Mar 7, 2010

ကော်ဖီဆိုင်

လဲ့နေတဲ့ မျက်ဝန်းစုထားတဲ့ အလွမ်းအကြာကြီးထိုင်ပြီး မင်းကို ငေးမောတာဟာကိုယ်မင်းကို စားလိုက်တာပဲ"ရှင်လွန်ပြီနော် ကျွန်မမနေတတ်ဘူး"ဒီမှာ မျက်တောင်သာ ခတ်နေရရင်အချိန်တွေ နှမျောစရာ သိပ်ကောင်းသွားမှာပေါ့မင်းလက်ဖျားအောက်မှာ ရေခဲတုံးလေးတွေ တချွင်ချွင်ကော်ဖီပင်လယ်မှာ တငြိမ့်ငြိမ့်စီးမ၀ံ့မရဲ အကြည့်ဝဲထဲဟော မျက်လွှာချသွားရပြန်ပြီကိုယ့်အသက်ကို အေးအေးရှုစမ်းပါကွာမင်းကော်ဖီခွက်ကို ဘယ်ငနဲမှ စိတ်မ၀င်စားပါဘူးအမှောင်ဆိုပေမယ့် ယဉ်ကျေးသိမ်မွေ့တယ်အမည်းရောင်မဟုတ်ဘူးအ၀ါရောင်မင်းမျက်နှာပေါ်မှာတောင်မှိန်မှိန်လေး စိုရွှဲလို့ရေခဲတုံးလေးတွေမှာ မျက်ရည်ရှိတယ်အခု ဖန်ခွက်အပြင်ကို စိမ့်ထွက်နေကြပီနာရီထဲမှာ ကောင်မလေး စီးသွားမယ့် ရထားရှိတယ်ကိုယ့်မျက်နှာရဲ့ အတွင်းဘက်မှာလည်းရေခဲတုံးလေးတွေရှိတယ်ကော်ဖီဆိုင်မှာ...

Pages 41234 »
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger