး..အထင်လွဲစရာတွေတော့ဖြစ်တော့မယ်)
တို့ရွာကသုတ်ကြီးဆို
(တုတ်ကြီးပါဟာ...)
မျိုးကြီးဆိုတဲ့အဆိုတော်ကိုအားကြလို့အော်တာအတံဝင်လို့တဲ့..တအား...အားး..နဲ့လေ
(အော်..အတံဝင်လို့..အ...အ..နဲ့အော်နေတယ်..ငါ့နှယ်နော်...)
နောက်ပြီး..မီးကိုလည်း..နမချင်းမစာမနာ
(နင်ကိုယ်တိုင်လည်းနွားမဖြစ်တော့မယ်)
တေပိုးခဲ့တဲ့ဖိုးဇန်ကိုသိဒယ်မှတ်လား..?
မီး..ဘကြီးအောင်းနေတဲ့..
(ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံးတိရစ္ဆာန်ဇတ်သွင်းနေသလားမှတ်တယ်)
ယက်ကွက်က..တာဇံ.လေ
(သာဇံ..ပါဟာ..နင်ကြည့်ဖူးတဲ့ဗီဒီယိုကားတွေပါလာပြီ)
ဒင်းကအခုမိန်းမရလို့..ရှေအင်္ဂါဆို.သူ့မိန်းမကလေးမွေးမယ်တော်ရေ..
နံမယ်ပေးကင်ပွန်းချဉ်ဟင်းချက်လုပ်မလို့.ကျံနေပီလေ..
(ကင်ပွန်းတပ်တာသူ့အလှည်ကျမှကင်ပွန်းချဉ်ဟင်းချက်ဦးမယ်)
စနေမောင်မောင်တို့၊နိုင်နိုင်းစနေတို့၊ဖိုးသောကြာတို့အားကျလို့တဲ့လေ
သားလေးမြွေးရင်း..နံမယ်မှာနေ့နံပါအောင်..ဖိုအင်္ဂါ..လို့ပေးမယ်တဲ့လေ
(ဖိုးအင်္ဂါလုပ်ပါဟာ..၀စ်စနှစ်လုံးပေါင်းကလည်းကျန်သေးတော်..တကတည်း..
ဟိုကောင်ကလည်း...သမီးလေးမွေးရင်..မအင်္ဂါ..လုပ်မလားမသိဘူး..
နာမည်ကိုအပေါက်ရှာရှာ..အဲလေ.. ငါတောင်ယောင်နေပြီ..
ပေါက်ပေါက်ရှာရှာ..ပေးဦးမယ်..)
ကိုယ်ရယ်..မီး.. အရန်လွမ်းတာဘဲ
(လွမ်းတာတောင်..အရန်တွေ..line-up..တွေလွမ်းချင်သေးတယ်)
မီးလည်း..မျိုလိုက်ချင်ပေမယ့်...
(မျိုသာချလိုက်တော့)
ဆီးပွားရေးကအဆင်မပြေဘူးလေးး...သိတယ်မဟုတ်လားး
မီးလည်းးချီးစာနေရတာ..
(အေးပါ..စားစားး)
အကြွေးတွေလည်း..အလီလီ
(အတန်းပြင်ပေးလိုက်တယ်)
ပဲ..မျိုသူတွေနဲ့တွေ့ပီးးတောင်ပေါ်က..ခြင်မ..ကိုမေ့မတွားနဲ့နော်...
(တောင်ပေါ်က..ချင်းမကိုမမေ့ဘူးဟေ့..တစ်သက်လုံးး)
ကိုယ်လုံးပျံလာပါနော်..
(အတောင်ပေါက်တဲ့နေ့အထိစောင့်ပေတော့)
မီးးဆောင့်နေမယ်..မီးးလေ. ဆောင့်ပြီးရင်းး..ဆောင့်နေမှာပါ..နော်
(အေးးးဟေ့.. တိုင်နဲ့ခေါင်းနဲ့သာသေအောင်ဆောင့်ပေတော့)
မီးစာရှည်သွားပီမို့...တော်သေပီ..
(မီးစာကုန်ပြီး..မီးသေမှဘဲ..)
ခြစ်တဲ့မီးးး......
(မီးခြစ်ပေါ့)



ဟားဟား..သူများမှားတာသာဖြူလေးကလိုက်ပြောနေတာ
ဟဲဟဲဖြူလေးမှားလည်းခွင့်လွှတ်ကျနော်
တစ်ခါတစ်လေလည်း."ပညာရှိသတိဖြစ်ခဲ့"ပေါ့လေ
အားလုံးကိုပျော်ရွှင်စေချင်တဲ့....





Jul 2, 2009

အားနာတတ်တဲ့ ရုက္ခစိုး.........

တစ်ခါက....ရွာတစ်ရွာကညောင်ပင်ကြီးတစ်ပင်မှာ
အရမ်းအားနာတတ်တဲ့ရုက္ခစိုးတစ်ပါးရှိပါတယ်။
ဘယ်လောက်ထိ အားနာတတ်သလဲဆိုတော့ . . . . . . . .
အဲဒီ*ရုက္ခစိုး*နေတဲ့ညောင်ပင်ကိုနေ့တိုင်းလာပြီးပူဇော်
ဆုတောင်းနေတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။
တစ်ရက်နှစ်ရက်မဟုတ်လနဲ့ချီပြီးနေ့တိုင်းလာဆုတောင်းနေတော့
*ရုက္ခစိုး*ကအားနာလာပါ တယ်။
ဒါနဲ့ကောင်မလေးလာပူဇော်တဲ့အခါကိုယ်ထင်ပြပြီး

"ဟေ့...ကောင်မလေး၊နင်ငါ့ကိုနေ့တိုင်းလာပူဇော်နေတာဘာကြောင့်လဲ..."
လို့ မေးတယ်။

ဒီတော့...ကောင်မလေးက....

"ဒီလိုပါ . . .ကျွန်မအဖေမှာအရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ်။
သားသမီးတွေရလာရင်ပေးစားမယ်ဆိုပြီးအဲဒီသူငယ်ချင်းနဲ့အဖေနဲ့ကတိထားကြပါတယ်။
ဒါပေမယ့်....အဖေရောသူ့ သူငယ်ချင်းပါသမီးတွေပဲမွေးခဲ့တော့
သူတို့ကတိအတွက်အရမ်းစိတ်မကောင်းဖြစ်နေကြတယ်။
ကျွန်မလည်းအဖေ့ကို စိတ်ချမ်းသာစေချင်တယ်။
အဲဒါကြောင့်...ကျွန်မကိုယောကျာင်္းလေးဖြစ်အောင်အရှင်ရုက္ခစိုးကူညီပေးပါ"
လို့ ပြောပြပါတယ်။

ဒီတော့*ရုက္ခစိုး*ကြီးက....

"ဟဲ့.....နင်ယောကျာင်္လေးဖြစ်အောင်ငါကူညီဖို့မတတ်နိုင်ဘူး။
တခြားဆုတောင်းချေ"
လို့ပြောရှာတယ်။

ဒါပေမယ့်......
ကောင်မလေးကလည်းဒီဆုကိုပဲထပ်တလဲလဲတောင်းနေတော့
*ရုက္ခစိုး*ကြီးကအားနာလာပြီး......

"အင်း . . နင်ဒီလောက်ဆန္ဒပြင်းပြနေရင်လည်းနည်းလမ်းတစ်ခုတော့ရှိတယ်"။
..................
"ဒါပေမယ့်..... နင်ကတိတည်ရမယ်"

"ကျွန်မအဖေရဲ့ ဆန္ဒသာဖြည့်ဆည်းပေးနိုင်ရင်ကတိတည်ပါ့မယ်"

"ကောင်းပြီ။"

"နင့်ကိုငါ့ခါးအောက်ပိုင်းခဏငှားလိုက်မယ်....ဒါပေမယ့်
တစ်နှစ်တိတိပြည့်တဲ့နေ့ကျရင်နင်လာပြန်လဲရမယ်"
ဆိုပြီး ကတိတောင်းတယ်။

"ကျေးဇူးကြီးပါတယ်အရှင်ရုက္ခစိုးကြီးရယ်" . .

ဒီလိုနဲ့ပဲ......
*ရုက္ခစိုး*ကြီးခမျာနေရင်းထိုင်ရင်းရုက္ခစိုးမကြီးဖြစ်သွားရှာတယ်။
ကောင်မလေးကတော့*ရုက္ခစိုး*ကြီးရဲ့တန်ခိုးနဲ့ကောင်လေးဖြစ်သွားတာကြောင့်
သူ့အဖေရဲ့ဆန္ဒအတိုင်းလက်ထပ်ပြီးပျော်ရွှင်စွာနဲ့နေထိုင်ခဲ့ပါတယ်။
*ရုက္ခစိုးမ*ကြီးကလည်းသူ့ဗိမာန်မှာအေးအေးဆေးဆေးနေခဲ့ပါတယ်။

တစ်နေ့မှာတော့........
*ရုက္ခစိုးမ*ကြီးရဲ့ဗိမာန်နားကညောင်ပင်တစ်ပင်ကို
တခြားကရုက္ခစိုးတစ်ပါး"Transfer" နဲ့ပြောင်းလာပါတယ်။

ဖြစ်ချင်တော့......
ရုက္ခစိုးအသစ်ကသူ့ ညောင်ပင်ရဲ့ ပတ်ဝန်းကျင်ကိုလေ့လာရင်း
*ရုက္ခစိုးမ*ကြီးကိုတွေ့သွားပါလေရော.....
တောအုပ်လေးထဲမှာနှစ်ပါးထဲဆိုတော့
ဟိုရုက္ခစိုးက ရင်တွေဘာတွေခုန်ပြီးကြောင်တော့တာပဲ။
*ရုက္ခစိုးမ*ကြီးရဲ့ ညောင်ပင်ဆီကိုအကြောင်းမရှိအကြောင်းရှာပြီးသွားလည်၊

အချိန်ရတိုင်းလည်း.....
*ရုက္ခစိုးမ*လေးတွေကြိုက်တတ်တဲ့ဟာလေးတွေနဲ့ 
ချုပ်ရတာအမော.....။
*ရုက္ခစိုးမ*ကြီးကလည်းသူ့ အကြောင်းသူသိတော့ရှောင်ရှာပါတယ်။
ဒါပေမယ့်......နေ့တိုင်းနေ့တိုင်းနားပူနားဆာလုပ်နေတာကြာတော့
*ရုက္ခစိုးမ*ကြီးကအားနာနာနဲ့ ပဲ . . . . . . . ။

ဒီလိုနဲ့ .......
တစ်နှစ်ပြည့်တော့ကတိအတိုင်းကောင်မလေးကရုက္ခစိုးကြီးရဲ့
ခါးအောက်ပိုင်းကိုလာပြန်လဲပါတယ်
*ရုက္ခစိုး*ကြီးကလည်းပြန်လဲမယ်ဆိုပြီးကိုယ်ထင်ပြတဲ့အခါ
ကောင်မလေးအရမ်းအံ့သြသွားပါတယ်...........
မယုံနိုင်စရာပါပဲ .....
*ရုက္ခစိုး*ကြီးမှာကိုယ်ဝန်ရှိနေပြီလေ။ ဗိုက်ကလေးကပူလို့  . . .။
ဒီတော့ကောင်မလေးက

"အရှင်ရုက္ခစိုးကြီးကျွန်မကတိအတိုင်းတစ်နှစ်အတိမှာပြန်လာခဲ့ပါတယ်
ဒါပေမယ့်ဒီပုံစံကြီးနဲ့တော့ပြန်မလဲနိုင်ပါဘူး....."
လို့ ပြောပြောဆိုဆိုနဲ့ ပြန်ပြေးသွားပါလေရော။

အားနာတတ်တဲ့*ရုက္ခစိုး(မ)*ကြီးမှာတော့ ဗိုက်ကြီးတစ်လုံးနဲ့  . . . . .

ကဲ....အားလုံးပဲနော်"အားနာရင်ခါးပါတတ်တယ်"ဆိုတဲ့စကားဟာ
အလကားမဟုတ်ဘူးဆိုတာ"ညီမလေး"လည်းအခုမှဘဲသိတော့တယ်...






Jul 1, 2009

မမမြူးအတွက် ဖြူးလေးရဲ့လက်ဆောင်

မမမြူးအတွက်ဖြူလေးရဲ့လက်ဆောင်လေးတွေနော်
ဟဲဟဲ..ချစ်စရာလေးတွေမှတ်လား.....?

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger