May 25, 2009

ချစ်သူဝေးဝေး မသွားစေချင်

သင့်ချစ်သူ သင့်အပေါ် ထာဝရစွဲလမ်းနေစေရေး အချက် ၉ ချက်


ဒီတစ်ခါတော့ အမျိုးသမီး ကြီးကြီးငယ်ငယ်တို့ အပျိုဖော်ဝင်ကနေ နှစ်ကာလတော်တော်ကြာကြာထိ
လေ့လာစူးစမ်း တိုးတိုးတိုင်ပင်ရင်း ချစ်သူမပစ်ခွာနည်း ထိပ်တန်းလျှို့ဝှက်ချက် တွေကို ဝေငှလိုက်ပါ
တယ်။ ညီမလေး ဖတ်ခဲ့ဖူးသမျှ စာအုပ်တွေတည်းက နေ မမ ၊ ဒေါ်ဒေါ် ၊ ညီမလေး တို့အတွက် မျှဝေ
လိုက်တာပါတယ်။ အားလုံးအသုံးတည့်မယ်လို မျှော်လင့်ပါတယ်။

၁။ချစ်သူဘ၀မှာ ချိန်းထားသည့်အချိန်ထက် သင်နောက်ကျချင်သလောက် နောက်ကျ OK တယ်။ အဲ-လက်ထပ်ပြီးလို့ အိမ်ထောင်သည်ဘ၀ရောက်ရင်တော့ သင်က အချိန်တိကျပါ၊ ဒါမှမဟုတ် ၀ီရီယ
ပိုထားပါ။ "မင်းကလည်းကွာ ကြာလိုက်တာ" "မင်းတို့တွေ နေရာတကာ နှေးတုံ့နှေးတုံ့နဲ့" ဆိုတာတွေ မကြာခဏ ကြားရတော့မယ်။

၂။ချစ်သူဘ၀မှာ "ကိုကို" "မောင်မောင်" ခေါ်သံကို အိမ်ထောင်သည်ဘ၀မှလည်း ရံဖန်ရံခါ နှစ်ကိုယ်
တည်း စကားစမြည်ပြောရင်း သုံးပါ။ သာယာကြည်နူးချိန်လေး တွေကို ပြန်နွှေးပေးသလိုရှိလို့ သင့်ချစ်သူရဲ့  ကြင်နာမှုကို ရရှိစေပါလိမ့်မယ်။ တစ်ချို့ က သားသမီး ရလာပြီိးတဲ့နောက်
"နင်" တွေ၊ "ငါ" တွေ၊ "ဟဲ့ အကောင်" တွေဖြစ်တက်ကြတယ်။ ယောက်ျားလေးတွေက ချိုသာမှုကို နှစ်ခြိုက်ကြတာ သင်သတိရလိုက်ပါ။ သင်သည်လည်း ချိုသာခဲ့ဖူးသူ၊ သူတစ်ယောက်ပဲလေ။

၃။ချစ်သူကို မလိုအပ်ဘဲ စည်းမျဉ်းတွေ ၊ တားမြစ်ချက်တွေနဲ့ချည်း ချည်နှောင်မထားလိုက်နဲ့ တ
ကယ် မလိုက်နာနိုင်တာတွေကို အတင်းတားမြစ်ရင် သင်လစ်တာနဲ့ အကုန်လျှောက်လုပ် တော့မှာ
အသေအချာပဲ။ ယောက်ျားလေးတွေ စိတ်ဝင်တစ်စားရှိတက်တဲ့ အပျော်ကိစ္စတစ်ချို့ ကို သင်က
လိုလိုလားလား ခွင့်ပြုလိုက်ပါ။ သင့်ကွယ်ရာမျာ ဘယ်လိုတားတား လုပ်မယ့်ကိစ္စကို သင်က ကြိုပြီး
ခွင့်ပြုတယ်လို့ ပြောလိုက်ရင် သင့်ကိုကိုလေးစားမှု ပိုတက်လာစေမယ်။

( ဥပမာ-တစ်ခွက်တစ်ဖလား နွှဲခြင်ကိစ္စ ရံဖန်ရံခါ ခွင့်ပြုတာမျိုး)

၎။ အမြဲရနံ့တွေကြိုင်နေမှ သင့်လူက နှစ်သက်သဘောကျမယ်ထင်တာမျိုးတွေ လွဲနေတဲ့
အယူအဆပဲ။ လူသားတွေဟာ ကိုယ်စီ ကိုယ်နံ့ ပိုင်ဆိုင်ပါတယ်။ ကိုယ်ကမေတ္တာရှိသူဆိုရင် ချွေးက
လေးစိုစိုတောင် ပိုလို့သဘောကျတတ်ပါတယ်။ ခေါင်းလျှော်ရည်ရဲ့ အနံ့၊ မိတ်ကပ်ထူထူတွေ ဆီက စူးနေတဲ့ရနံ့ ၊နေရာအနှံ့ ဆွတ်ဖြန်းတဲ့ရေမွှေးကလည်း ထုံအီအီ ၊ ဒါဆိုရင်သင့်လူတော့ "
တ နေမှာအသေအချာပဲ။

၅။ချစ်သူနဲ့သွားလာဖို့ကြုံရင် စိတ်လောပြီး မွှေးရနံ့စုံတွေ အီ နောက်မနေပါ နေပါစေနဲ့။
အပေါင်းအသင်းတွေရှေ့ မှာ သင်က အတင်းအနိုင်ယူတာလည်း မလုပ်မိစေနဲ့။ ကို
ိုရွှေယောက်ျားတွေရဲ့  သဘာဝက လူရှေ့ သူရှေ့ မှာ သင်က သူ့ကို ဦးစားပေး၊ ရိုသေလေးစားပြမျိုး ကြိုက်တတ်လေရဲ့ ။ သူ့အသိုင်းအ၀ိုင်း ကြားမှာ သူ့ကိုသာသာ ထိုးထိုးလေး လေးစားပြလိုက် ရင်
အိမ်မှာ ဒါမှမဟုတ် သင်နဲ့သူ နှစ်ယောက်ထဲရှိချိန်မှာ ခိုင်းတော့ပဲ။ သင့်ကို ပိုချစ်လာတွေ့ရလိမ့်မယ်။

၆။သင်နဲ့သူနှစိဦးသား ဆုံကြတိုင်း သင်က သင့်အကြောင်း၊ သင့်သူငယ်ချင်းအကြောင်း (အလုပ်
လုပ်သူဆိုရင်) သင့်လုပ်ငန်းခွင်ကလုပ်ဖော်ကိုင်ဖက် အကြောင်းတွေကိုချည်း ပြောနေမိတက်ပါ
တယ်။သမီးရည်းစားအဖြစ်မှာ ဒါကပြသာနာမဟုတ်၊ ဒါပေမယ့် သင့်ကိုသူက စွဲလမ်းနေစေချင်ရင်
သူ့ချစ်သူရဲ့ အကြောင်းလေးတွေကို နားထောင်ချင်ကြောင်း ပြောပြပြီး ခဏလေးဖြစ်ဖြစ် အမြဲနား
ထောင်ပေးပါ။ သင့်ကို သူမပစ်နိုင်အောင် စွဲလမ်းနေတာ သင်ကိုယ်တွေ့ခံစားရပါလိမ့်မယ်။

၇။ကိစ္စသေးသေးကနေ ကိစ္စကြီးကြီးထိ မပူဆာနဲ့။ ချစ်သူဘ၀မှာ ပူဆာလို့ရဖူးတာကိုလည်း ထာဝရ
နည်းလမ်း လက်နက်သဖွယ် မသုံးပါနဲ့။ သင့်ချစ်သူ သင့်ကိုထာဝစဉ်အလိုလိုက်စေချင်ရင် နားပူတဲ့
နည်းနဲ့ ပြောင်းပြန်နားအေးစေတဲ့ ချိုချို သာသာပြောဆိုမှုကို သေချာလေ့ကျင့်သင့်သုံးကြည့်ပါ။
မိန်းကလေးဘ၀မှာ ၉၉ ယောက်လိုက်နာဖို့ခက်တဲ့နည်းဖြစ်နိုင်ပေးမယ့် နားဝင်ချိုအောင် သတိ
ထားပြီး ပြောနေသူတစ်ယောက် လိုတာရနေတာ သင့်ပတ်ဝန်းကျင်မှာ ရှိနေတယ်ဆိုတာ ယုံကြည်လိုက်ပါ။

၈။ကြာလာရင် အချစ်လျှော့တယ်ထင်တာ၊ အသက်ကြီးလာလို့ နုနု ပျိုပျိုလေးတွေ ကိုယ့်လူက အာ
ရုံကျနေလေမလား ထင်တာတွေ က သင့်ကို ပိုပြီးရင့်ရော်စေတဲ့ သင့်စိတ်က သင့်ကိုပေးနေတဲ့ ဒုက္ခတွေသာဖြစ်တယ်။ သင်က သာကြင်နာ ချိုသာ အလေးထား ဦးစားပေးတာတွေ မလျော့ရင်သူ
တို့ဘက်ကလည်း သသ့်အပြုအမူတွေနဲ့ တူမျှတာ ကိုပေးမှာအသေအချာပါ။

၉။ယောက်ျားလေးတွေက ယောက်ျားလေး အပေါင်း အဖော်ချင်း စာအုပ်အကြောင်း ၊ဘောလုံးပွဲ
အကြောင်း ရုပ်ရှင်မင်းသမီး(မြန်မာ /နိုင်ငံတစ်ကာ)အကြောင်း ပြောချင် တက်ကြတယ်၊မရေမရာ
အဖတ်မရ လို့ မတွေးဘဲ ရေနွေးကြမ်း နဲ့ လက်ဖက် သုတ်ပို့ပြီး ဝေးဝေး သွားနေလိုက်ပါ။သင်ဟာ
အဲ့ဒီလောက် နားလည်မှုကြီးမားသူဆိုရင် သင့်ချစ်သူ ဟာ သင်ကမောင်းထုတ်ရင်တောင် သင်မှသင်၊
ခေတ်ကာလ သီချင်းနဲ့ဆို မင်းမှ မင်းဘဲ ဖြစ်နေမှာ သေချာပြီပေါ့။


ကဲ ညီမလေး မမ ဒေါ်ဒေါ် တို့အားလုံး ဒီနည်းလမ်းလေးအတိုင်း အသုံးချကြည့်ပြီး ပျော်ရွှင် သယာ
စွာနဲ့ ဘ၀လေး ကိုဖြတ်သန်းနိုင်ကြပါစေနော်။

(မှတ်ချက်။ ။ ဖတ်ဖူးသော စာအုပ်တစ်အုပ်အားကိုးကားထားသည်။)



May 21, 2009

အချစ်စစ်



ဖတ်ခဲ့ဘူးတဲ့ စာလေးပါ အားလုံးအတွက်ဖော်ပြပေးလိုက်ပါတယ်


အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုး၊ ဘာသာ ကန့်သတ်မှု မရှိပါဘူး...။

(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။
နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ
ဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။

(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လို့
ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။

(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလား
ငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။

(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်... ထပါတော့
လူပျင်းလေးရယ်" လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။

(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
"တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်း
ဝယ်ခဲ့ဖို့ မမေ့နဲ့" လို့ နင် ရယ် ပြီး ပြောခဲ့တယ်။

(၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး" လို့ နင်
စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
သိုးမွှေးချည် ထိုးရင်း "တစ်ကယ်လား... နင့်စိတ်ထဲမှာ ငါ့ကို စောစော
သေစေချင်နေတယ် မဟုတ်လား" လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။

(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး... မြေးတွေတောင် ကြီးနေပြီ
အပြောက မက်တုန်း" လို့ ပြောခဲ့တယ်။

(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီး
လွန်ခဲ့တဲ့ အနှစ် ၅၀ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့
တွန့်ကြေနေတဲ့ လက်ကို ငါ ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။
အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့် နင့်မျက်နှာဟာ လှပနေဆဲပါ။

(၈၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
နင် လဲလှောင်းနေတယ်... ငါ ငိုနေတယ်။ နောက်ဆုံး တစ်ခွန်း နင်ပြောခဲ့တယ်။
"ငါ...နင့်...ကို.... ချစ်......တယ်"
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ...။

အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။

အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ လိုပါတယ်.....။

May 20, 2009

ရင်တွင်းဖြစ်



ရင်းတွင်းဖြစ်

နှင်းတွေဖွဲမဆုံး
မင်းချမ်းတုန်းက
အနွေးထည်လေး ဖြစ်ခဲ့တယ်


နွေနေပူမဆုံး
ချွေးပျံတုန်းက
ယပ်တောင်လေး
ဖြစ်ခဲ့တယ်


မိုးရွားမဆုံး
စိုရွှဲတုန်းက
ထီးကလေးတစ်ချောင်း
ဖြစ်ခဲ့တယ်။


မင်းကစိတ်ပြောင်း
အချစ်ဟောင်းကို
ပစ်ခွာရှောင်ထွက်

လမ်းခွဲရက်တောင်
နောက်ဆုံးအဖြစ်

ငါ့အချစ်ကို
ဖိနပ်အဖြစ်
ပေးလိုက်မယ်....။ ။

ဂျစ်တူး

Apr 3, 2009

ရင်တွင်းဆန္ဒ








ငါကိုင်ထားတဲ့ဘောပင်တစ်ချောင်း

ငါမပိုင်ပါလား..............

အရာအားလုံးကိုငါမပိုင်ပေမယ့်.

မဆုံးရှုံးချင်ဘူးနင်အပါအ၀င်ပေါ့

အချစ်ကိုဘာသာပြန်ဘို့လိုပါသလား......?

အသက်ရှူတိုင်းမှာနှုတ်ယူသွားတဲ့ငါ့အချစ်တွေ

မလေးမစားမလုပ်ပါနဲ့

ဘာကြောင့်လည်း................?

အကြောင်းပြချက်ပေးလှည့်ပါ

ငါလိုချင်တာ အချစ်တွေပါ

မတောင်းဆိုပါဘူး...ငါ့ဆန္ဒတွေထုတ်ပြတာပါ

နင်ထားတဲ့နေရာမှာ......ငါနေရမှာပေါ့

ဒါပေမယ့် ....ငါမကျေနပ်ဘူး

ငါမေ့လိုက်ချင်ပြီ.....ငါစိတ်ညစ်နေပြီ

ငါ့စိတ်ထဲနင်ရှိသလို

နင့်စိတ်ထဲငါရှိချင်တယ်

ရှယ်ယာမလိုဘူး...တန်းတူမလိုဘူး

နင့်အတွက်ငါသာမန်မိန်းကလေးမဖြစ်ချင်ဘူး ..။

ငါနမ်းရှိုက်ချင်တဲ့နင့်ရဲ့ပါးပြင်

ငါနဲ့သိပ်ကိုအလှမ်းကွားဝေးနေတယ်ဟာ

အပြုံးတစ်ပွင့်မှာမျက်ရည်စတွေနဲ့.............



မျှော်နေမိသူ

zwani.com myspace graphic comments

ငြိမ်သက်နေတဲ့

ကျွန်မနှလုံးသားဟာ

သူ့ ရဲ့မျက်ဝန်းတစ်စုံကြောင့်

နိုးထလာခဲ့ရတယ်

ကျွန်မစိတ်ကူးနဲ့အတွေးတွေထဲမှာ

အမြဲတမ်းနေရာယူပြီး

သူကစိုးမိုးထားပြန်တယ်

ကျွန်မနှလုံးသားကပြောတယ်

သူ့နှလုံးသားကို"ချစ်တယ်"တဲ့

သူ့နှလုံးသားကစကားသံလေးကို

ကျွန်မလေ...................။ ။


သူငယ်ချင်း

zwani.com myspace graphic comments




ခင်မင်မှု.........များစွာ

ရိုးသားမှု........များစွာ

ပွင့်လင်းမှု......မစွာ

နွေးထွေးမှု.....များစွာ

ကြင်နာမှု.......များစွာ

လေးစားမှု......များစွာ

အားကျမှု........များစွာ

ဆိုးမိုက်မှု.......များစွာ

မေတ္တာ...........များစွာ

အဲ့ဒါတွေနဲ့

ပျော်မွှေ့ခဲ့တဲ့.........

သူငယ်ချင်းဆိုတာလေ.................။ ။

Apr 1, 2009

ချစ်မိနေသူ





အချစ်ဆိုတာ

ငါ့အတွက်တော့

ကော်ဖီခါးခါး တစ်ခွက်လို

နင့်ကို ချစ်မိတော့ ...

ငါက အဲ့ဒီ ခါးသက်ချင်းတွေကို

ခံစား နေရတယ်

ချိုမြတဲ့အရသာကို

ခံစားဘို့ ငါ့အတွက်

နင့်ဘက်က

နို့ဆီလေး တစ်ဇွန်း

ပြန်မလာပါဘူး

အဲ့ဒါချစ်မိနေ တဲ့.....

......................

.......................

ငါ့ ဘ၀ ပေါ့...။ ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger